ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်ဟောင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၅ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

ရန်ကုန်တိုင်း ၊ ခရမ်းမြို့နဲ့ ကမာကလူးကျေးရွာသွားတဲ့ လမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ခရမ်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။

ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” သေဆုံးသူက ဦးဝင်းခိုင် အသက် ၄၇ နှစ်ဖြစ်တယ် ၊ သူက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမတ်တစ်ယောက်ပါ၊ သူ့ရဲ့ ဇာတိရွာကို သွားရင်း သေနတ် ၂ ချက်ပစ်ခံရလို့ သေဆုံးတာ ဟုတ်တယ် ” လို့ ပြောပါတယ်။

ဦးဝင်ခိုင် သေဆုံးရခြင်းနဲ့ ပတ်သက်လို့ သေနတ်နဲ့ ပစ်ခတ်သွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ခရမ်းမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

သေဆုံးသူ ဦးဝင်းခိုင်ဟာ ၄.၁၀.၁၉၇၄ က ခရမ်းမြို့နယ်၊ ကမာကလူး ကျေးရွာမှာ မွေးဖွားခဲ့ပြီး တက္ကသိုလ်ပညာကို B.Sc (Zoo) ပြီးဆုံကာ မိသားစုနဲ့ အတူ ခင်ရမ်းမြို့မှာ နေထိုင်ကာ ၁၉၉၃ မှာ ပြည်ခိုင်ဖြိုး ပါတီဝင်ရောက်ခဲ့ပြီး တိုင်ဒေသကြီး အမှတ်- ၁ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – သေဆုံးသူ ဦးဝင်းခိုင်ရဲ့ မြင်ကွင်း
ဓာတ်ပုံ – ခရမ်းဒေသခံ တစ်ဦး
#voiceofmyanmar #VOM #ခရမ်းမြို့ #ပြည်ခိုင်ဖြိုး #လွှတ်တော်ကိုယ်စားလှယ်ဟောင်း #သေနတ်ပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW