ရန်ကုန်မြို့က မရှိနွမ်းပါးအိမ်ထောင်စု ၁၀၀၀ကို ကြိုက်တာယူငွေ၅၀နဲ့ ဈေးရောင်းချ

ရန်ကုန်၊သြဂုတ် ၇-၂၀၂၁ KK(VOM)   ရန်ကုန်မြို့က၊ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ထဲက မရှိနွမ်းပါးတဲ့ အိမ်ထောင်စု ၁၀၀၀ကို ဒီကနေ့မနက်ပိုင်းက အခြေခံစားသောက်ကုန်တွေကို ကြိုက်တာယူငွေ၅၀​ နဲ့ ရောင်းချပေးခဲ့ပါတယ်။   အခြေခံလူတန်းစားအများစုနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ကို ဦးစားပေးသွားရောက်ပြီး ရောင်းချတာဖြစ်ပါတယ်လို့ i Flannelအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   “ဆိုင်မှာရောင်းရင် လူဦးရေများလာတယ် အကုန် လုံးက အဆင်မပြေကြဘူးလေ လူစုလူဝေးဖြစ်မှာလည်းစိုးရိမ်ရတယ်၊ အဲ့ဒါကြောင့် အိမ်တိုင်ရာရောက်ရောင်းချပေးတာပါ”လို့ သူကရှင်းပြပါတယ်။   ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊ပန်းဂေါ်ဖီတစ်ထုပ်ကို မည့်သည့်စားသောက်ကုန်ယူယူ ငွေ၅၀ကျပ်နဲ့သာ ရောင်းချပေးပြီး အိမ်ထောင်စု၁၀၀၀ ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁ရက်ကလည်း စမ်းချောင်းမြို့နယ်ရှိ i Flanneဆိုင်မှာ ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊အာလူးတစ်အိုး ကြိုက်နှစ်သက်ရာယူ ငွေ၅၀ကျပ်နဲ့ အိမ်ထောင်စု ၆၀၀ ကိုရောင်းချပေးခဲ့ပါတာလည်း ဖြစ်ပါတယ်။   ကိုဗစ်တတိယလှိုင်းကာလအတွင်း စိပွားရေးသမားအချို့ရဲ့…

Read More

ရခိုင်မှာ ကုန်ဈေးနှုန်းတွေမြင့်လို့ အခြေခံလူတန်းစားတွေအခက်တွေ့

စစ်တွေ၊ ဩဂုတ် ၇- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေမြင့်တက်နေလို့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ အခြေခံလူတန်းစားတွေအတွက် ထိခိုက်မှုရှိနေပြီး နေစဉ်ဘဝအတွက် စားဝတ်နေရေးပိုင်းမှာ အခက်အခဲများရှိနေတယ်လို့ သိရပါတယ်။   လက်ရှိမှာ ပြည်နယ်တွင်း ကုန်ဈေးနှုန်းတွေဟာ တည်ငြိမ်မှုမရှိဘဲ ကုန်စည်အများစုမှာ ဈေးနှုန်းတက်လာတယ်လို့ ရခိုင်ပြည်နယ် စီးပွားရေးဦးဆောင် အများပိုင်ကုမ္မဏီလီမိတက်က မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးက ပြောပါတယ်။   “ အခြေခံလူတန်းစားတွေကတော့ စားဝတ်နေရေးအခြေအနေတွေမှာ ဝင်ငွေမရှိတဲ့လူတွေဆိုရင် အငတ်ပြဿနာတွေနဲ့ ရင်ဆိုင်လာရတယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အငတ်ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ့် အနေထားတွေကို မြင်နေရတယ်။ လူတွေက အလုပ်အကိုင်အခွင့်အလမ်းကမရှိ။ ကုန်ဈေးနှုန်းတွေတက်တာတွေကြောင့် လူတွေက တော်တော်ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။   အဲ့ဒီလိုမျိုး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို တာဝန်ရှိသူတွေနဲ့…

Read More

ကျောက်ဆည် ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးနေချိန် သေနတ်နဲ့ ပစ်ခံရ

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့ နေ့လယ်ပိုင်းက လမ်းပြကြယ်ကျောင်းရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ပြည်လုံးနိုင် ရပ်ကွက်အုပ်ကြီး ဦးကျော်ထင်အောင်က ရပ်ကွက်ထဲ ဆိုင်ကယ်စီးပြီး ပတ်သွားနေတဲ့အချိန် သူ့နောက်ကနေ သေနတ်နဲ့ လိုက်ပစ်တာ ဒီနေ့ ၁၁ နာရီကျော် ၁၂ နာရီဝန်းကျင်က ဖြစ်တာ ” လို့ ပြည်လုံနိုင် ရပ်ကွက်နေ ဒေသခံ လူတစ်ယောက်က ပြောပါတယ် ။   ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်ဆံထိမှန် ဒဏ်ရာရ အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဆေးရုံပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။   ” ရရှိဒဏ်ရာက စိုးရိမ်ရတယ် ၊ သေဆုံး…

Read More

ဒေါက်တာဇော်မြင့်မောင် အိုးဘိုထောင်မှာ ရောဂါမသက်သာလို့ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသနေရ

မန္တလေး၊ ဩဂုတ် ၇-၂၀၂၁ HlK (VOM)   မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်အတွင်း ကင်ဆာရောဂါနဲ့ ဆေးကုသနေရာ ရောဂါမသက်သာတာကြောင့် မနေ့ ဩဂုတ်လ ၆ရက်နေ့ ည၈နာရီခန့်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းကနေ သိရပါတယ်။   ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ” ဇူလှိုင်လ၂၉ ရက်နေ့ကတည်းက သွေးကင်ဆာရောဂါနဲ့ အကျဉ်းထောင်ဆေးရုံမှာ ဆေးကုနေရတာ၊ မသက်သာလို့ အခုလို့ စီစဉ်လိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။   ​မန္တလေးဆေးရုံကြီးအနီး နေထိုက်သူတစ်ဦးကလည်း “မနေ့ညကတော့ ယာဉ်တန်းတွေနဲ့ ဆေးရုံထဲဝင်သွားတာတွေ့တယ်၊ ဘယ်သူလာတာလည်းတော့ မသိဘူး၊ မနေ့ကလည်း လိုင်းပေါ်မှာ ဒေါက်ဇော် ဆေးလာကုမယ်လို့တော့ ဖတ်လိုက်ရတယ်”လို့​ ပြောပါတယ်။   ဒေါက်တာဇော်မြင့်မောင်ဟာ ယခင်ကတည်းက ကင်ဆာဆေးပုံမှန်သွင်းနေရသူ ဖြစ်ပြီး အကျဉ်းထောင်ကျတဲ့အချိန် ဆေးကုသမှုခံယူနေရတာကလည်း ရောဂါအခြေအနေ သက်သာလာမှုမရှိတာကြောင့် မန္တလေးဆေးရုံကြီးက ပါမောက္ခဌာနမှူးတစ်ဦးရဲ့…

Read More

ချင်းတွင်းအထက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး ကားလမ်းတွေပျက်စီးကာ ယာဥ်ပိတ်ဆို့မှုဖြစ်နေ

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ သြဂုတ်လ ၂ ရက်နေ့ကစလို့ အဆက်မပြတ် မိုးရွာတာကြောင့် ဆက်သွယ်ထားတဲ့ ကားလမ်းတချို့ပျက်စီးပြီး ကားသွားလာလို့မရဘဲ ဒီကနေ့အချိန်ထိ ယာဥ်တွေပိတ်ဆို့မိနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်ရ သိရပါတယ် ။   ” မုံရွာ၊ ရေဦး၊ တန့်ဆည်၊ ကလေးဝလမ်းပိုင်းမှာ မဟာမြိုင်တောထဲက နေရာတော်တော်များများ လမ်ပျက်နေတယ် ၊ လမ်းပျက်တာက မြေပြိုတယ် ၊ လမ်းချော်တယ် ၊ မြေသားလမ်းနေရာတွေမှာ လမ်းပေါ်ရေတင်ပြီး ပေါင်လည်လောက် ဗွက်ထနေတာတွေဖြစ်တယ် ၊ အတက်ကားတွေရော အဆင်းကားတွေပါ ပိတ်မိနေတာ ၄ ရက်ရှိပြီ၊ နောက် ၂ ရက်ဆိုရင်တောင် လမ်းပွင့်ဖို့ မလွယ်သေးဘူး ” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ယာဥ်ပိုင်၊ယာဥ်မောင်း တစ်ယောက်ကပြောပါတယ်။…

Read More

ခင်ဦးနယ် မုံလှရွာ အုပ်ချုပ်ရေးမှူး အိမ်မှာအိပ်နေချိန် သေနတ်နဲ့ဝင်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြိူ့နယ် ၊ မုံလှကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဒီကနေ့မနက် အစောပိုင်းက အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူဟာ နေရာမှာတင် သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ လက်နက်တွေကိုင်ထားတဲ့ လူ ၁ ဒါဇင်လောက်ဟာ အုပ်ကြီး အိမ်ထဲကိုဝင်လာပြီး အုပ်ကြီးကို ပစ်သတ်တယ် ၊ အဲ့ဒီအချိန် အုပ်ကြီးက သူ့မိသားစုနဲ့အတူ ရှိနေတယ် ၊ အဲ့ဒီ လူတွေက အုပ်ကြီးမိန်းမနဲ့ ကလေးတွေကို ရန်မူတာတော့ မရှိဘူး ” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ် ။  …

Read More

တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် အနီရောင်ဇုံ သတ်မှတ်တဲ့နေရာက ဒေသခံမဟုတ်သူတွေ နေရပ်ပြန်ရမယ်

ဩဂုတ် ၇ -၂၀၂၁ Shy V (VOM)   တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် ကူးစက်မှု အနီရောင်ဇုံ သတ်မှတ်ထားတဲ့နေရာက ဒေသခံမဟုတ်သူတွေအားလုံး နေရပ်ပြန်ရမယ်လို့ တရုတ်ဘက်ခြမ်းက မြန်မာ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။   ” COVID-19 ကူးစက်မှု အနီရောင်အဆင့် သတ်မှတ်ထားတဲ့‌ နေရာက နေထိုင်ခွင့် ထောက်အထား ရှိရှိ၊ မရှိရှိ၊ မြန်မာနိုင်ငံသားရော တရုတ်နိုင်ငံသားပါ မိမိဌာနေကို ပြန်ဖို့ သတ်မှတ်ထားတယ်၊ ရွှေလီက ဗိုင်းရပ်စ်ဇုံ သတ်မှတ်ထားတဲ့ တချို့နေရာ မနေ့က စပြီး အကုန်ပြန်လွှတ်တယ်။ ကျင်းခမ်း ရှမ်းရွာရယ်၊ နောင်ခမ်းရွာရယ်ကို။ သူတို့ ပြန်လွှတ်မှာ။ ဒီ ရွှေလီက နေထိုင်လို့ရတယ်။” လို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာ ရေး ကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။   တရုတ်အစိုးရအနေနဲ့ ကျယ်ဂေါင်…

Read More
VOM News

FREE
VIEW