ပုလောမြို့နယ် ကော့ဒွေးမှာ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သောင်တင်သေဆုံး

သြဂုတ် ၊ ၂၄ -၂၀၂၁
ကိုတိုးကြီး (VOM)
 
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကော့ဒွေးကျေးရွာအရှေ့ဘက်က သဲသောင်ပြင်ပေါ်မှာ မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် ငါးမန်းကြီး ၁ ကောင် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” တွေ့ရတဲ့ ငါးမန်းဟာ Whale Shark ဝေလ ငါးမန်း အမျိုးအစားဖြစ်တယ် ၊ ခန္ဓာကိုယ် ပေအရှည်က ၂၄ ပေ ၊ ကိုယ်ထည် လုံးပတ်က ၁၀ ပေ ၊ ပါးစပ်က ၃ ပေ ၆ လက္မ ၊ အမြီးက ၅ ပေ ၆ လက္မ ၊ လိင်က အထီးဖြစ်တယ် ၊ ကမ္ဘာ့ရှားပါး ငါးမန်းမျိုးစိတ် စာရင်းထဲမှာ ရှိတယ် ၊ အခုသေဆုံးရတာ သဘာဝ ဘေးနဲ့ ရာသီဥတုဒဏ်ကြောင့် သေဆုံးရတာ ဖြစ်တယ် ” လို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူ တစ်ယောက်က VOM ကို ပြောပါတယ်။
 
အဲ့ဒီ သေဆုံးနေတဲ့ ဝေလ၊ငါးမန်းကြီးကို ပုလောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လမ်းညွှန်မှုအတိုင်း ကော့ဒွေးကျေးရွာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ဦးကျော်သူရတို့က အဲ့ဒီသောင်ပြင်မှာ ကောင်းမွန်စွာ မြေမြုတ်ခဲ့တယ်လို့ သိရပါတယ်။
 
Photo-ငါးလုပ်ငန်း ညွှန်/ရုံး(နေပြည်တော်)
#voiceofmyanmar #VOM #ပုလော

Related posts

Leave a Comment

VOM News

FREE
VIEW