မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျလို့ လူ ၈ ဦး သေဆုံးပြီး ကျန်ရုပ်အလောင်းတွေ ဆက်ရှာနေရ

သြဂုတ် ၂၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ကြပ်ပြင်၊ အောင်သစ်လွင်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတဲ့အတွက် သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
ရှာဖွေကယ်ဆယ်ရေးတွေ လုပ်တဲ့အခါ ဒီနေ့ ညနေ ၅ နာရီအထိ သေဆုံးသူ ရုပ်အလောင်း ၈ လောင်းကိုသာ ရှာဖွေထားနိုင်ပြီး ကျန်ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဖြစ်တာက ဒီမနက် ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မြေပြိုကျလို့ လူနေအိမ် ၃ လုံးအပေါ် မြေစာပိပြီး စာရင်းအရ လူ ၁၁ ယောက် မြေစာပိ ပျောက်ဆုံးနေတာပါ ၊ ဒီညနေအထိတော့ ၈ လောင်းကို ရှာဖွေနိုင်ခဲ့ပြီးဖြစ်လို့ ကျန် ၃ လောင်းကို ဆက်လက်ရှာဖွေနေတာဖြစ်တယ် ” လို့ မြတ်စေတနာ လူမှုကူညီရေးအသင်းရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
အဲ့ဒီ မြေပြိုမှုဖြစ်တဲ့နေရာမှာ လွတ်မြောက်လာသူ (၃)ဦးလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းကလည်း မိုးကုတ်မြို့၊ မြို့မရပ်ကွက်၊ အပိုင်း ၄ မှာ တောင်ကမ်းပါးယံ ပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတာကြောင့် ကျား ၅ ဦး နဲ့ မ ၁ ဦး(ကလေးငယ်)၊ စုစုပေါင်း ၆ ဦးကို အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့​ပြီး လူ ၁ ယောက်သေဆုံးခဲ့ပါသေးတယ်။
 
သြဂုတ် ၁၂ နေ့လယ်ပိုင်းကလည်း မိုးကုတ်အနောက်ပိုင်း၊ ကြပ်ပြင်၊ အင်းခေါင်းရပ်မှာ နေအိမ်တလုံး မြေပြိုကျလို့ ကလေးငယ် ၁ ယောက်အပါအဝင် မိသားစု ၃ ယောက် မြေပိသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
 
ဩဂုတ်လအတွင်း မိုးကုတ်မြိို့နယ်မှာ မြေပြိုကျပြီး မြေပိလို့ သေဆုံးသူ ၁ ဒါဇင် ရှိပြီဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပြီး အဲ့ဒီ မှတ်တမ်းတွေထဲမှာ အခုကျန်နေသေးတဲ့ ရှာဖွေနေဆဲ ရုပ်အလောင်း အရေအတွက်တွေ ပါဝင်ခြင်းမရှိသေးဘူးလို့လည်း သ်ိရပါတယ်။
 
Photo- မိုးကုတ်မီးသတ်
#voiceofmyanmar #VOM #မိုးကုတ

Related posts

Leave a Comment

VOM News

FREE
VIEW