မတ်၂၇ -၂၀၂၁ ဖားကန့်မြို့မှာ ထိုင်သပိတ်ပြုလုပ်နေတဲ့ လုံးခင်းသပိတ်စစ်ကြောင်းကို မွန်းလွဲနှစ်နာရီအချိန်ခန့်က ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲလို့ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့် #လုံးခင်းသပိတ်စစ်ကြောင်း #ဖြိုခွဲခံရ
Read MoreMonth: March 2021
မုံရွာ – ပုသိမ်လမ်းဆုံက သပိတ်စစ်ကြောင်း ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ
မတ် ၂၇ -၂၀၂၁ KTG စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ် တဖက်ကမ်း အောင်ဇေယျမြို့သစ်၊ မုံရွာ-ပုသိမ်-ကလေးဝ ကားလမ်းဆုံနေရာမှာ ဒီနေ့ မတ် ၂၇ရက် မနက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာနေ ဒေသခံ တစ်ယောက်က ” ယမ်စီ ကြေးနီမိုင်းက CDM မိုင်းလုပ်သား ကိုချမ်းမြေ့အောင် အသက် ၂၉ နှစ်ဟာ လက်မောင်း ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ် ၊သူက ရွာသာကပဲဖြစ်တယ် “လို့ ပြောပါတယ်။ ကျည်ဆံထိမှန် ဒဏ်ရာရသူ ၁ ယောက်လည်း ဆေးကုသမှု ခံယူနေပြီလို့ ဆက်ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးလက်နေ ပြည်သူတွေဟာ အခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာ-ပုသိမ်…
Read Moreညောင်ဦးမှာ ဒီနေ့မနက်ပစ်ခတ်မှုကြောင့် ဧည့်လမ်းညွန် တဦးသေဆုံး
မတ် ၂၇၊ ၂၀၂၁ TG(VOM) မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ အာဏာရှင်ကိုအလိုမရှိကြောင်း လူအင်အားအများအပြားနဲ့ဆန္ဒပြခဲ့တဲ့ ညောင်ဦးက ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွဲခဲ့ရပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရရသူက ၄ ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။ သေဆုံးသူဟာ ညောင်ဦးမြို့နယ်၊ယန်းတန်းရပ်က ဧည့်လမ်းညွှန်၊ ကိုဝေဇင် (၃၅)နှစ် ဖြစ်တယ်လို့ သိရပါတယ်။ ” ခုမနက်ဖြိုခွဲမှုမှာ တဦးတော့ ဆုံးသွားပြီ။ ဒါက ညောင်ဦးမှာပထမဆုံး ကျဆုံးတာပါ။ ဒီနေ့က လူအင်အားအရမ်းများတယ်။ ရွာတွေကပါလာပြီးပူးပေါင်းဆန္ဒ့ပြကြတာ။ ဒဏ်ရာရသူ တွေလည်းရှိတယ်။ ပထမ အေးဆေးပဲ ဆန္ဒပြခွင့်ပြုတယ်။ ပြီးမှ ပစ်တာ၊ မြို့မရဲစခန်းအရှေ့မှာပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ကျည်ထိ မှန်ပြီးဒဏ်ရာရသူ တွေထဲမှာ နောက်ကျော၊ ချိုင်းအောက် ထိမှန်သူ ၊ ပေါင်ထိသူ ၊ခြေသလုံးထိမှန်သူ ၊လက်ထိမှန်ထားသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကလည်း ညောင်ဦးမှာ…
Read Moreမန္တလေးက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်မှန်လို့ သေဆုံး
မန္တလေး၊ မတ် ၂၇- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရုံး မီးလောင်နေချိန် သွား ရောက်ကူညီ ငြိမ်းသတ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ရင်ဘ တ်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အသက် ၂၅ နှစ်အရွယ် ကိုသီဟကျော် က တော့ တမ္ပဝတီအရန်မီးသတ်တပ်ဖွဲ့က တပ်ကြပ်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ တမ္ပဝတီရပ်ကွက်ရုံးကတော့ နေလည် ၁၂ နာရီဝန်းကျင်က မီးလောင်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦးရဲ့ ခြေ ထောက်ကိုလည်း ကျည်ဆံထိမှန်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမှာ ဆန္ဒပြလို့ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူဦးရေ မအများအပြားရှိတယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #အရန်မီးသတ် #မီးလောင် #သေဆုံး
Read Moreပွင့်ဖြူမြို့မှာ ပစ်ခတ်ခံရလို့ ဆန္ဒပြသူ ၁ ဦး အသက်ဆုံးရှုံး
မတ် ၂၇ -၂၀၂၁ KTG မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဒီနေ့ မတ် ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်က ဆန္ဒပြလူစုကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲရာမှာ လူ ၁ ယောက် သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေဆီက သိရပါတယ်။ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာက ကိုမင်းဇော်ထွေး အသက် ၃၈ နှစ်ဟာ ကာဒိုင်းကို ကျည်ဆံဖောက်ဝင်ပြီး ခြေထောက်ကိုထိမှန်ခဲ့ရာက အသက်ဆုံးရှုံးသွားရတာဖြစ်တယ်လို့ ကနဦး သိရပါတယ်။ #VoiceOfMyanmar #VOM #ပွင့်ဖြူ #သေဆုံး
Read Moreပုသိမ်မှာ စစ်တပ်နဲ့ရဲက ရပ်ကွက်တွေထဲဝင်ပြီး ပစ်ခတ်လို့ နှစ်ဦးသေဆုံး
မတ် ၂၇-၂၀၂၁ KA ပုသိမ်မြို့မှာ ဒီနေ့ မတ် ၂၇ရက် မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းတွေမှာ စစ်တပ်နဲ့ရဲကပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီပေးနေသူတွေဆီ သိရပါတယ်။ အသက်၁၆နှစ်အရွယ် မောင်ထက်မြတ်သွင်ဟာ ဧရာမင်းထိပ်မှာဗိုက်ကိုကျည်ထိသေဆုံးပြီး ရာမညရပ်ကွက်က ကိုဝေလွင်ဦးကတော့ ပေါင်ကိုမှန်ပြီးသွေးလွန်ကျဆုံးတာလို့ သိရပါတယ်။ လက်ရှိမှာတော့ ရပ်ကွက်တွေအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသူတွေ ရှိနေပြီး လူတစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ပုသိမ်မြို့ ရာမည၊ ဧရာမင်းနဲ့ ဘန့်ဘွေးကုန်း၊အောင်ချမ်းသာရပ်ကွက်တွေကို စစ်တပ်နဲ့ရဲက အချက်ပေါင်းများစွာ ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #သေဆုံး
Read Moreကျိုက်ထိုမှာ လူတစ်ဦး သေဆုံးပြီး သတင်းထောက်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ
မတ်၂၇-၂၀၂၁ KLY(VOM) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဒီနေ့ မတ် ၂၇ ရက် မနက်က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လူထုဆန္ဒဖော်ထုတ်နေသူအချို့ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းရာက အမျိုးသားတစ်ဦး သေဆုံးပြီး အလွတ်တန်းသတင်းထောက် တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုမြို့လူမှုကူညီရေးအသင်း တာဝန်ရှိသူကနေ သိရပါတယ်။ “အလွတ်သတင်းထောက်က ခြေသလုံးဖောက်သွားတယ်။ သေဆုံးသူနာမည် မသိသေးပေမယ့် ကျိုက်ပိထဲကလို့သိရတယ်။ သေဆုံးသူ အလောင်းကို အိမ်ပြန်ပို့ဖို့လုပ်နေတုန်း တပ်နဲ့ရဲက မော်လမြိုင်စစ်ဆေးရုံပို့ခိုင်းလို့ ဒဏ်ရာရသူနဲ့အတူပဲ ပို့ပေးခဲ့ရတယ်” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်က ကျိုက်ထိုမြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူ ၁၀၀ကျော်လောက်ပဲ ရှိပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေ ပစ်ဖောက်ဖြိုခွဲခဲ့တာကြောင့် ဘူတာရုံနဲ့ ရန်ကုန်-မော်လမြိုင်လမ်းနားမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး သံဖြူဇရပ်အသံလိုကယ် သတင်းဌာနက အလွတ်တန်းသတင်းထောက်သေနတ်ထိမှန်ဒဏ်ရာရခဲ့သလို ဒေသခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလည်း…
Read Moreဒိုက်ဦးမြို့နယ်မှာ စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲလို့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
မတ်၂၇-၂၀၂၁ KLY(VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဒီနေ့ မတ် ၂၇ရက် မနက် ၉ နာရီကျော်လောက်က ဆန္ဒပြလူအုပ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လေးကျွန်းလမ်းဆုံမှာ အသံဗုံးတွေနဲ့စပစ်တယ်။ လူအင်အားလည်းနည်းတော့မပစ်ခတ်လောက်ဘူး ထင်တာပါ။ ကျည်အစစ်တွေနဲ့ပစ်တော့ ထိကုန်တာပါ။အလောင်းတွေပြန်ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူနှစ်ဦးဟာ ဒိုက်ဦးမြို့အမှတ် ၄ ရပ်ကွက်နေ နန်းဝင်း(၂၅ နှစ်)နဲ့ အမှတ် ၆ ရပ်ကွက်နေ ဖိုးလုံး(၂၇နှစ်)တို့ဖြစ်ပြီး သေဆုံးသူ အလောင်းတွေကို နေအိမ်ကို ပြန်လည်သယ်ဆောင်ပြီး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မနက်က ဒိုက်ဦးမြို့နယ်မှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူ ၅၀၀ နီးပါးဟာ လေးကျွန်းလမ်းဆုံအရောက် တပ်နဲ့ရဲက ရှေ့က ပိတ်ကာ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး…
Read Moreတမူးမြို့မှာ မိုင်း ၂ လုံးပေါက်ကွဲလို့ ရဲ ၁ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရ
မတ်် ၂၇ -၂၀၂၁ KTG စစ်ကိုင်းတိုင်း တမူးမြို့ ၊ စန္ဒကူးရပ်ကွက် ၊ အလောင်းဘုရားလမ်းမှာ မနေ့ မတ် ၂၆ ရက်ည ၉ နာရီဝန်းကျင်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လုံခြုံေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တမူးမြို့ခံ တွေဆီကနေ သိရပါတယ်။ တမူးမြို့ စန္ဒကူးရပ်ကွက်နေ ဒေသခံ တယောက်က ” Top Star ဘော်ဒါ အဟောင်းအနီးမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ ရဲ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့တော့ကြားရတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် သေဆုံးသူ ရဲတပ်ဖွဲ့ဝင်ဟာ တမူးမြို့မရဲစခန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား ထွန်းနိုင်စိုး…
Read Moreဒလမှာ မနေ့ညပိုင်းက စစ်တပ်က ပစ်ခတ်လို့ ရှစ်ဦးသေပြီး ဒဏ်ရာရရှိသူများပြား
ရန်ကုန်၊ မတ် ၂၇-၂၀၂၁ အေးချမ်းသူ(VOM) ဒလမြို့နယ်မှာ မနေ့ မတ် ၂၆ ရက် ညပိုင်းက ဆန္ဒပြသပိတ်မှာ ပါဝင်တဲ့ မိန်းကလေးနှစ်ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ စစ်တပ်နဲ့ ပြည်သူလူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ စစ်တပ်က ပစ်ခတ်လို့ ရှစ်ဦးသေပြီးဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူတွေထဲက တဦးဖြစ်တဲ့ ကိုရဲမြတ်သူရဲ့ မိသားစုဝင်တစ်ဦးက”သူက ဆန္ဒပြဖို့ထွက်သွားတာ စစ်တပ်ကပစ်တော့ တစ်ယောက်လည်ပင်းထိပြီး မြောင်းထဲကျသွားတယ် အဲ့ဒါကိုသွားဆွဲရင်း သူပါအပစ်ခံရတာ” လို့ VOMကို ပြောပါတယ်။ မနေ့ နေ့ခင်းပိုင်းက ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်သပိတ်မှာ မိန်းကလေးနှစ်ဦး အဖမ်းခံရလို့ ပြန်လည်လွှတ်ပေးဖို့ ဒလမြို့နယ် ရဲစခန်းနှင့် မြို့တော်ခန်းမအနီးတောင်းဆိုနေတဲ့ လူထုနဲ့ စစ်တပ် ထိပ်တိုက်တွေ့ရာမှ စစ်တပ်က ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ ကျန်စစ်သားရပ်ကွက်နေပြည်သူတစ်ဦးက VOMကို ပြောပါတယ်။ “ကျနော်တို့ရပ်ကွက်မှာ နှစ်ယောက်ကျတယ် ဦးဝင်းမြင့်နဲ့ကျော်ထက်အောင် ပွဲချင်းပြီးပဲ ကျည်စစ်နဲ့ကိုပစ်တာ” လို့ ပြောပါတယ်။…
Read More