မတ် ၂၄ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ရဲ့ နေရာတော်တော်များများမှာ ဒီကနေ့မနက်ကစပြီး အသံတိတ်သပိတ်အဖြစ် စျေးဆိုင်များပိတ်၊ အိမ်တံခါးများပိတ်ကာ လမ်းမတွေပေါ် လူသွားလူလာနည်းတာကို တွေ့ရပါတယ်။ မန္တလေးမြို့ဟာ အရင်ရက်တွေက ဆန္ဒဖော်ထုတ်သူတွေ စျေးရောင်းစျေး၀ယ်သွားတဲ့သူတွေ ၀န်ထမ်းတွေအလုပ်သွား၊အလုပ်ပြန်နေတဲ့သူတွေနဲ့ စည်းကားနေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒီကနေ့မှာတော့ ပင်စင်လစာထုတ်သူနဲ့ မဖြစ်မနေသွားရမယ့်သူတွေသာ သွားလာနေတာကိုလည်း တွေ့ရပါတယ်။ #voiceofmyanmar #VOM #မန္တလေး
Read MoreMonth: March 2021
ပုသိမ်မြို့ရဲ့အသံတိတ်သပိတ်မြင်ကွင်း
မတ် ၂၄-၂၀၂၁ KA ပုသိမ်မြို့မှာ ဒီနေ့ မတ် ၂၄ ရက် မနက်ပိုင်းက စတင်ပြီးအသံတိတ်သပိတ်ကိုပြုလုပ်နေပြီးလူသွားလူလာနည်းပါးနေတာကိုမြင်တွေ့ရပါတယ်။ ဧရာ၀တီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပုသိမ်မြို့ဟာ နေ့စဥ်လူသွားလူလာ စည်ကားနေပေမယ့် ဒီနေ့မှာ ဈေးတစ်ချို့နဲ့ဆိုင်တွေပိတ်ထားပြီး မဖြစ်မနေသွားလာသူတစ်ချို့သာရှိတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #အသံတိတ်သပိတ်
Read Moreမုံရွာမြို့ရဲ့ အသံတိတ် သပိတ်နဲ့ အသံတိတ် မြင်ကွင်းများ
မတ် ၂၄ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက် စီးပွားရေးဇုန် ဒေသတစ်ခုဖြစ်သလို ချင်းတွင်း ကုန်သွယ်ရေးရဲ့ စျေးကွက် တံခါးဝလည်းဖြစ်ပါတယ်။ ကုန်စည်ဖလှယ်တာတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ နေ့စဥ်လိုလို လူသွား လူလာစည်ကားခဲ့တဲ့ မုံရွာမြို့ဟာ ဒီကနေ့ မတ် ၂၄ ရက်မှာတော့ အသံတိတ် သပိတ် ဆန္ဒတစ်ရပ်အဖြစ် စျေးကြီးတွေနဲ့ စက်ရုံ အလုပ်ရုံတွေပိတ်ထားတာကို ဖော်ပြပါ ဓာတ်ပုံတွေအတိုင်း မြင်တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #အသံတိတ်သပိတ်
Read Moreလားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက်
မတ်လ ၂၃ – ၂၀၂၁ Shayi Violin(VOM) လားရှိုးမှာ ဆိုင်ကယ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ လိုက်တိုက်တာ ခံရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။ သပိတ်စစ်ကြောင်းမှာပါ၀င်တဲ့ အမည်မဖော်လိုသူ တစ်ဦးက “သုံးထောင့်နားမှာ ရဲကားတွေက ရှေ့ကနေ ပြောင်းပြန် ပိတ်ထားတာ။ နောက်ကနေ Wish ကားက ဆိုင်ကယ်သပိတ်မှာ ပါဝင်တဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်စီးတဲ့ သူ ၂ ယောက်ကိုလည်း ဖမ်းမလို့။ ရပ်ကွက်ထဲ ပြေးသွားလို့ မမိဘူး။ အရပ်ဝတ်နဲ့ လူက သေနတ်ပါတယ်။ ဆိုင်ကယ်လည်း သူတို့ ယူသွားတယ်” လို့ ပြောပါတယ်။ ရဲနဲ့ စစ်တပ်က လိုက်လံ ပိတ်ဆို့ဖမ်းဆီးပြီး အသံဗုံး၊ မျက်ရည်ယိုဗုံးတို့နဲ့ ဖြိုခွင်းတာတွေကြောင့် ဆိုင်ကယ် အင်အား…
Read Moreနိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်နေပေမယ့် မန္တလေးမြို့တော်သင်္ကြန်အတွက် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်
မန္တလေး၊ မတ်- ၂၃- ၂၀၂၁ (VOICE OF MYANMAR) မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေရှိနေသလို နီးကပ်လာတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် မန္တလေးမြို့ တော်စည်ပင်သာယာရုံးမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ရိုးရာသင်္ကြန် #ဆန္ဒပြ #ဗဟိုမဏ္ဍာပ်
Read Moreလားရှိုးမြို့ တပ်အငြိမ်းစားနေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား
မတ်လ ၂၃ -၂၀၂၁ Shayi Violin ၊ TG (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် (၁) ၊နယ်မြေအမှတ် (၉) ၊ လမ်းသွယ် (၉)မှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က တပ်အငြိမ်းစားတစ်ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ယောက်က ” ညနေ ၃ နာရီလောက်က ၁ ကြိမ် အသံကြားတယ် ၊ နောက်ပြီး နာရီခြားလို့ ၄ နာရီလောက်မှာ ၁ ကြိမ်ထပ်ကြားရပြန်တယ် ရက်ကွက် ၁ ထဲက စစ်ပြန် အငြိမ်းစားအိမ်မှာဖြစ်တယ်လို့ ကြားရတယ်”လို့ ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်နဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ပေါက်ကွဲပြီးနောက် မိနစ်ပိုင်းအတွင်းမှာ ထိန်းချုပ်လိုက်ပြီး…
Read Moreမန္တလေးမြို့ ၂၂လမ်း ထိုင်သပိတ်မှာ ဖမ်းဆီးခံခဲ့ရသူ ၃၀ကျော်ကို ပြန်လွှတ်ပေး
မတ် ၂၃ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနဲ့ ၈၆လမ်း ထိုင်သပိတ်မှာ ဖမ်းခံရတဲ့ လူ ၈၀ ကျော်ထဲကနေ ဒီနေ့ညနေပိုင်းမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးက မိဘတွေရဲ့ခံဝန်နဲ့ ၃၆ ယောက်ကို ပြန်လွှတ်ပေးနေပါတယ်။ ဖမ်းဆီခံရတဲ့ထဲကနေ အသက်မပြည့်သူ၈ ဦးကို မတ်လ ၈ ရက်က လွှတ်ပေးပြီး မတ်လ ၁၂ ရက်ကလည်း ၂၆ ယောက်လွှတ်ပေးခဲ့ပါသေးတယ်။ ကျန်သူတွေကိုတော့ ဘာဆက်လုပ်မယ်မသိရသေးပါဘူး။ #voiceofmyanmar #VOM #မန္တလေးတိုင်းရဲတပ်ဖွဲ့
Read Moreဖမ်းဆီးခံရသူအားလုံးကို အင်းစိန်ထောင်တွင်း ယာယီတရားရုံးမှာပဲ အမှုစစ်ဆေးမယ်
ရန်ကုန်၊မတ် ၂၃ ၊၂၀၂၁ အေးချမ်းသူ ရန်ကုန်မြို့နယ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းသမားတွေအပါအဝင် ဖမ်းဆီးခံရသူတွေအားလုံးကို မနက်ဖန် မတ် ၂၄ ရက်ကစပြီး အင်းစိန်ထောင်တွင်း ယာယီတရားရုံးတွေမှာပဲ စစ်ဆေးသွားမယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို အခမဲ့အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေဒေါ်နီလာခိုင်က “မနက်ဖြန်ကစပြီး ဖမ်းဆီးခံရသူတွေကို ထောင်တွင်းမှာ စစ်ဆေးမယ် ဒီနေ့ကျွန်မတို့ကိုတရားသူကြီးတွေက ခေါ်ပြောတယ်။ စစ်ခုံရုံးတော့မဟုတ်ဘူး။ ယာယီတရားရုံးပဲ၊ အပြင်ထုတ်ဖို့ မလွယ်လို့” လို့ VOMကို ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးမှာ အမှုစစ်ဆေးရာမှာ အမှုတစ်မှုကို ရှေ့နေတစ်ဦးသာ ဝင်ရောက်ရမှာဖြစ်ပြီး ခွင့်ပြုထားတဲ့ တရားသူကြီးလက်မှတ်လည်း ပါရှိမယ်လို့ ဆက်ပြောပါတယ်။ န.စ.အ ကောင်စီလက်ထက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို အမှုဖြစ်ပွါးရာမြို့နယ်တွေက တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် မတ်လ၂၄ရက်နေ့မှစတင်ပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာသာ စစ်ဆေးဖို့ ဒီနေ့ မတ် ၂၃ ရက်မှာ…
Read Moreဒီနေ့ နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့ မန္တလေးမြို့ အောင်မြေသာစံ ပညာရေးသပိတ်
မတ် ၂၃-၂၀၂၁ WHM #VoiceOfMyanmar #VOM #အောင်မြေသာစံ #ပညာရေးသပိတ်
Read Moreသင်းကန်သစ်တောစခန်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သက်သေခံပစ္စည်းတွေ လုယက်ခံရ
မတ် ၂၃ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ -ယာကြီး -ကလေးဝ ကားလမ်းရှိ သင်ကန်သစ်တောစခန်းက အမှုနဲ့သိမ်းဆည်းထားတဲ့ ကား ၊ ဆိုင်ကယ် နဲ့ သစ်တွေကို မနေ့ မတ် ၂၂ ရက် ည ၁၀ ဝန်းကျင်မှာ လုယက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ သစ်တောဝန်ထမ်း တစ်ယောက်က ” လူ ၁ ရာလောက်က စခန်းကို လာဝိုင်းတယ် ၊အမှုနဲ့ ဖမ်းထားတဲ့ ကင်တာကား ၂ စီး အပါအဝင် ဆိုင်ကယ်တွေနဲ့ သစ်တွေကိုပါ ယူသွားကြတယ်. ” လို့ ပြောပါတယ် ။ ဒါ့အပြင် သစ်တောစခန်း ပျက်စီးဆုံးရှုံးမှုနဲ့ လုယက်ယူသွားတဲ့ ပစ္စည်းအရေအတွက်စာရင်းကို ဒီကနေ့…
Read More