ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုပြီ

တိုင်ပေ၊ သြဂုတ်-၂၃-၂၀၂၁
မျိုးဆက် (VOM)

ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကာကွယ်ဆေးတစ်မျိုးကို အလျှင်အမြန်အတည်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့်လည်း အဲဒီကာကွယ်ဆေး အသုံးပြုထိုးနှံမှုကို သြဂုတ် ၂၃ ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။

Medigen လို့အမည်ပေးထားတဲ့ အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုတွေ အပြည့်အဝမပြီးသေးပေမယ့် အရေးပေါ်အသုံးပြုခွင့်ကို ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ခွင့်ပြုခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်ဟာ ဆေးရောက်ရှိမှုနှောင့်နှေးခြင်းနဲ့ ပြည်သူတွေအကြား ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေတာတွေကြောင့် အဟန့်အတားဖြစ်နေပါတယ်။

ပြည်တွင်းဖြစ်ကာကွယ်ဆေး Medigen ကို သြဂုတ် ၂၃ ရက်မှာ သမ္မတဆိုင်အင်းဝမ်က စတင်ထိုးနှံခဲ့ပါတယ်။ လက်ရှိခွင့်ပြုထားတဲ့ အဲဒီကာကွယ်ဆေးကို Medigen Vaccine Biologics Corp မှထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကာကွယ်ဆေး နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုတွေကို ပါရာဂွေးနိုင်ငံမှာ ပြုလုပ်နေပြီး ယခုနှစ်နှောင်းပိုင်းမှာ အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။

Ref : BBC
Photo: Getty Image
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW