မြန်မာ့အရေး အင်ဒို-ပစိဖိတ်နိုင်ငံတွေ ပူးပေါင်းကြဖို့ အမေရိကန်ဒုသမ္မတ တိုက်တွန်း

စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ ပူးပေါင်းပါ၀င်ကြဖို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က သြဂုတ် ၂၄ ရက်မှာတိုက်တွန်းလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်က ပြစ်တင်ရှုတ်ချတယ်လို့လည်း အမေရိကန်ဒုသမ္မတက စင်ကာပူမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
 
အကြမ်းဖက်မှုလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မိမိတို့ပြစ်တင်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးမှာ မြန်မာပြည်သူတွေကို ထောက်ခံတယ်လို့ မိမိတို့ကတိပြုကြောင်း သူမကဆိုပါတယ်။
 
မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် မိမိတို့ရဲ့အားထုတ်မှုတွေမှာ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေက ပူးပေါင်းပါ၀င်ဖို့ မျှော်လင့်တယ်လို့ ကမလာဟားရစ်က ပြောပါတယ်။
သူမဟာ စင်ကာပူကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ လက်ရှိအချိန်ထိ အောင်မြင်ခြင်းမရှိသေးပါဘူး။
 
အမေရိကန်၊ အီးယူ၊ ကနေဒါနဲ့ ဗြိတိန်တို့လို အင်အားကြီး အနောက်နိုင်ငံတွေကတော့ အရေးယူပိတ်ဆို့မှုတွေချမှတ်ပြီး ဖိအားပေးဖို့ ကြိုးစားနေပါတယ်။
 
Ref : Laprensalatina
Photo: Reuters
#voiceofmyanmar #vom #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW