ထိုင်ဝမ် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် ၊ တိုက်လေယာဉ်တွေဝယ်ဖို့ ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲမယ်

တိုင်ပေ၊ သြဂုတ်-၂၆-၂၀၂၁
မျိုးဆက် (VOM)

လာမယ့်နှစ်အတွက် အနည်းငယ်သာတိုးမြှင့်ထားတဲ့ ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို သြဂုတ် ၂၆ ရက်မှာ ထိုင်ဝမ်အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံထံမှ ဖိအားတွေနဲ့တိုးမြှင့်ရင်ဆိုင်နေရတဲ့ ထိုင်ဝမ် အနေနဲ့ တိုက်လေယာဉ်သစ်များဝယ်ယူဖို့အတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေတိုးမြှင့်ပေးနေပြီး လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်ကိုပိုင်နက်အဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားအသုံးပြုမယ်လို့ပြောဆိုထားပါတယ်။

သမ္မတဆိုင်အင်းဝမ်ရဲ့ အစိုးရအဖွဲ့ဟာ ဇန်နဝါရီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် စစ်အသုံးစရိတ် ဒေါ်လာ ၁၆ ဒသမ ၈၉ ဘီလီယံအသုံးပြုဖို့ အဆိုပြုခဲ့တယ်လို့ ထိုင်ဝမ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း ကာကွယ်ရေးအသုံးစရိတ်ထဲမှာ တိုက်လေယာဉ်သစ်တွေဝယ်ယူရေးအတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး အက်ဖ်-၁၆ တိုက်လေယာဉ်တွေဖြစ်ဖွယ်ရှိပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်သို့ ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေကို ရောင်းချဖို့ ၂၀၁၉ ခုနှစ်မှာ အတည်ပြုခဲ့ပြီး အဲဒီသဘောတူညီချက်ကြောင့် ထိုင်ဝမ်မှာ အာရှရဲ့အကြီးဆုံး အက်ဖ်-၁၆ တိုက်လေယာဉ်အုပ်စုအဖြစ် အစင်း ၂၀၀ ထိရှိလာမှာဖြစ်ပါတယ်။

Ref : CNA
Ref: Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW