ရန်ကုန်မြို့က မရှိနွမ်းပါးအိမ်ထောင်စု ၁၀၀၀ကို ကြိုက်တာယူငွေ၅၀နဲ့ ဈေးရောင်းချ

ရန်ကုန်၊သြဂုတ် ၇-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့က၊ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ထဲက မရှိနွမ်းပါးတဲ့ အိမ်ထောင်စု ၁၀၀၀ကို ဒီကနေ့မနက်ပိုင်းက အခြေခံစားသောက်ကုန်တွေကို ကြိုက်တာယူငွေ၅၀​ နဲ့ ရောင်းချပေးခဲ့ပါတယ်။
 
အခြေခံလူတန်းစားအများစုနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ကို ဦးစားပေးသွားရောက်ပြီး ရောင်းချတာဖြစ်ပါတယ်လို့ i Flannelအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
“ဆိုင်မှာရောင်းရင် လူဦးရေများလာတယ် အကုန်
လုံးက အဆင်မပြေကြဘူးလေ လူစုလူဝေးဖြစ်မှာလည်းစိုးရိမ်ရတယ်၊ အဲ့ဒါကြောင့် အိမ်တိုင်ရာရောက်ရောင်းချပေးတာပါ”လို့ သူကရှင်းပြပါတယ်။
 
ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊ပန်းဂေါ်ဖီတစ်ထုပ်ကို မည့်သည့်စားသောက်ကုန်ယူယူ ငွေ၅၀ကျပ်နဲ့သာ ရောင်းချပေးပြီး အိမ်ထောင်စု၁၀၀၀ ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၁ရက်ကလည်း စမ်းချောင်းမြို့နယ်ရှိ i Flanneဆိုင်မှာ ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊အာလူးတစ်အိုး ကြိုက်နှစ်သက်ရာယူ ငွေ၅၀ကျပ်နဲ့ အိမ်ထောင်စု ၆၀၀ ကိုရောင်းချပေးခဲ့ပါတာလည်း ဖြစ်ပါတယ်။
 
ကိုဗစ်တတိယလှိုင်းကာလအတွင်း စိပွားရေးသမားအချို့ရဲ့ စျေးကစားခြင်းကြောင့် ကုန်ပစွည်းတွေအဆမတန်စျေးတက်ပြီးနောက် ရန်ကုန်မှာ အခြေခံလူတန်းစားတွေ အဆင်ပြေစေဖို့ အဖွဲ့အသီးသီးက စားသောက်ကုန်တွေကို ငွေ၅၀/၁၀၀နဲ့ ရောင်းချနေကြတာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW