ပုသိမ်မှာ ကျည်ထိမှန် ကျဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးရဲ့စျာပနကို ဒေသခံထောင်နဲ့ချီ လိုက်ပါပို့ဆောင်

မတ်၊ ၁၆ -၂၀၂၁
KA

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်မှာ ကျည်ထိမှန် ကျဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားနဲ့ ၃၉နှစ်အရွယ်အမျိုးသားတို့ရဲ့ စျာပနကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်ကျည်မှန်လို့ ကျဆုံးခဲ့တဲ့ ဟိန်းထက်အောင် (ခ) အူဝဲ အသက် (၁၇)နှစ်ကို သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းသက်ထိုက် အသက်၃၉နှစ်ကိုတော့ ဘုရားကြီးကုန်းကျေးရွာသုဿာန်မှာမြေမြုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ဈာပနကို ဒေသခံထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ကျည်ထိမှန်သေဆုံးသူ၂ဦး #စျာပန

Related posts

Leave a Comment

VOM News

FREE
VIEW