မြစ်ကြီးနားက ဆန္ဒပြသပိတ်အဖွဲ့ကို ရဲနှင့်စစ်သားတွေ လိုက်လံဖြိုခွဲ

မတ် ၂၂-၂၀၂၁
VOM

မြစ်ကြီးနားမြို ၊ စံပြလမ်းမှာ မတ်လ ၂၂ ရက် မနက်က လူငယ်တွေ အာဏာသိမ်းမှုကန့်ကွက်ဆန္ဒထုတ်ဖော်တာကို ရဲနဲ့ စစ်သားတွေက လိုက်လံဖြိုခွဲလို့ လူစုကွဲခဲ့ပါတယ်။ အဲ့ဒါအပြင် တပင်ရွှေထီးလမ်း ၊ အထက ၂ က စထွက်လာတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကိုလည်း ရဲနဲ့ စစ်သားတွေက လိုက်လံပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက် နံနက်ပိုင်းမှာ သပိတ်စစ်ကြောင်း လူစုခွဲတာနဲ့အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ ရဲကား ၂ စီးနဲ့ ပတ်ပြီး စစ်ဆေးနေတာနဲ့ ဝက်ကုန်းဈေးမှာ စစ်သားတွေ ဝင်လာလို့ ဈေးဝယ်သူတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရကြောင်းကို ” ဈေးထဲမှာ ငါးဝယ်နေတုန်း စစ်သားတွေဝင်လာတော့ ပြေးလာတဲ့ တစ်ယောက်က အစ်မ ပြေးပြေး ပေါ်တာဆွဲနေပြီလို့ ပြောတာနဲ့ ကိုယ်လည်း ထွက်ပြေးခဲ့ရတာ ” လို့ ကိုယ်တွေ့ကြုံခဲ့ရသူကပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ၂၂၂၂၂ တစ်လပြည့် အဖြစ် လူထုလမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ လူစုနေစဉ်မှာ လိုက်လံဖြိုခွင်းနေတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ဆန္ဒပြသပိတ်ကို ရဲနဲ့ စစ်သားတွေက ဖြိုခွင်းရာမှာ လူ ၂ ဦး ဦးခေါင်းကျည်ထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း လူအင်အားများတဲ့ သပိတ်တွေအစား လူငယ်တွေဟာ ပုံစံပြောင်းပြီး ပြောက်ကြားသပိတ်၊ ဆိုင်ကယ်သပိတ် ၊ စတစ်ကာကမ်ပိန်း၊ ရေမျှောသပိတ် ၊ ည သပိတ် ၊ လူမဲ့သပိတ်နဲ့ ဆုတောင်းပွဲစတာတွေနဲ့ ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မြစ်ကြီးနား #ဖြိုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW