ကျောက်မြောင်းသပိတ် လူစုခွဲချိန် ရဲနဲ့စစ်သား အင်အားအမြားအပြားနဲ့ ဝင်ဖမ်း

ရန်ကုန် ဧပြီ ၉-၂၀၂၁
MHS(VOM)

ဒီနေ့ ဧပြီ ၉ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်က တာမွေမြို့နယ်၊ ကျောက်မြောင်း ကျားကွက်သစ်သပိတ် လူစုခွဲချိန်မှာ ရဲနဲ့ စစ်သား အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းခဲ့လို့ လူငယ် ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

“လူစုခွဲပြီးသွားတော့ အေးဆေးလမ်းလျှောက်လာတဲ့ လူငယ်တွေကို ဖမ်းသွားတာ”လို့ ကျားကွက်သစ်လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလမ်းထဲမှာ နေ့လယ် ၁၂ အချိန်ထိ စစ်ကား ၈စီး နဲ့ ရဲကား ၇ စီးဝန်းကျင်ရှိနေပြီး မလွှကုန်းလမ်း၊ သြဘာလမ်း၊ သီတာလမ်းနဲ့ အောင်မင်္ဂလာလမ်းတွေမှာလည်း ရဲနဲ့ စစ်သားတွေ နေရာယူထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာမွေမြို့နယ်က လူငယ် ၈ဦး တစ်ကြိမ်၊ ၁၂ဦးတစ်ကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။

လူငယ်တွေကလည်း ရဲ့ စစ်သားတွေ ထွက်ခွာသွားတာနဲ့ အချိန်ရရင်ရသလို ပြောက်ကျားသပိတ် ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ဓါတ်ပုံ – CJ
#voiceofmyanmar #vom #ကျောက်မြောင်း #ကျားကွက်သစ်လမ်း

Related posts

Leave a Comment

VOM News

FREE
VIEW