မြစ်ဆုံအထက်ပိုင်း တိုက်ပွဲဖြစ်လို့ ရွာပေါင်း ၄ ရွာကဒေသခံတွေ စစ်ဘေးတိမ်းရှောင်လာ

မတ် ၁၆ -၂၀၂၁
VOM

မြစ်ဆုံအထက်ပိုင်း ဂွေထော်ကျေးရွာဘက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်နေလို့ မတ်လ ၁၆ ရက်နေ့မှာ ရွာပေါင်း ၄ ရွာက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်လာနေကြပါတယ်။

” စစ်ရှောင်တွေအနေနဲ့ အရင်က သူတို့ရှောင်ခဲ့တဲ့ စစ်ရှောင်စခန်းဆီ ပြန်ကြဖြို့ တန်ဖဲမှာစုနေကြတာပါ။ လက်ရှိအခြေအနေအရ တန်ဖဲဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် တားဆီးထားတယ်၊ အရင်ကလည်း စစ်ရှောင်ခဲ့ဝာာပဲ အခုအဲ့ဒီကိုပြန်ဖို့က တားဆီးထားလို့ တန်ဖဲမှာ စုနေရတယ်၊ အခုက လုံခြုံရေး၊ နေထိုင်ရေးနဲ့ အစားအသောက် ဒါတော့ လောလောဆယ် အရေးတကြီး လိုနေတာပေါ့ ” လို့ တန်ဖဲစစ်ရှောင်တွေနဲ့ အတူရှိနေတဲ့ ဦးဇောင်းငိုင်က ပြောပါတယ်။

အခုရောက်လာတဲ့ စစ်ရှောင်တွေဟာ လက်ရှိ မြစ်ဆုံ တန်ဖဲ RC ဘုရားကျောင်းက အဆောင်မှာ နေထိုင်နေကြတာဖြစ်ပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

” ကလေးနို့စို့အရွယ်ပါတယ်၊ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်၊ ပြီးတော့ အသက် ၉၀ ကျော်လည်းပါတယ်၊ ဒီမှာ ဘယ်နှရက်နေရမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူးဖြစ်နေတာ၊ စားဖို့သောက်ဖို့ကလည်း ဘာမှမရှိသေးဘူးပေါ့၊ ဒါပေမယ့် အသင်းတော်နဲ့ ရွာက ဒီည ရှိတဲ့ဟာ စားရမှာဖြစ်တယ်၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးနဲ့ အဝတ်အစားနည်းနည်းလိုမယ် ” လို့ လတ်တလော အရေးတကြီးလိုနေတာကို ဦးဇောင်းငိုင်က ပြောပါတယ်။

အခုတိမ်းရှောင်လာသူတွေဟာ ယခင်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တာဖြစ်ပြီး သူတို့ရဲ့ တောင်ယာတွေမှာ လုပ်ကိုင်စားသောက်ဖို့ ပြန်အခြေချနေသူတွေဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ မတ်လ ၁၅ ရက် ညနေက မြစ်ဆုံအထက်ပိုင်း ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂွေထောင်၊ တန်ဘောင်ယန်က ဒေသခံတွေ နံနက်ပိုင်းမှာ ရောက်ရှိလာပြီး မွန်းလွဲပိုင်းမှာ နောက်ထပ် နီတူယန်နဲ့ တဇိဇွပ်ကျေးရွာတွေက ဒေသခံတွေ ထပ်ရောက်လာကြတာဖြစ်ပါတယ်။

ကျေးရွာတွေက ဒေသခံတွေဟာ မြစ်ဆုံအ​ရှေ့ဘက်ကမ်းကနေ စက်လှေနဲ့ တန်ဖရဲဘက်သို့ ကူးလာကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ဆုံ #အထက်ပိုင်းတိုက်ပွဲဖြစ် #ဒေသခံ #စစ်ဘေးတိမ်းရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW