ကျောက်ဆည် ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးနေချိန် သေနတ်နဲ့ ပစ်ခံရ

သြဂုတ် ၊ ၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့ နေ့လယ်ပိုင်းက လမ်းပြကြယ်ကျောင်းရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ပြည်လုံးနိုင် ရပ်ကွက်အုပ်ကြီး ဦးကျော်ထင်အောင်က ရပ်ကွက်ထဲ ဆိုင်ကယ်စီးပြီး ပတ်သွားနေတဲ့အချိန် သူ့နောက်ကနေ သေနတ်နဲ့ လိုက်ပစ်တာ ဒီနေ့ ၁၁ နာရီကျော် ၁၂ နာရီဝန်းကျင်က ဖြစ်တာ ” လို့ ပြည်လုံနိုင် ရပ်ကွက်နေ ဒေသခံ လူတစ်ယောက်က ပြောပါတယ် ။
 
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်ဆံထိမှန် ဒဏ်ရာရ အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဆေးရုံပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
 
” ရရှိဒဏ်ရာက စိုးရိမ်ရတယ် ၊ သေဆုံး ၊ မသေဆုံးဆိုတာ ဆက်သွယ်မှုမရသေးဘူး ” လို့ ကျောက်ဆည် ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီလို ဖြေကြား ပြောဆိုပါတယ် ။
 
ပြီးခဲ့ ရက်ပိုင်းအတွင်းက ကျောက်ဆည်မြို့နယ်၊ ဗလီကွင်းကျေးရွာက ဒလန်ဆိုပြီး အမည်ထွက်နေသူ လူ ၂ ယောက်ကို သေမင်းမှတ်တမ်းဆိုတဲ့ အဖွဲ့တခုက သူတို့ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးထားတာကို တွေ့ခဲ့ရပါသေးတယ် ။
 
ပုံစာ -ပြည်လုံနိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဒဏ်ရာနဲ့ လဲနေပုံ
Photo-ပြည်လုံးနိုင် ရပ်ကွက်သား တစ်ဦး
#voiceofmyanmar #VOM #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW