မန္တလေးက ထိုင်သပိတ် ဒုတိယအကြိမ် ဖြိုခွဲခံရမှုမှာ ဆန္ဒပြသူ ၂ဦးသေဆုံး

မတ် ၃-၂၀၂၁ Voice Of Myanmar မန္တလေးမြို့ လမ်း၃၀နဲ့ ၈၄လမ်းက ထိုင်သပိတ်ကို ဒီနေ့ မတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဒုတိယအကြိမ်ဖြိုခွဲရာမှာ ဦးခေါင်ကျည်မှန်ဒဏ်ရာနဲ့ အသက်၂၀၀န်းကျင် အမျိုးသမီးတဦး၊ ရင်ညွန့်ကျည်မှန်ဒဏ်ရာနဲ့ အသက်၃၇နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ မဟာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ဓါတ်ပုံ – မဟာလူမှုကူညီရေးအသင်း #VoiceOfMyanmar #VOM #မန္တလေးမြို့ #ထိုင်သပိတ် #နှစ်ဦးသေ

Read More

မကွေးဖြိုခွင်းမှုမှာ RED News Agency က သတင်းထောက်ထိခိုက်ပြီး ၁၂ ဦးဖမ်းခံရ

မကွေး မတ်၃_ ၂၀၂၀ JC (VOM) မကွေးမြို့မြင်သာရပ် မဲထီးလမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြနေတဲ့ လူအုပ်ကိုပစ်ခတ်ဖြိုခွဲလို့ Red News Agency သတင်းဌာနက သတင်းထောက်တဦးအစထိမှန်ပြီး ၁၂ဦးအဖမ်းခံရတယ်လို့ မျက်မြင်တွေကပြောပါတယ်။ “အသံဗုံးအစ လက်၂ဘက်လုံးကိုစင်တာ သိပ်မများပေမယ့် အလုပ်တွေပျက်ရပြီပေါ့”လို့ထိမှန် ခံရသူ သတင်းထောက် ကိုဒီလှိုင်းကပြောပါတယ်။ မကွေးမြို့မှာ ဖမ်းဆီးဖြိုခွင်းမှုတွေကြားက နေ့စဉ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။ #voiceofmyanmar #VOM #မကွေး

Read More

ပြည်မြို့ ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ DVB သတင်းထောက် ရိုက်နှက်ဖမ်းဆီးခံရ

မတ် ၃-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၃ရက်နေ့ မနက် ပြည်မြို့ဆန္ဒပြမှုကို ရဲနဲ့စစ်တပ်က သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ပြီး ပြည်က DVB သတင်းထောက်ကိုမင်းညိုကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ မျက်မြင်တွေ့ရှိသူတစ်ဦးက “သေနတ်နဲ့ ပစ်တော့ ပြေးကြချိန်မှာ ကိုမင်းညိုက အကို့နောက်မှာကျန်ခဲ့တယ်။ အဲ့အချိန် မှာသူ့ကို ရိုက်နှက်ပြီးဖမ်းခေါ်သွားတယ်”လို့ ပြောပါတယ်။ ပြည်မြို့နာရီစင်မှာ စုရပ်လုပ်ပြီး ဆန္ဒပြဖို့လူစုခဲ့ရာ ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကို သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့တာဖြစ်ပြီး ပိတ်မိနေသူတချို့လည်း ရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာ ကိုမင်းညိုအိမ်ကို စစ်တပ်က လာရောက်ဝိုင်းထားတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #DVBသတင်းထောက် #ရိုက်နှက်ဖမ်းဆီးခံရ #ကိုမင်းညို

Read More

စလင်းမြို့က ဆန္ဒပြပွဲ ဖြိုခွဲခံရပြီး ဆန္ဒပြသူတွေ ဖမ်းခံရ

မတ် ၃-၂၀၂၁ Voice Of Myanmar မကွေးတိုင်း စလင်းမြို့မှာ ဒီနေ့ မတ်လ ၃ရက်နေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ဖြိုခွဲပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ မိန်းကလေး ၁ဦးနဲ့ ယောက်ျားလေး ၂ဦး ဖမ်းခံလိုက်ရပြီး ဖမ်းခံရသူတွေ ပြန်လွတ်ဖို့ ဒေသခံတွေက စလင်းမြို့မရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုနေကြပါတယ်။ #VoiceOfMyanmar #VOM #စလင်းမြို့ #ဆန္ဒပြ #ဖမ်းဆီးခံရ

Read More

စစ်ကိုင်းမြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွဲ

စစ်ကိုင်း၊ မတ် ၃-၂၀၂၁ MTY စစ်ကိုင်းမြို့မှာ ဒီနေ့ မတ် ၃ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြတဲ့နေရာတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအချို့ ဖမ်းဆီးခံရမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #စစ်ကိုင်း #စစ်ကိုင်း #ဖြိုခွဲ #ဆန္ဒပြ

Read More

တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ ပစ်ခတ်မူကြောင့် အသက် ၁၆ နှစ် လူငယ်တစ်ဦးသေဆုံး

