သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊ ဂေါက်ကွင်း မြတောင် ၁၅ လမ်းမှာရှိတဲ့ အနှိပ်ခန်းတခုကို မနေ့ သြဂုတ် ၂၂ ညပိုင်းက နယ်မြေခံရဲနဲ့ စစ်သားတွေက ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ဆိုင်ဝန်ထမ်း၂ ဒါဇင်နီးပါး အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မနက်အစောကြီး စစ်သားနဲ့ ရဲတွေ ရပ်ကွက်ထဲဝင်လာတော့ အရမ်းစိုးရိမ်မိတယ် ၊ မိုးလင်းတော့ သိရတာက ၃ ထပ် အနှိပ်ခန်း ဝင်ဖမ်းလို့ ဆိုင်ဝန်ထမ်းတွေ အကုန်လုံးနဲ့ ဆိုင်ရှင်ရော ဖမ်းခံရတယ်ဆိုတာ သိတယ် ” လို့ အမှတ် ၁၀ ရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။ ရွှေဘိုမြို့မရဲစခန်း တာဝန်ကျ…
Read MoreDay: August 23, 2021
မုံရွာမြို့မှာ ရဲမေ သားအဖနေတဲ့အိမ် ဗုံးပေါက်ကွဲမှူဖြစ်
သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ အမှတ် ၈၊ အောင်သပြေလမ်းမှာရှိတဲ့ ဆယ်အိမ်မှူးနဲ့ ရဲမေတို့နေထိုင်တဲ့အိမ်မှာ မနေ့ သြဂုတ် ၂၂ ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြဝတီရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” အဖေဖြစ်တဲ့သူက ရပ်ကွက်လူကြီး ၊ သမီးဖြစ်တဲ့သူက ရဲ ဆိုတော့ အခုလို ဗုံးထုခံရပြီး ပေါက်ကွဲတာ ဖြစ်မှာ ” လို့ မြဝတီရပ်ကွက်မှာနေတဲ့သူ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေအိမ် မိသားစုဟာ ဖခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဆယ်အိမ်မှူးဟောင်း တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သမီးဖြစ်သူက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ” ရဲမေ…
Read Moreမူဆယ် ၁၀၅ မိုင်မှာ ခုတင် ၁၀၀၀ဆံ့ ကိုဗစ် ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေ
ဩဂုတ် ၂၃-၂၀၂၁ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးမှာ အဓိက အရေးပါတဲ့ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု မိုမိုမြန်ဆန်စေဖို့အတွက် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဦးစားပေး ဆေးစစ် ကုသပေးမယ့် ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေပြီလို့ စင်တာဆောက်လုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ကစ တရုတ်နိုင်ငံက ပစ္စည်းတွေ တရုတ်ကား ၅ စီးနဲ့ တင်လာပြီး ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပြီလို့ စင်တာ ဆောက်လုပ်ရေးနဲ့ နီးစပ်သူ ဒေသခံတစ်ဦးဆီက သိရပါတယ်။ ” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ရေးအတွက် တရုတ်ဘက်က ၁၅…
Read Moreကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ
သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦးကို ဖမ်းဆီးပြီးနောက်ပိုင်း အကြမ်းဖက်ဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံထားရတယ်လို့ ကလေးမြို့ ပညာရေးဌာနအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ကြို့သုံးပင်ရပ်ကွက်က မူလတန်းကျောင်းအုပ် ဆရာမ ပုမ်ခန့်ကျိန်နဲ့ ဆင်ရွာကျေးရွာက မူလတန်းပြ ဆရာမ မန်ဆန်းကိမ်တို့ ၂ ယောက်အပေါ် အမှုဖွင့်လိုက်တာ ” လို့ ကလေးမြို့ခံ ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။ အမှုဖွင့်ခံလိုက်ရတဲ့ ကျောင်းဆရာမ ၂ ဦးဟာ ဩဂုတ်လ ၁၄ ရက်ည ၉ နာရီက ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ထဲက နေအိမ်တလုံးမှာ တိမ်ရှောင်နေစဥ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောင်းဆရာမ ၂…
Read Moreဟုမ္မလင်းနယ်က အုပ်စု အုပ်ချုပ်ရေးမှူး ရွှေလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး
သြဂုတ် ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်မိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ နောင်မိုးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ညက ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ပြောစရာရှိတယ်ဆိုပြီး အိမ်ကိုလာခေါ်သွားတယ်၊ ဒီမနက် အစောပိုင်းမှာ နောင်ဟင်ရွှေမှော်ထဲက သူ့လုပ်ကွက်မျှောမှာ သေနတ်နဲ့ ပစ်ခံရလို့ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြန်တွေ့ရတယ် ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကိုပြောပါတယ်။ သေဆုံးသူ ဦးမန်းတင်ဟာ နောင်မိုးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်သလို ရွှေလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်တယ်လို့ သိရပြီး သူအသတ်ခံရတဲ့နေရာဟာ သူပိုင်ဆိုင်တဲ့ ရွှေလုပ်ကွက်ထဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ…
Read Moreထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုပြီ
တိုင်ပေ၊ သြဂုတ်-၂၃-၂၀၂၁ မျိုးဆက် (VOM) ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကာကွယ်ဆေးတစ်မျိုးကို အလျှင်အမြန်အတည်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့်လည်း အဲဒီကာကွယ်ဆေး အသုံးပြုထိုးနှံမှုကို သြဂုတ် ၂၃ ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ Medigen လို့အမည်ပေးထားတဲ့ အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုတွေ အပြည့်အဝမပြီးသေးပေမယ့် အရေးပေါ်အသုံးပြုခွင့်ကို ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ခွင့်ပြုခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်ဟာ ဆေးရောက်ရှိမှုနှောင့်နှေးခြင်းနဲ့ ပြည်သူတွေအကြား ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေတာတွေကြောင့် အဟန့်အတားဖြစ်နေပါတယ်။ ပြည်တွင်းဖြစ်ကာကွယ်ဆေး Medigen ကို သြဂုတ် ၂၃ ရက်မှာ သမ္မတဆိုင်အင်းဝမ်က စတင်ထိုးနှံခဲ့ပါတယ်။ လက်ရှိခွင့်ပြုထားတဲ့ အဲဒီကာကွယ်ဆေးကို Medigen Vaccine Biologics Corp မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကာကွယ်ဆေး နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုတွေကို ပါရာဂွေးနိုင်ငံမှာ ပြုလုပ်နေပြီး ယခုနှစ်နှောင်းပိုင်းမှာ အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။ Ref : BBC Photo: Getty Image #voiceofmyanmar…
Read More