ဒိုက်ဦးမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

မတ် ၂၂-၂၀၂၁ KLY ဒိုက်ဦးမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများက ဒီနေ့ မတ်၂၂ ရက် မနက် ၈နာရီခန့်က စတင်ပြီးမြို့တွင်းစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ “လူဦးရေ ငါးရာကျော်ရှိပြီး CDM သမားတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေ ပါဝင်ဆန္ဒပြခဲ့ကြတာပါ “လို့ ပါဝင်သူတစ်ဦးက ပြောပြပါတယ်။ ဓါတ်ပုံ – ကျော်သူ #VoiceOfMyanmar #VOM #ဒိုက်ဦး #ဆန္ဒပြ

Read More

မတ္ထရာ စကျင်ရွာမှ လူ(၄၀)ကျော် ဖမ်းဆီးခံရ

မတ်-၂၁ -၂၀၂၁ ZMH မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ မေလ ၂၁ နေ့မနက် ၁၁ နာရီခန့်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စကျင်ရွာသား(၄၀)ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ် ။ “စကျင်ရွာမှာ ညသပိတ်လုပ်တာအပြင် လက်လုပ် လေသေနတ်လုပ်တယ်ဆိုပြီး သတင်းအမှားပေးခံရတာကြောင့် အဲဒီသတင်းပေးခံရတဲ့အိမ်က ယောင်္ကျားမမိလို့ သူ့အမျိုးသမီးကိုဖမ်းသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ရွာအဝင်ထိပ်မှာ ရွာဦးကျောင်း ဆရာတော်အပါအဝင် ရွာသားတွေက မေတ္တာရပ်ခံ တားမြစ်ကြပေမယ့် ပစ်ခတ်ဖြိုခွဲပြီး ဖမ်းဆီးခဲ့တာလို့ ရွာသားတွေက ပြောပါတယ် ။ နေအိမ်တွေကိုတခါးတွေရိုက်ချိုးဖျက်ဆီးပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီးcdmလှုပ်ရှားမှုမှာပါဝင်တဲ့ စကျင် ကျေးရွာ အထက ကျောင်းက အလယ်တန်းပြဆရာမတဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိရတဲ့ရွာသားတွေက ပြောပါတယ် ။ ” ဒီရွာက အလယ်တန်းပြဆရာမတယောက်ကို ရိုက်နှက်ပြီးခေါ်သွားတယ် ။ ဖမ်းထားတဲ့ လူတွေကိုလည်း မှောက်လျားထိုးခိုင်းထားတယ်။…

Read More

ကျွန်းလှမြို့ရဲ့ ဒီကနေ့ ဆန္ဒထုတ်ဖော်မှု

မတ် ၂၂ -၂၀၂၁ ဓါတ်ပုံ – ကိုအောင်နိမိတ် ကျွန်းလှမြို့နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသား/သူတွေနဲ့ အခြေခံပညာရေးကျောင်းသား/သူတွေဟာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဒီနေ့ မတ် ၂၂ ရက် မနက် (၉)နာရီချိန်က ကျွန်းလှမြို့တပတ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ကျွန်းလှ #သပိတ်

Read More

မန္တလေးမြို့ သံဃာမဲ့သပိတ်

မတ် ၂၂ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ သံဃသမဂ္ဂသပိတ်စစ်ကြောင်ရဲ့ သံဃာမဲ့သပိတ်ကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #သံဃာမဲ့သပိတ်

Read More

မန္တလေးမှာ ညပိုင်းအချိန် ပစ်ခတ်မှုတွေကြောင့် လူ ၃ ဦးကျဆုံး

မန္တလေး၊ မတ် ၂၂- ၂၀၂၁ (VOICE OF MYANMAR) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော် ဘွယ်ရပ်ကွက်အတွင်းကို မတ်လ ၂၁ ရက်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၃ ဦး ကျည်ဆံမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ စီယာတိုင် လ္ဘက်ရည်ဆိုင်မှာ အလုပ်လာရောက်လုပ် ကိုင်တာ ၂ ရက်သာရှိသေးတဲ့ ကိုဇော်မျိုးထက် ၊ အသက် ၁၆ နှစ်ကတော့ ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်သေဆုံးသူကတော့ ပြည်ကြီးပျော်ဘွယ်ရပ် ကွက်မှာ နေထိုင်တဲ့ ကိုဇော်မျိုးဦး အသက်၄၄ နှစ်ရဲ့လည်ပင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာဖြစ်ပြီး ရုပ်အလောင်းက်ုတော့ ပြန်မရသေးဘူးလို့ သိရပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်မှာပဲ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကိုဖြိုးမောက်မောင်ဖြစ်ပြီး ညာဘက်ခြေထောက်ကို ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ရတာဖြစ်တယ်လို့…

Read More

မြစ်ကြီးနားက ဆန္ဒပြသပိတ်အဖွဲ့ကို ရဲနှင့်စစ်သားတွေ လိုက်လံဖြိုခွဲ

မတ် ၂၂-၂၀၂၁ VOM မြစ်ကြီးနားမြို ၊ စံပြလမ်းမှာ မတ်လ ၂၂ ရက် မနက်က လူငယ်တွေ အာဏာသိမ်းမှုကန့်ကွက်ဆန္ဒထုတ်ဖော်တာကို ရဲနဲ့ စစ်သားတွေက လိုက်လံဖြိုခွဲလို့ လူစုကွဲခဲ့ပါတယ်။ အဲ့ဒါအပြင် တပင်ရွှေထီးလမ်း ၊ အထက ၂ က စထွက်လာတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကိုလည်း ရဲနဲ့ စစ်သားတွေက လိုက်လံပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၂ ရက် နံနက်ပိုင်းမှာ သပိတ်စစ်ကြောင်း လူစုခွဲတာနဲ့အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ ရဲကား ၂ စီးနဲ့ ပတ်ပြီး စစ်ဆေးနေတာနဲ့ ဝက်ကုန်းဈေးမှာ စစ်သားတွေ ဝင်လာလို့ ဈေးဝယ်သူတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရကြောင်းကို ” ဈေးထဲမှာ ငါးဝယ်နေတုန်း စစ်သားတွေဝင်လာတော့ ပြေးလာတဲ့ တစ်ယောက်က အစ်မ ပြေးပြေး ပေါ်တာဆွဲနေပြီလို့ ပြောတာနဲ့ ကိုယ်လည်း ထွက်ပြေးခဲ့ရတာ ”…

Read More

ပဲခူးမှာ ကျဆုံးခဲ့သူ အဝတ်လျှော်အမျိုးသမီးရဲ့လူမမယ်မိသားစုဝင်တွေအတွက် လှူဒါန်းငွေ ကျပ်သိန်းသုံးရာကျော် ရရှိထား

မတ် ၂၂-၂၀၂၁ KLY(VOM) ပဲခူးတိုင်း ပဲခူးမြို့နယ်ထဲမှာမတ်လ ၁၄ ရက်နေ့က စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အဝတ်လျှော်သည် အမျိုးသမီးရဲ့ကျန်ရစ်သူ လူမမယ် မိသားစုဝင် ၃ ဦးအတွက် အများပြည်သူလှူဒါန်းငွေ ကျပ်သိန်းပေါင်း သုံးရာကျော်ရရှိထားတယ်လို့ မိသားစုကိုကူညီပေးနေသူဆီက သိရပါတယ်။ ကိုလေးနိုင်က “လတ်တစ်လောတွေးထားတာ သိန်း၇၀လောက်တန်တဲ့ အိမ်ခြံ ၃ ခုလောက်သူတို့နာမည်နဲ့ဝယ်ပေးထားရင် တစ်လနှစ်သိန်းလောက်ရမယ်။ဒါဆိုရေရှည်ရပ်တည်နိုင်သလို ပညာရေးအတွက်ကျန်ငွေကို တခြားလုပ်ကိုင်ပေးထားလို့ရမယ်မျှော်လင့်တယ်။ ဝိုင်းလည်းအကြံပေးကြပါ” လို့ ပြောပါတယ်။ ပဲခူးမြို့နယ်မှာ ဆန္ဒပြသူတွေကိုဖြိုခွဲချိန် သေနတ်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတဲ့ အိန္ဒိယနွယ်ဖွား တမဲလ်အမျိုးသမီး ဒေါ်တင်တင်ဝင်း (ခ)မစန္ဒီးမား(၃၈ နှစ်)ဟာ အခင်းဖြစ်နေ့က အလုပ်သိမ်းပြီး ဘူတာဂုံးတံတားအောက် ဖြတ်လာချိန်သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး မတ်လ၂၀ ရက်မှာဓလေ့ထုံးစံအတိုင်း မီးသင်္ဂြိုလ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ ကျန်ရစ်တဲ့ သားသမီး သုံးဦးမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊အသက် ၇ နှစ်အရွယ်နှစ်တန်းကျောင်းသားနဲ့ အသက်…

Read More

ရန်ကုန်မြို့ ဆူးလေလမ်းမကြီးပေါ်မှာ ဒီနေ့ မနက်ပိုင်းက ဟွန်းတီးခြင်း၊ လက်သုံးချောင်းထောင်ခြင်းတို့နဲ့ ကားသပိတ်ပြုလုပ်ခဲ့ပါတယ်။

မတ် ၂၂-၂၀၂၁ MHS #VoiceOfMyanmar #VOM #ကားသပိတ်

Read More

အိန္ဒိယရောက် မြန်မာတွေ တရားဝင် ခိုလှုံနေထိုင်ခွင့်ရဖို့ မီဇိုရမ်းပြည်သူတွေ ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်နေ

မတ် ၂၂ -၂၀၂၁ ကိုတိုးကြီး(VOM) ဒီနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း အချိန်ကစလို့ မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် ထဲကို နေ့စဥ်လိုလို အလွှာအတန်းမျိုးစုံက မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတယ်လို့ မီဇိုရမ်း ပြည်နယ် အစိုးရ ရဲဌာနနဲ့ အိမ်ရာဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ မနေ့ မတ် ၂၁ ရက် တနဂ်နွေနေ့ အထိဆိုရင် လူပေါင်း ၁ ထောင်နီးပါးရှိနေပြီ ဝင်ရောက်နေဆဲကာလ ဖြစ်တဲ့အတွက် သူတို့ရဲ့ လူကျင့်ဝတ် သိက္ခာနဲ့အညီ နေထိုင်ခိုလှုံခွင့် တရားဝင် ရရှိနိုင်ဖို့ မီဇိုရမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ (Zoramtjanga ) ဦးဆောင်တဲ့ အဖွဲ့က…

Read More

ရုံးတက်ဖို့ဖိအားပေးလို့ တိုင်းပညာရေး၀န်ထမ်းတွေ နုတ်ထွက်စာတင်

မတ် ၂၂-၂၀၂၁ KA ဧရာ၀တီတိုင်းပညာရေးမှူးရုံးက ဆရာ၊ဆရာမတွေအပါအ၀င် ဝန်ထမ်း၄၀ဦးဟာ တာ၀န်ထမ်းဆောင်လိုခြင်း မရှိတော့လို့ဆိုပြီး မတ် ၂၂ ရက် ရက်စွဲနဲ့ နုတ်ထွက်စာတင်ခဲ့ပါတယ်။ ဒီနေ့ မတ် ၂၂ ရက် နောက်ဆုံးထားပြီး ရုံးနဲ့ ပညာရေးသင်တန်းတွေတက်ဖို့ ဖိအားပေးလာတာကြောင့် ခုလိုနုတ်ထွက်တာလို့ ပညာရေးရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။ CDMလုပ်နေတဲ့သူတွေ နုတ်ထွက်စာတင်ကြတာဖြစ်ပြီး ရုံးမဖြစ်မနေပြန်တက်ဖို့နဲ့ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေး ပြုလုပ်အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း သူကပြောပါတယ်။ နုတ်ထွက်စာတင်ခဲ့တဲ့ တိုင်းပညာရေးမှူးရုံးက ဝန်ထမ်း ၄၀ ဦးမှာ ဦးစီးမှူး၊ လက်ထောက် ဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး စတဲ့ ရာထူးတာဝန်ယူထားရတဲ့ ဝန်ထမ်းတွေပါဝင်ပါတယ်။ #VoiceOfMyanmar #VOM #တိုင်ပညာရေးဝန်ထမ်း #နုတ်ထွက်

Read More
VOM News

FREE
VIEW