မုံရွာမြို့ရဲ့ အသံတိတ် သပိတ်နဲ့ အသံတိတ် မြင်ကွင်းများ

မတ် ၂၄ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက် စီးပွားရေးဇုန် ဒေသတစ်ခုဖြစ်သလို ချင်းတွင်း ကုန်သွယ်ရေးရဲ့ စျေးကွက် တံခါးဝလည်းဖြစ်ပါတယ်။

ကုန်စည်ဖလှယ်တာတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ နေ့စဥ်လိုလို လူသွား လူလာစည်ကားခဲ့တဲ့ မုံရွာမြို့ဟာ ဒီကနေ့ မတ် ၂၄ ရက်မှာတော့ အသံတိတ် သပိတ် ဆန္ဒတစ်ရပ်အဖြစ် စျေးကြီးတွေနဲ့ စက်ရုံ အလုပ်ရုံတွေပိတ်ထားတာကို ဖော်ပြပါ ဓာတ်ပုံတွေအတိုင်း မြင်တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #အသံတိတ်သပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW