မုံရွာမြို့မှာ ရဲမေ သားအဖနေတဲ့အိမ် ဗုံးပေါက်ကွဲမှူဖြစ်

သြဂုတ် ၊ ၂၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ အမှတ် ၈၊ အောင်သပြေလမ်းမှာရှိတဲ့ ဆယ်အိမ်မှူးနဲ့ ရဲမေတို့နေထိုင်တဲ့အိမ်မှာ မနေ့ သြဂုတ် ၂၂ ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြဝတီရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” အဖေဖြစ်တဲ့သူက ရပ်ကွက်လူကြီး ၊ သမီးဖြစ်တဲ့သူက ရဲ ဆိုတော့ အခုလို ဗုံးထုခံရပြီး ပေါက်ကွဲတာ ဖြစ်မှာ ” လို့ မြဝတီရပ်ကွက်မှာနေတဲ့သူ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေအိမ် မိသားစုဟာ ဖခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဆယ်အိမ်မှူးဟောင်း တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သမီးဖြစ်သူက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
 
” ရဲမေ ကောင်မလေးရဲ့ အိပ်ခန်းနဲ့ ၂ ပေ ဝန်းကျင်နေရာလောက်မှာ ဗုံးကျပြီး ပေါက်ကွဲတာဖြစ်တယ် ၊ ဗုံးအမျိုးအစားက လက်လုပ် Shark အချိုရည်ဗူး ဗုံးမို့ တော်သေးတာပေါ့ ” လို့ အဲ့ဒီ အိမ်ပတ်ဝန်းကျင်နေသူ တစ်ဦးက ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာမရှိပေမယ့် ရပ်ကွက်နေ အနီးဝန်းကျင်က လူတွေကတော့ ကြောက်လန့် စိုးရိမ်နေရတယ်လို့ သိရပါတယ် ။
 
ဒါ့အပြင် မနေ့ သြဂုတ် ၂၂ နေ့လယ်ပိုင်းက မုံရွာမြို့ လယ်တီရပ်ကွက်၊ သမဝါယမ ရေခဲစက်နားက စည်ပင်သာယာ အရာရှိဝန်ထမ်းတွေနေတဲ့ အိမ်ရာမှာ ချိန်ကိုက်ဗုံး ၁ လုံးကို လက်ဆွဲခြင်းထဲထည့်ပြီး ထောင်ထားတာကို တွေ့ရလို့ ရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW