မန္တလေး၊ မတ်- ၁၇-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး
Read MoreMonth: March 2021
တောင်ငူဆန္ဒပြစစ်ကြောင်း မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပေမယ့် မြို့အနှံ့ ဆက်လက်ဆန္ဒဖော်ထုတ်
မတ် ၁၇-၂၀၂၁ KLY(VOM) တောင်ငူမြို့ လူငယ်သပိတ်စစ်ကြောင်းကို ဒီနေ့ မတ် ၁၇ရက် မနက် ၁၀ နာရီလောက်က ကန်လမ်းနဲ့နံပါတ် ၁ လမ်းထောင့်မှာ တပ်နဲ့ရဲကမျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြုပြီး လူစုခွဲခဲ့ပေမယ့် ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “သပိတ်စစ်ကြောင်းကို မြို့ထဲအရောက်ဖြိုခွဲခံရတာပါ။”ဒါပေမယ့် စစ်ကြောင်းကိုအကွဲမခံဘဲ ဆက်လက်ချီတက်ဆန္ဒဖော်ထုတ် နိုင်ခဲ့ပါတယ်” လို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပြပါတယ်။ ဒီနေ့ တောင်ငူ သပိတ်စစ်ကြောင်းကို အဲ့ဒီတကြိမ်သာ ဖြိုခွဲခဲ့ပြီး နောက်ကလိုက်ကာ ပစ်ခတ်ဖြိုခွဲမှု မလုပ်တော့ဘဲ စစ်ကြောင်းကွဲပြီး နေအိမ်ပြန်မယ့် လူငယ်တွေကို လူသိများတဲ့လမ်းမကြီးတွေနဲ့ မြို့အဝင်အထွက် ပေါက်တွေမှာ ဆိုင်ကယ်ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေတာပဲလုပ်တော့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #အသံဗုံး #လူစုခွဲ
Read Moreကောလင်းမြို့နယ်မှာ ရဲကင်းစခန်းကို ဝင်စီးလို့ ရဲတချို့ဒဏ်ရာရပြီး ထွက်ပြေးတိမ်းရှောင်
မတ် ၁၇ ၊ ၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာကျေးရွာ ခံသာရဲကင်းစခန်းကို မနေ့ မတ် ၁၆ ရက် နေ့ခင်း ၁ နာရီမှာ လူအင်အား ၃ ရာလောက်ရှိတဲ့ လူစုလူဝေးက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲတပ်ဝင်တချို့ ဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ခံသာကျေးရွာခံ မျက်မြင်တွေ့သူတစ်ဦးဆီက သိရပါတယ်။ “မနက်ပိုင်းက ကောလင်းမြို့ပေါ်မှာ ဆန္ဒပြ သပိတ်အဖွဲ့ကို ပစ်ခတ်တာတွေဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ခံသာရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ကျော်ဇေလင်း ပါတယ်ဆိုပြီး အထင်နဲ့ လူတွေက အဲ့ဒီ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းကြတာဖြစ်တယ်” လို့ ခံသာကျေးရွာဒေသခံ တစ်ယောက်က VOM ကိုပြောပါတယ်။ အဲ့ဒီ ရဲကင်းစခန်းကို လူစုလူဝေးက ဝင်ရောက်စီးနင်းတဲ့ဖြစ်စဥ်ကြောင့် ယာယီခေတ္တ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး စိန်လှဆိုသူမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိပြီး ရဲဒုတပ်ကြပ်…
Read Moreချောင်းဦး ညသပိတ်ဖြိုခွဲရာမှာ သေနတ်ထိမှန်လို့ ဒဏ်ရာရသူတွေနဲ့ သေဆုံးတာတွေရှိ
မတ် ၁၇-၂၀၂၁ KTG(VOM) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်းဦးတောင်ရပ်ကွက်၊ အုတ်ကျောင်းလမ်း၊ အုတ်ကျောင်းရှေ့နေရာမှာ မနေ့ မတ် ၁၆ ရက်ည ၇ နာရီက ဆန္ဒပြညသပိတ် ကို ရဲနဲ့စစ်တပ်ပါဝင်တဲ့ လုံခြုံရေးအဖွဲ့က ဖြိုခွဲရာမှာ သေနတ်ထိမှန် ဒဏ်ရာရ သေဆုံးသူတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့ခံဆီကနေ သိရပါတယ်။ “ဦးခေါင်း သေနတ်ထိမှန် ဒဏ်ရာနဲ့ ကိုကျော်ခိုင် အသက် (၄၅) နှစ်ကတော့ နေရာမှာတင် ကျဆုံးခဲ့တယ် ၊သေနတ်ထိမှန် ဒဏ်ရာရ ၂ ဦးရှိတယ် ၊ ရိုက်နှက်ခံရသူကတော့ လေးငါးယောက်ထက်မနည်းရှိတာ”လို့ ချောင်းဦးမြို့ခံ တစ်ယောက်က VOM ကိုပြောပါတယ်။ ဆန္ဒပြ ဆီမီးထွန်း ညသပိတ်နဲ့ ပတ်သက်လို့ ချောင်းဦးတောင် ရဲလှေရပ်ကွက်ထဲက ကိုကျော်ရဲအောင်၊ငချစ်(ခ)ကိုကိုချစ်နဲ့ ကိုမြင့်ကျော်စိုး ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ည ၁၂ နာရီ…
Read More၂၅ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို တောင်တွင်းကြီးကပေါက်သူ ထုတ်ယူသွား
ရန်ကုန် မတ် ၁၆ . ၂၀၂၁ ယဉ်ပပထွန်း ( VOM) ၂၅ ကြိမ်မြောက် သိန်းတစ်သောင်းခွဲကို တောင်တွင်းကြီးမြို့ပေါ်က ဆွတ်ခူးသွားတဲ့အတွက် ဒီနေ့လာရောက်ထုတ်ယူသွားတယ်လို့ အေင်ဘာလေသိန်းဆုဌာနခွဲက သိရပါတယ် ။ ” ထီပေါက်တဲ့ဆုငွေတွေကို ဒီနေ့မနက်ကစပြီးထုတ်ပေးနေတာပါ ။သိန်းတစ်သောင်းခွဲကို ဒီနေ့မနက်ကပဲ တောင်တွင်းကြီးက ပေါက်သွားလို့ ရုံးကိုလာရောက်ထုတ်ယူသွားပါပြီ၊ ဒီတပတ်လည်း ဆုငွေတွေကလျော့မနည်းသွားပါဘူး ။ အရင်လတွေကလို ပုံမှန်အတိုင်းဖွင့်ပေးတာပါ ။သတင်းစာတွထဲမှာ ကြည့်ကြည့်ပါ ပုံမှန်အတိုင်းပါပဲ “လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က VOM ကိုပြောပါတယ် ။ ၂၀၂၁ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် လတွေမှာရောင်းချနေတဲ့ ၂၄ ၊ ၂၅ ၊ ၂၆ ကြိမ်မြောက်အောင်ဘာလေထီစာအုပ်တွေရဲ့လုံခြုံမူအရည်အသွေးပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီးတေ့ာ လုံခြုံရေးနဲ့ဆိုင်တဲ့ ညွှန်ကြားရေးမှူးရုံး ( ဝါဇီ) ထီလက်မှတ်တွေရဲ့အောက်ခံအရောင်ကို အစိမ်းနုရောင်အဖြစ်နဲ့ထုတ်ဝေရောင်းချမူတွေပြုလုပ်ခဲ့ပြီးနောက်…
Read Moreပုသိမ်မှာ ကျည်ထိမှန် ကျဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးရဲ့စျာပနကို ဒေသခံထောင်နဲ့ချီ လိုက်ပါပို့ဆောင်
မတ်၊ ၁၆ -၂၀၂၁ KA ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်မှာ ကျည်ထိမှန် ကျဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားနဲ့ ၃၉နှစ်အရွယ်အမျိုးသားတို့ရဲ့ စျာပနကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သေနတ်ကျည်မှန်လို့ ကျဆုံးခဲ့တဲ့ ဟိန်းထက်အောင် (ခ) အူဝဲ အသက် (၁၇)နှစ်ကို သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းသက်ထိုက် အသက်၃၉နှစ်ကိုတော့ ဘုရားကြီးကုန်းကျေးရွာသုဿာန်မှာမြေမြုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဈာပနကို ဒေသခံထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #ပုသိမ် #ကျည်ထိမှန်သေဆုံးသူ၂ဦး #စျာပန
Read Moreရွှေပြည်သာ ဆန္ဒပြသပိတ်မှာ သေဆုံးခဲ့တဲ့ လူငယ် ၅ ဦးကို ဒီကနေ့သင်္ဂြိုဟ်
မတ်၊ ၁၆ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဆန္ဒပြပွဲဖြိုခွင်းမှာ ကျည်ဆန်ထံမှန် သေဆုံးခဲ့ရတဲ့ လူငယ်၅ဦးကို ဒီကနေ့နေ့လယ်ပိုင်းက ကျူချောင်းသုဿာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံများဆီကနေ သိရပါတယ်။ “သေတဲ့သူတွေထဲမှာ လှိုင်းဂျက်မောင်နဲ့ကျော်ဇေယျာထွန်း အငယ်ဆုံးပဲ၊ လှိုင်းဂျက်မောင်က ကိုးတန်းတက်နေတုန်းပဲရှိသေးတယ်”လို့ သေဆုံးသူနေထိုင်ရာ အမှတ်၁ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောပါတယ်။ ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၄ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုဖြစ်စဥ်အတွင်း အသက်၁၇နှစ်အရွယ်ရှိ ကျော် ဇေယျာထွန်း၊ အသက် ၁၆နှစ်အရွယ်ရှိ လှိုင်းဂျက် မောင်တို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မောင်ထက်ကို(ခ)ထက်လင်းအောင်(၂၁)နှစ်၊ကိုဖြိုးဇော်လင်း ၃၅နှစ်နဲ့ အလုပ်သမားသမ္ဂဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ကိုဇော်ဇော်ထွေးတို့့လည်း သေဆုံးခဲ့ပါတယ်။ ” သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ဆေးရုံကနေ သွားထုတ်ရတာပါ ပြီးမှကျူချောင်သုသာန်ကို ပို့ပြီးသဂြိုလ်ရတာ”လို့ ရွှေပြည်သာ ၁၀ရပ်ကွက်နေသူတစ်ဦး က ပြောပါတယ်။ နစခ ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်း ရွှေပြည်သာမြို့နယ်မှာ ဆန္ဒပြမှုဖြစ်စဥ်တွေအတွင်း လက်ရှိအခြေအနေထိ လူ၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့…
Read Moreမြစ်ဆုံအထက်ပိုင်း တိုက်ပွဲဖြစ်လို့ ရွာပေါင်း ၄ ရွာကဒေသခံတွေ စစ်ဘေးတိမ်းရှောင်လာ
မတ် ၁၆ -၂၀၂၁ VOM မြစ်ဆုံအထက်ပိုင်း ဂွေထော်ကျေးရွာဘက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်နေလို့ မတ်လ ၁၆ ရက်နေ့မှာ ရွာပေါင်း ၄ ရွာက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်လာနေကြပါတယ်။ ” စစ်ရှောင်တွေအနေနဲ့ အရင်က သူတို့ရှောင်ခဲ့တဲ့ စစ်ရှောင်စခန်းဆီ ပြန်ကြဖြို့ တန်ဖဲမှာစုနေကြတာပါ။ လက်ရှိအခြေအနေအရ တန်ဖဲဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် တားဆီးထားတယ်၊ အရင်ကလည်း စစ်ရှောင်ခဲ့ဝာာပဲ အခုအဲ့ဒီကိုပြန်ဖို့က တားဆီးထားလို့ တန်ဖဲမှာ စုနေရတယ်၊ အခုက လုံခြုံရေး၊ နေထိုင်ရေးနဲ့ အစားအသောက် ဒါတော့ လောလောဆယ် အရေးတကြီး လိုနေတာပေါ့ ” လို့ တန်ဖဲစစ်ရှောင်တွေနဲ့ အတူရှိနေတဲ့ ဦးဇောင်းငိုင်က ပြောပါတယ်။ အခုရောက်လာတဲ့ စစ်ရှောင်တွေဟာ လက်ရှိ မြစ်ဆုံ တန်ဖဲ RC ဘုရားကျောင်းက အဆောင်မှာ နေထိုင်နေကြတာဖြစ်ပြီး လူဦးရေ ၂၀၀…
Read Moreဝန်ထမ်းနဲ့ဆရာဆရာမတချို့ CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေးခံဝန်ချက်နဲ့ တင်ပြဖို့လုပ်နေ
မတ် ၁၆-၂၀၂၁ VOM ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ ဌာနခွဲ တွေက အရာထမ်း၊အမှုထမ်းအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းရှိမရှိကို ကိုယ်တိုင်ရေးခံဝန်ချက်နဲ့အတူ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားတင်ပြဖို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ “ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါမပါ ကိုယ်တိုင်ခံဝန်ချက်နဲ့ မနက်ဖန် နောက်ဆုံး စာရင်းပေးရမယ်ဆိုလို့ ခုဆရာ၊ဆရာမတွေရော ဝန်ထမ်းတွေပါလက်မှတ်ထိုးပြီး စာရင်းပြန်တင်ပေးဖို့ လုပ်နေကြတယ်။ အားလုံးလည်းစိတ်ညစ်နေကြတယ်။ ဘယ်အချိန်အဖမ်းခံရမလဲမသိရဘူး။ ကျီးလန့်စာစားနေရတယ်။ ဒါကြောင့်ခု CDMမလုပ်ပါဘူးဆိုတာကို လက်မှတ်ထိုးတင်ပြလိုက်ပြီ။ ရုံးတက်ခိုင်းရင်လည်း ရုံးတက်နိုင်ပါတယ်ပေါ့။ ပြည်သူ့အစိုးရတက်တဲ့အချိန် CDM မလုပ်လို့ အလုပ်ကထုတ်လဲထုတ်ပါစေတော့။ ခုကဖိအားတွေအမျိုးမျိုးရှိနေတယ်”လို့ နည်းပညာတက္ကသိုလ် ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီလို ညွှန်ကြားလာတာကြောင့် တက္ကသိုလ်ကဆရာ ဆရာမ၊ ဝန်ထမ်းတချို့ဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ကြောင်းကို ခံဝန်ချက်နဲ့အတူ…
Read Moreမန္တလေးနေ့စဉ်သတင်းစာတိုက်က ယာယီနေ့စားဝန်ထမ်း ၁၉ ဦးကို အလုပ်ကနေ ထုတ်ပယ်
မတ် ၁၆ -၂၀၂၁ Voice Of Myanmar မန္တလေး စည်ပင်သာယာရေးကော်မတီပိုင် မန္တလေးနေ့စဉ်သတင်းစာက CDM လုပ်တဲ့ ယာယီနေ့စားဝန်ထမ်း ၁၉ ယောက်ကို ခွင့်မဲ့အလုပ်ပျက်ကွက်တယ်ဆိုပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့ အမိန့်စာထွက်ရှိလာပါတယ်။ #voiceofmyanmar #VOM #မန္တလေးစည်ပင်သာယာရေးကော်မတီ
Read More