ထီးလင်းနယ် ကင်းပန်းရွာက စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၂၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကင်းပန်းကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ ဦးသော်တာဟာ မနေ့ သြဂုတ် ၂၃ မနက် အစောပိုင်းအချိန်က သူ့ရဲ့ နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကင်းပန်းရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” ရွာမှာတော့ စစ်ပြန်ကြီးလို့ခေါ်တဲ့ ဦးသော်တာရဲ့ အိမ်ကို မနက်အစောကြီး လူဝိုင်းခံရတယ် ၊ ဆူညံအော်ဟစ်ပြောသံတွေကြားရပြီး သိပ်မကြာဘူး ခဲပေါက်သံတွေနဲ့ သေနတ်သံတွေကြားလိူက်ရတယ် ၊ မိုးလင်းမှ သိရတာက စစ်ပြန်ကြီး ဦးသော်တာ သေနတ်မှန် သေနေတာ ” လို့ ကင်းပန်းရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ သေဆုံးသူ ဦးသော်တာဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ပြီး ရွာရေးရပ်ရေး လုပ်ဆောင်တဲ့အခါ တက်ကြွစွာပါဝင်လေ့ရှိပြီး မြို့နယ် လူကြီးတွေဆီ ပြောရဲဆိုရဲရှိသူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
 
ဇူလိုင် ၂၈ ရက် မနက် အစောပိုင်း ၃ နာရီဝန်းကျင်ကလည်း ထီးလင်းမြို့နယ်၊ လောင်းဘို (ချောင်းပေါက်)မှာ နေထိုင်နေတဲ့ ထွေအုပ်စာရေး မိသားစုဟာ သတ်ဖြတ်ခံရပါသေးတယ် ။
 
အဲ့ဒီ လူသတ်မှုဖြစ်စဥ်မှာ ထွေအုပ်စာရေး ကိုချမ်းသာနဲ့ အသက် ၈ နှစ်အရွယ် သူ့သမီးလေးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်မှာကျန်ခဲ့တဲ့ ကိုချမ်းသာရဲ့ မိန်းမ မတင်တင်ဝင်းနဲ့ အသက် ၁၀ နှစ်အရွယ် သားလေးတို့ ခုတ်သတ်ခံခဲ့ရတဲ့ ဖြစ်ခဲ့ပါတယ်။
 
#voiceofmyanmar #vom #ထီးလင်း #စစ်မှုထမ်းဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW