မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျလို့ လူ ၈ ဦး သေဆုံးပြီး ကျန်ရုပ်အလောင်းတွေ ဆက်ရှာနေရ

သြဂုတ် ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ကြပ်ပြင်၊ အောင်သစ်လွင်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတဲ့အတွက် သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။   ရှာဖွေကယ်ဆယ်ရေးတွေ လုပ်တဲ့အခါ ဒီနေ့ ညနေ ၅ နာရီအထိ သေဆုံးသူ ရုပ်အလောင်း ၈ လောင်းကိုသာ ရှာဖွေထားနိုင်ပြီး ကျန်ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဖြစ်တာက ဒီမနက် ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မြေပြိုကျလို့ လူနေအိမ် ၃ လုံးအပေါ် မြေစာပိပြီး စာရင်းအရ လူ ၁၁ ယောက် မြေစာပိ ပျောက်ဆုံးနေတာပါ ၊ ဒီညနေအထိတော့ ၈ လောင်းကို ရှာဖွေနိုင်ခဲ့ပြီးဖြစ်လို့…

Read More

မြန်မာ့အရေး အင်ဒို-ပစိဖိတ်နိုင်ငံတွေ ပူးပေါင်းကြဖို့ အမေရိကန်ဒုသမ္မတ တိုက်တွန်း

စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ ပူးပေါင်းပါ၀င်ကြဖို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က သြဂုတ် ၂၄ ရက်မှာတိုက်တွန်းလိုက်ပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်က ပြစ်တင်ရှုတ်ချတယ်လို့လည်း အမေရိကန်ဒုသမ္မတက စင်ကာပူမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။   အကြမ်းဖက်မှုလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မိမိတို့ပြစ်တင်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးမှာ မြန်မာပြည်သူတွေကို ထောက်ခံတယ်လို့ မိမိတို့ကတိပြုကြောင်း သူမကဆိုပါတယ်။   မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် မိမိတို့ရဲ့အားထုတ်မှုတွေမှာ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေက ပူးပေါင်းပါ၀င်ဖို့ မျှော်လင့်တယ်လို့ ကမလာဟားရစ်က ပြောပါတယ်။ သူမဟာ စင်ကာပူကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ လက်ရှိအချိန်ထိ အောင်မြင်ခြင်းမရှိသေးပါဘူး။   အမေရိကန်၊ အီးယူ၊ ကနေဒါနဲ့ ဗြိတိန်တို့လို အင်အားကြီး အနောက်နိုင်ငံတွေကတော့ အရေးယူပိတ်ဆို့မှုတွေချမှတ်ပြီး…

Read More

သင်္ဃန်းကျွန်းမှာ Zello အသုံးပြုသူကိုဖမ်းမိပြီး ခြေရာခံကာ မြို့နယ်အချို့က လူငယ်တွေကို ဖမ်းဆီး

သြဂုတ် ၂၄-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇဗ္ဗူမေတ္တာလမ်းမှာ မနေ့ ဩဂုတ်လ ၂၃ရက် ညနေ ၆နာရီခွဲက တက်ကြွလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ” ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက သင်္ဃန်းကျွန်းမြို့နယ်က Zello Apk ကွန်ယက်အသုံးပြုတဲ့ လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးမိပြီးနောက်ပိုင်းမှာ ခြေရာခံပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်၊ ဝေါ်ကီတော်ကီလိုမျိုး အဖွဲ့လိုက်စုပြောလို့ရတဲ့ဆော့ဖ်ဝဲမျိုး၊ ကျနော်တို့လူငယ်တွေ ဆက်သွယ်လို့ရအောင် Channel တစ်ခုလုပ်ထားတာ Zelloဆိုပြီး အဲ့စကားပြောစက်က တစ်ဆင့်လူငယ်တွေကိုလိုက်ဖမ်းတာ”လို့ သင်္ဃန်းကျွန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   မနေ့က သင်္ဃန်းကျွန်းမြို့နယ်က လူငယ်တွေကို ဖမ်းဆီးပြီးနောက် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အိမ်အမှတ် ၅၄က မိတ်ဆက် ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင်လင်မယားနဲ့ လူ၅ဦးပါ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။   တောင်ဥက္ကလာမြို့နယ်၊…

Read More

ရှမ်းပြည်နယ်တောင်ပိုင်းက မီးရထားဝန်ထမ်း ၂ ဦးကို လမ်းဘေးမှာ သေဆုံးလျက်တွေ့

သြဂုတ် ၊ ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းရထားလမ်းပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးရထားဝန်ထမ်း ၂ ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက တွေ့ခဲ့ရတဲ့အတွက် အောင်ပန်းရဲဌာနကို အကြောင်းကြားထားတယ်လို့ ကုန်းလွင်ရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ကုန်းလွင် ရွာခံတစ်ယောက်က “ရထားလမ်းဘေးက ရွာရဲ့ ပြောင်းစိုက်ခင်းထဲမှာ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်ကြားလို့ သွားကြည့်တဲ့သူတွေကပြောတယ်၊ လုပ်ကြံခံရလို့ သေနေတဲ့ လူ ၂ ယောက်က ရထားဝန်ထမ်းတွေဖြစ်နေတာ ” လို့ ပြောပါတယ် ။   သေဆုံးသူ ၂ ဦး နဲ့ ပတ်သက်လို့ ” ကိုဝေမင်းထွန်း အသက် ၃၀ နှစ်နဲ့ ကိုဝေယံစိုး အသက် ၃၃…

Read More

အမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေး အချိန်ထပ်တိုးရင် ဆိုးကျိုးရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့သတိပေး

ကဘူး၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်မှ အမေရိကန်တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမယ့် နေ့ရက်ကို သက်တမ်းထပ်မတိုးဖို့ အမေရိကန်ကို တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။   တာလီဘန်အဖွဲ့နဲ့ သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့၀င်တွေကို သြဂုတ် ၃၀ နောက်ဆုံးထားပြီး နိုင်ငံအတွင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။   ဒါပေမယ့် သြဂုတ် ၂၄ ရက်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်တပ်ဖွဲ့၀င်များ ရုပ်သိမ်းမည့်နောက်ဆုံးနေ့ရက်ကို တိုးမြှင့်ရေးကို ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ကလိုလားနေကြပါတယ်။   အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေးအတွက် အချိန်ထပ်တိုးခြင်းပြု၊မပြုနဲ့ပတ်သက်ပြီး ၂၄ နာရီအတွင်းဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အမေရိကန်တာ၀န်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။   ဒါပေမယ့် သဘောတူညီချက်ကိုချိုးဖောက်ပြီး အမေရိကန်တပ်ဖွဲ့၀င်တွေ ဆက်ရှိနေဦးမယ်ဆိုရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။   လက်ရှိမှာတော့ အာဖဂန်မြို့တော် ကဘူးလေဆိပ်မှ လူထောင်ပေါင်းများစွာကို…

Read More

ပုလောမြို့နယ် ကော့ဒွေးမှာ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သောင်တင်သေဆုံး

သြဂုတ် ၊ ၂၄ -၂၀၂၁ ကိုတိုးကြီး (VOM)   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကော့ဒွေးကျေးရွာအရှေ့ဘက်က သဲသောင်ပြင်ပေါ်မှာ မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” တွေ့ရတဲ့ ငါးမန်းဟာ Whale Shark ဝေလ ငါးမန်း အမျိုးအစားဖြစ်တယ် ၊ ခန္ဓာကိုယ် ပေအရှည်က ၂၄ ပေ ၊ ကိုယ်ထည် လုံးပတ်က ၁၀ ပေ ၊ ပါးစပ်က ၃ ပေ ၆ လက္မ ၊ အမြီးက ၅ ပေ ၆ လက္မ ၊…

Read More

တောင်တရုတ်ပင်လယ်အရေး အကြပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ တရုတ်ကို အမေရိကန်ဒုသမ္မတ စွပ်စွဲ

စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ အရှေ့တောင်အာရှပထမဆုံးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး သြဂုတ် ၂၄ ရက်ကပြောကြားခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ တရုတ်နိုင်ငံအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ နှစ်ပေါင်းများစွာအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့ ကမလာဟားရစ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။   အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ဟာ မိမိတို့ရဲ့မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမယ်လို့ ကမလာဟားရစ်ကပြောပါတယ်။   သူ့ရဲ့အရှေ့တောင်အာရှခရီးစဉ်ဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ ကတိက၀တ်ကို ထပ်မံအတည်ပြုဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။   တောင်တရုတ်ပင်လယ်အတွင်း တရားမ၀င်နယ်မြေပိုင်ဆိုင်မှု တောင်းဆိုတာတွေကို ပယ်ချကြောင်း ၂၀၁၆ ခုနှစ်တွင် ခုံသမဓိရုံးက ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က ဝေဖန်ပြောဆိုပါတယ်။…

Read More

ပုသိမ်မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲလို့ စစ်သားအချို့ဒဏ်ရာရ

သြဂုတ်လ ၂၄ -၂၀၂၁ KK(VOM)   စစ်တပ်က လုံခြုံရေးယူထားတဲ့ ပုသိမ်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြန်မာစီးပွားရေဘဏ်(တိုင်းရုံး)အနီးမှာ ဒီကနေ့မနက် ၇နာရီခွဲက ဗုံးပေါက်ကွဲခဲ့လို့ စစ်သားအချို့ဒဏ်ရာရရှိခဲ့တယ်လို့ဘဏ်အနီးနေထိုင်သူအချို့က ပြောပါတယ်။   အမှတ် ၄ရပ်ကွက်က ပြည်သူတစ်ဦးက ” မြို့နယ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်တာပါ၊ စစ်သားလေးဦး ဒဏ်ရာရတယ်လို့ကြားတယ်”လို့ ပြောပါတယ်။   ဗုံးပေါက်ကွဲမှုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ ​အမှတ်၄ရပ်ကွက်၊ ရွှေစေတီလမ်းနဲ့မြို့နယ်ရုံးအနီးတစ်ဝိုက်ကလမ်းတွေက်ို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ပုသိမ်မြို့နယ်မှာ မေလ ၂၅ရက် နေ့လယ်၁၂ နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲလို့ ရုံးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။   အလားတူ မေလ ၁၉ ရက် ညပိုင်းကလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အုတ်ခဲနဲ့ အထုခံခဲ့ရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။  …

Read More

ဆားလင်းကြီးမြို့နယ်က သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးအရေးယူခံထားရ

သြဂုတ် ၊ ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောကျေးရွာက DVB သတင်းဌာနရဲ့ CJ သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဂုဏ်တောရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ” သူက ဂုဏ်တောရွာနဲ့ မုံရွာကို ကူးချီသန်းလဲ့ သွားလာနေတာဆိုတော့ ဘယ်နေ့က ဖမ်းခံရတယ်ဆိုတာ မသိရဘူး အဆက်အသွယ်ပြတ်နေတာကြာပြီ ၊ မနေ့က ညကြမှ သူဖမ်းခံထားရတယ် ၊ မုံရွာမှာ အမှုဖွင့်ခံထားရတယ်ဆိုတာ သိရတာ ” လို့ ဂုဏ်တောရွာခံ တစ်ယောက်က ပြောပါတယ်။   မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူခံထားရတဲ့ ကိုမိုးမင်းဦးဟာ ၂၀၁၂ / ၁၃ ကာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ စပယ်တောင် ကြေးနီစီမံကိန်း…

Read More

ထီးလင်းနယ် ကင်းပန်းရွာက စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၂၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကင်းပန်းကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ ဦးသော်တာဟာ မနေ့ သြဂုတ် ၂၃ မနက် အစောပိုင်းအချိန်က သူ့ရဲ့ နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကင်းပန်းရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ” ရွာမှာတော့ စစ်ပြန်ကြီးလို့ခေါ်တဲ့ ဦးသော်တာရဲ့ အိမ်ကို မနက်အစောကြီး လူဝိုင်းခံရတယ် ၊ ဆူညံအော်ဟစ်ပြောသံတွေကြားရပြီး သိပ်မကြာဘူး ခဲပေါက်သံတွေနဲ့ သေနတ်သံတွေကြားလိူက်ရတယ် ၊ မိုးလင်းမှ သိရတာက စစ်ပြန်ကြီး ဦးသော်တာ သေနတ်မှန် သေနေတာ ” လို့ ကင်းပန်းရွာခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ သေဆုံးသူ ဦးသော်တာဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ပြီး ရွာရေးရပ်ရေး…

Read More
VOM News

FREE
VIEW