ပုသိမ်မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲလို့ စစ်သားအချို့ဒဏ်ရာရ

သြဂုတ်လ ၂၄ -၂၀၂၁
KK(VOM)
 
စစ်တပ်က လုံခြုံရေးယူထားတဲ့ ပုသိမ်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြန်မာစီးပွားရေဘဏ်(တိုင်းရုံး)အနီးမှာ ဒီကနေ့မနက် ၇နာရီခွဲက ဗုံးပေါက်ကွဲခဲ့လို့ စစ်သားအချို့ဒဏ်ရာရရှိခဲ့တယ်လို့ဘဏ်အနီးနေထိုင်သူအချို့က ပြောပါတယ်။
 
အမှတ် ၄ရပ်ကွက်က ပြည်သူတစ်ဦးက ” မြို့နယ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်တာပါ၊ စစ်သားလေးဦး ဒဏ်ရာရတယ်လို့ကြားတယ်”လို့ ပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ ​အမှတ်၄ရပ်ကွက်၊ ရွှေစေတီလမ်းနဲ့မြို့နယ်ရုံးအနီးတစ်ဝိုက်ကလမ်းတွေက်ို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ပုသိမ်မြို့နယ်မှာ မေလ ၂၅ရက် နေ့လယ်၁၂ နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲလို့ ရုံးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
အလားတူ မေလ ၁၉ ရက် ညပိုင်းကလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အုတ်ခဲနဲ့ အထုခံခဲ့ရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။
 
#voiceofmyanmar #VOM #ပုသိမ

Related posts

Leave a Comment

VOM News

FREE
VIEW