ရွှေပြည်သာ ဆန္ဒပြသပိတ်မှာ သေဆုံးခဲ့တဲ့ လူငယ် ၅ ဦးကို ဒီကနေ့သင်္ဂြိုဟ်

မတ်၊ ၁၆ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဆန္ဒပြပွဲဖြိုခွင်းမှာ ကျည်ဆန်ထံမှန် သေဆုံးခဲ့ရတဲ့ လူငယ်၅ဦးကို ဒီကနေ့နေ့လယ်ပိုင်းက ကျူချောင်းသုဿာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံများဆီကနေ သိရပါတယ်။

“သေတဲ့သူတွေထဲမှာ လှိုင်းဂျက်မောင်နဲ့ကျော်ဇေယျာထွန်း အငယ်ဆုံးပဲ၊ လှိုင်းဂျက်မောင်က ကိုးတန်းတက်နေတုန်းပဲရှိသေးတယ်”လို့ သေဆုံးသူနေထိုင်ရာ အမှတ်၁ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၄ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုဖြစ်စဥ်အတွင်း အသက်၁၇နှစ်အရွယ်ရှိ ကျော်
ဇေယျာထွန်း၊ အသက် ၁၆နှစ်အရွယ်ရှိ လှိုင်းဂျက်
မောင်တို့သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မောင်ထက်ကို(ခ)ထက်လင်းအောင်(၂၁)နှစ်၊ကိုဖြိုးဇော်လင်း ၃၅နှစ်နဲ့ အလုပ်သမားသမ္ဂဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ကိုဇော်ဇော်ထွေးတို့့လည်း သေဆုံးခဲ့ပါတယ်။

” သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ဆေးရုံကနေ သွားထုတ်ရတာပါ ပြီးမှကျူချောင်သုသာန်ကို ပို့ပြီးသဂြိုလ်ရတာ”လို့ ရွှေပြည်သာ ၁၀ရပ်ကွက်နေသူတစ်ဦး
က ပြောပါတယ်။

နစခ ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်း ရွှေပြည်သာမြို့နယ်မှာ ဆန္ဒပြမှုဖြစ်စဥ်တွေအတွင်း လက်ရှိအခြေအနေထိ လူ၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေပြည်သာ #သေဆုံးလူငယ်ငါးဦး #ဒီကနေ့သင်္ဂြိုဟ်

Related posts

Leave a Comment

VOM News

FREE
VIEW