မတ် ၃ -၂၀၂၁ BP(VOM) မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဆတ်သွားနဲ့တောစိမ်းကျေးရွာအကြားမှာရှိနေတဲ့ ဓာတ်ဆီဆိုင်နားက လူငယ်တွေကို မနေ့ မတ်လ ၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ပစ်ခတ်မူကြောင့် အသက် ၁၆ နှစ်လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ တောင်တွင်းကြီးမြို့ခံတဦးဆီကနေ သိရပါတယ်။ တောင်တွင်းကြီးမြို့ခံ ကိုနောင်က “ဆတ်သွားနဲ့ တောစိမ်းကျေးရွာအကြားမှာရှိနေတဲ့ ဓါတ်ဆီဆိုင်အနီးက လူငယ် ၅ ဦး ထိုင်နေတဲ့ နေရာကို သေနတ်နဲ့ပစ်ခတ်သွားတဲ့အတွက် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုးဝင်း+မသင်းသင်းခိုင် တို့ရဲ့သား ကိုသီဟဇော် (ခ) နောင်နောင် (၁၆) နှစ် ကျည်ဆံထိမှန်သည့်ဒဏ်ရာနဲ့ ညနေ ၅ နာရီ ခွဲမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်” လို့ VOM ကိုပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို မကွေးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ခုလို…

Read More

မုံရွာ ဆန္ဒပြ သပိတ်စစ်ကြောင်း အင်အားသုံးဖြိုခွဲခံရ ဒဏ်ရာရ သေဆုံးသူတွေရှိ

မုံရွာမတ် ၃ ၊ ၂၀၂၁ VOM စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်နဲ့ ဘုရားနီ လမ်းဆုံနေရာမှာ ဒီမနက် ၁၀ နာရီကစလို့ ပင်မ သပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ တို့ ထိပ်တိုက်ဆုံမိပြီး အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ အဲ့ဒီ ဖြိုခွင်းမှုမှာ လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဓပြတဲ့ဘက်က အလတ်တလော သတင်းအရ ဒဏ်ရာရ လူ ၇ ယောက်အနက် ၃ ဦးသေဆုံးသွားတယ်လို့ ဖြစ်စဉ်မှာရှိနေတဲ့ VOM သတင်းထောက်ရဲ့ ကနဦး သတင်းပေးပို့ချက်အရသိရပါတယ်။ သေဆုံးသူ ၂ယောက် ဆေးရုံကြီးအအေးတိုက်ကို ရောက်ရှိတာကိုတော့ အတည်ပြုနိုင်ပြီး ဒဏ်ရာရ လူစာရင်းကိုအတည်ပြုနိုင်ဖို့ VOM ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #မုံရွာ

Read More

မန္တလေးမှာ ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းအဖွဲ့ ဒုတိယအကြိမ် ဖြိုခွင်းခံရ

မန္တလေး၊ မတ်- ၃- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ လမ်း ၃၀ နဲ့ ၈၄ လမ်း ဒေါင့်မှာ ဆန္ဒပြတဲ့ စစ်ကြောင်းရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေက စစ်တပ်နဲ့ ရဲတွေကိုထိပ်တိုက်ရင်ဆိုင်ဖို့ အသင့် နေရာယူထားတာဖြစ်ပေမယ့် ဒုတိယအကြိမ် ဖြိုခွင်းခံခဲ့ရပါတယ်။ #မန္တလေး #ဆန္ဒပြ #ဖြိုခွင်းခံရ #VOM #voiceofmyanmar

Read More

ပုသိမ်ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီး

မတ် ၃-၂၀၂၁ KA ဒီနေ့ မတ်လ ၃ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့ ကွမ်းခြံရပ်ကွက်ထိပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တယ်လို့သိရပါတယ်။ ထိုင်သပိတ်ပြုလုပ်နေစဉ်မှာ ရဲတပ်ဖွဲ့အင်အားများစွာနဲ့ စစ်ကားတွေရောက်လာပြီး ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။ ဖြိုခွင်းမှုမှာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၁ဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်ထိုင်သပိတ် #ဖြိုခွင်းဖမ်းဆီး

Read More

အင်းစိန်ဈေးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ် ဖြိုခွင်းခံရ

ရန်ကုန်၊ မတ် ၃-၂၀၂၁ အေးချမ်းသူ(VOM) အင်းစိန်မြို့နယ် မီးရထားဂုံးကျော်တံတားအဆင်းမှာ ပြုလုပ်နေတဲ့ ထိုင်သပိတ် ဒီနေ့မတ်လ ၃ရက်နေ့ မနက်ပိုင်းက ဖြိုခွင်းခံခဲ့ရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မီးရထားဂုံးကျော်တံတားထိပ်နဲ့ အင်းစိန်ဈေးရှေ့က ထိုင်သပိတ်နှစ်ခုကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ အသံဗုံးဆယ်လုံးခန့်ပစ်ခွဲပြီး လူစုခွဲခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ပိန္ဒဲကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ တပ်မတော်ကအာဏာရယူပြီးနောက် ရန်ကုန်မှာ ဖေဖော်ဝါရီ ၆ရက်နေ့မှ စတ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၅ ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #အင်းစိန်ဈေး #ထိုင်သပိတ် #ဖြိုခွင်းခံရ

Read More
VOM News

FREE
VIEW