အိန္ဒိယမှာ အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြန်

ဒေလီ၊ သြဂုတ် ၂၆-၂၀၂၁
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ အသက် ၂၃ နှစ်အရွယ်ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီးနောက် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ဆေးရုံတက်ကုသခံနေရပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေပါတယ်။

အဆိုပါကျောင်းသူမှာ ကနဦးတွင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေရှိပေမယ့် လက်ရှိမှာတော့ အခြေအနေတည်ငြိမ်နေပြီလို့ ကာနာတာကာရှိ မိုဆူရူမြို့ရဲတပ်ဖွဲ့က ပြောပါတယ်။

ကျူးလွန်သူလို့ယူရဆရတဲ့ အမျိုးသားငါးဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဒီဖြစ်စဉ်ဟာ သမီးရည်းစားတွေ အကြိုက်တွေ့သွားရောက်လေ့ရှိတဲ့ ချာမွန်ဒီတောင်ကုန်းအနီး တောအုပ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဓမ္မမှုကျူးလွန်သူတွေဟာ အရက်သေစာသောက်စားထားပြီး ကျောင်းသူကို အဓမ္မမပြုကျင့်မီ သူမရဲ့ရည်းစားဖြစ်သူကို ပုလင်းတွေနဲ့ပစ်ပေါက်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာပင် အဓမ္မပြုကျင့်မှု ၃၃၉၇၇ မှုရှိခဲ့ကြောင်း ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပြီး ဒါဟာ ၁၅ မိနစ်တိုင်း အဓမ္မပြုကျင့်မှု တစ်ကြိမ်ဖြစ်ပွားနေတဲ့နှုန်းဖြစ်ပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

✕
VOM News

FREE
VIEW