ရေဒီယိုအသံတိုးမပေးတဲ့ ထိုင်းလူမျိုးကို မြန်မာလုပ်သားတစ်ဦးက ပစ်သတ်

ဘန်ကောက်၊ သြဂုတ်-၃၁-၂၀၂၁ မျိုးဆက် (VOM)   မြန်မာအမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံ ဖရွန်ဖီရမ်ခရိုင်မှာရှိတဲ့ ဂေါက်ကွင်းသုံးပစ္စည်းပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တစ်ဦးကို သြဂုတ် ၂၉ ရက် ညပိုင်းက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက သြဂုတ် ၃၁ ရက်မှာပြောပါတယ်။   အဲဒီဖြစ်စဉ်ဟာ ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ(၆)ထဲမှာရှိတဲ့ Silver Star ဂေါက်ကွင်းသုံး ပစ္စည်းပြင်ဆင်တဲ့ဆိုင်မှာ ည ၇ နာရီ ၄၀ မိနစ်လောက်မှာဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူကပြောပါတယ်။   သေဆုံးသွားတဲ့ အသက် ၄၆ နှစ်အရွယ် ပေါင်သိဖလွိုင်ပါဆောင်ဆိုသူ ထိုင်းအမျိုးသားဟာ ရေဒီယိုကို ကျယ်လောင်စွာဖွင့်နေတာကြောင့် တိုးပေးဖို့အတွက် မြန်မာလူမျိုးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဌေးအောင်က ပြောရာကနေ စကားများခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေကပြောပါတ်။   စကားများပြီးနောက် ဌေးအောင်ဟာ အနီးနားရှိမြက်ရိတ်စက်အောက်မှာ ဝှက်ထားတဲ့ သေနတ်နဲ့ ထိုင်းအမျိုးသားကို ပစ်ခတ်ခဲ့ပြီး…

Read More

မှော်ဘီမြို့၊လျှပ်စစ်ရုံးအနီး ဗုံးကွဲမှုမှာ လက်ဖြတ်လိုက်ရတဲ့ ကလေးငယ် အကူအညီလိုအပ်နေ

ရန်ကုန်၊သြဂုတ် ၃၁၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနီး မနေ့ဩဂုတ်လ ၃၀ရက်က ဗုံးပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦး လက်ဖြတ်လိုက်ရတဲ့အတွက် အကူအညီလိုအ ပ်နေတယ်လို့ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းကနေ သိရပါတယ်။   ” မနေ့ မနက်ပိုင်းက လျှပ်စစ်ရုံးအနီးမှာ အထုပ်တစ်ထုပ်ကို အမှိုက်ကောက်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကတွေ့ရှိပြီး ကောက်ကိုင်ရာကနေ ပေါက်ကွဲခဲ့တယ်၊ မြောက်ဥက္ကလာပဆေးရုံ အရိုးကုသဌာနမှာ ဗုံးပေါက်ပြီး ယမ်းစတွေဝင်တာကြောင့် ညာဘက်လက်ကောက်ဝတ်ကနေပြီး ဖြတ်လိုက်ရတယ်၊ ခြေထောက်လည်းနည်းနည်းထိထားတယ်၊ ကျနော်တို့လည်း ကူညီပေးနေတယ်၊ ဝိုင်းကူညီရင်တော့ ပိုကောင်းတာပေါ့”လို့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းက တိုင်းတာဝန်ခံ ကိုညဏ်မင်းထွန်းက VOMကိုပြောပါတယ်။   လက်လုပ်မိုင်းထိမှန်တဲ့ ကလေးငယ်ဟာ အသက် ၁၃နှစ်သာရှိပြီး အမေဖြစ်သူမှာ နောက်အိမ်ထောင်ပြုထားလို့ ဦးလေးဖြစ်သူနဲ့နေကာ မိမိဝမ်းရေးအတွက် ရေသန့်ဗူးပလစ်စတစ်ကောက်နေရတာဖြစ်တယ်လို့ ကိုညဏ်မင်းထွန်းက ရှင်းပြပါတယ်။   လက်တလောမှာ ကလေးကို…

Read More

တရုတ်မှာ ၁၈ နှစ်အောက်အရွယ်တွေကို ဂိမ်းကစားချိန် တစ်နာရီသာခွင့်ပြုတော့မယ်

ပေကျင်း၊ သြဂုတ်-၃၁-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် အွန်လိုင်းဂိမ်းကစားသူတွေကို သောကြာ၊ စနေ၊ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ တစ်နေ့ကို တစ်နာရီသာကစားဖို့ သတ်မှတ်မှာဖြစ်ကြောင်း ဗီဒီယိုဂိမ်းထိန်းချုပ်ရေး တာ၀န်ရှိသူတွေက သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒီလိုသတ်မှတ်လိုက်တာကြောင့် အရွယ်မရောက်သူတွေရဲ့ ဂိမ်းကစားချိန်ကို ည ရှစ်နာရီမှ ကိုးနာရီထိသာ ခွင့်ပြုတော့မဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။   ဒီအချိန်ပြင်ပမှာ အရွယ်မရောက်သူတွေ ဂိမ်းကစားကို တားမြစ်ဖို့ ဂိမ်းကုမ္ပဏီတွေကို တာ၀န်ရှိသူတွေက ညွှန်ကြားထားပါတယ်။   အွန်လိုင်းဂိမ်းတွေဟာ မမြင်ရတဲ့ ဘိန်းစွဲသလိုဖြစ်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ယခုလအစောပိုင်းမှာ ဝေဖန်ရေးခဲ့ပါတယ်။   ဂိမ်းကစားချိန်သတ်မှတ်ဖို့ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ခြင်းရှိ၊မရှိ သိရှိနိုင်ဖို့ ဂိမ်းကုမ္ပဏီများအပေါ် စစ်ဆေးရေးလုပ်ငန်းတွေကိုလည်း တိုးမြှင့်သွားမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   ကလေးငယ်တွေ…

Read More

လှည်းကူးမှာ ရပ်ထားတဲ့စစ်ကား ဗုံးခွဲခံရ

သြဂုတ် ၃၁-၂၀၂၁ CKC(VOM)   ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်မှာ စစ်ကားတစ်စီးရပ်ထားချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စစ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” စစ်ကားက ရပ်ထားတာ.။ အဲ့ဒီနေရာမှာထပေါက်တာ ။ ကားထဲပစ်ခဲ့တာလား ၊ကားအနီးပေါက်သလားတော့ သေချာမသိဘူး။ တစ်ယောက်ဒဏ်ရာရတယ်တော့ကြားတယ်။ ပေါက်ကွဲမှုအနားလည်း ဘယ်သူမှမသွားရဲဘူးလေ ။ ပေါက်ကွဲမှူပြီးထဲက အဲ့ဒီနားအကုန်စစ်ဆေးနေတယ် ။ကားကတော့ ဟိုက်လတ်ကားပဲ ။စစ်သားကတော့ ၅ ယောက်လောက်ပါတယ် သိရတယ်။ ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ အဲ့ဒီပြည်တော်သာရပ်ကွက် လမ်းမတလျှောက်မှာ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။   ဒီကနေ့ မနက်ပိုင်းကကမာရွတ်မြို့နယ်၊ လှည်းတန်း ကမ္ဘောဇဘဏ်အနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။   Photo-CJ #voiceofmyanmar #VOM #လှည်းကူး

Read More

အမေရိကန်ရဲ့ အကြာရှည်ဆုံး အာဖဂန်စစ်ပွဲ အဆုံးသတ်လေပြီ

ကဘူး၊ သြဂုတ်-၃၁-၂၀၂၁ မျိုးဆက်(VOM)   အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ရဲ့ နောက်ဆုံးစစ်လေယာဉ်ဟာ မြို့တော်ကဘူးလေဆိပ်ကနေ ဒီကနေ့သြဂုတ် ၃၁ ရက်မှာ ထွက်ခွာခဲ့ပြီး အာဖဂန်မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံး အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။   အမေရိကန်ရဲ့ နောက်ဆုံးလေယာဉ်ဖြစ်တဲ့ စီ-၁၇ လေယာဉ်ဟာ အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အခြားသူတွေကို တင်ဆောင်ပြီး ကဘူးလေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်ရဲ့ ဒေသတွင်းစစ်ဘက်ထိပ်တန်းတာ၀န်ရှိသူ ဗိုလ်ချုပ်ကြီး ကန်နက်မက်ကန်ဇီကပြောပါတယ်။   နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အာဖဂန်ကနေ မထွက်ခွာနိုင်သူတွေကို သံတမန်ရေးရာ ကူညီမှုတွေ လုပ်ဆောင်ပေးမယ်လို့ သူကဆိုပါတယ်။   အမေရိကန်ရဲ့ နောက်ဆုံးလေယာဉ်ထွက်ခွာသွားချိန်မှာတော့ တာလီဘန်တို့က သေနတ်တွေပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။   အမေရိကန်ရဲ့နောက်ဆုံးလေယာဉ်ကဘူးလေဆိပ်ကနေ ထွက်ခွာသွားတာဟာ အာဖဂန်မှာ အမေရိကန်ရဲ့ အကြာရှည်ဆုံးစစ်ပွဲအဆုံးသတ်လိုက်တာဖြစ်သလို နိုင်ငံကိုတာလီဘန်တို့ထိန်းချုပ်ပြီးနောက် သြဂုတ် ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေလည်း ဆုံးခန်းတိုင်ပြီဖြစ်ပါတယ်။   အာဖဂန်မှာ…

Read More

ဝန်ခြုံးရွာကို လက်နက်ကြီးကျရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

သြဂုတ် ၃၁-၂၀၂၁ CKC(VOM)   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ခြုံးရွာထဲကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် ကျေးရွာတွင်းနေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီကျေးရွာအနီးရှိ ဒေသခံတွေဆီက သိရပါတယ် ။   ” လက်နက်ကြီးနဲ့ပစ်နေတာတွေကြားနေရတယ်။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ဘာကြောင့်ပစ်နေလဲဆိုတာတော့ သေချာမသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   ဒိနေ့ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၉ နာရီခန်ကတည်းက လက်နက်ကြီးပစ်ခတ်သံတွေကြားနေရကြောင်း နဲ့ နေ့လယ် ၁၂ နာရီကျော်တဲ့အထိလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ ပြောပါတယ်။   လက်နက်ကြီးကျရောက်ပြီး ပစ်ခတ်သံတွေကြားနေရတာဟာ ဘယ်အဖွဲ့က ပစ်နေလဲဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုဖို့ စုံစမ်းနေစဲဖြစ်ပ်တယ်။   ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးကျေးရွာပတ်ဝန်းကျင်မှာ အရင်ကလည်း တိုက်ပွဲဖြစ်ပွားတာမျိုး ရှိခဲ့တယ်လို့သိရပါတယ်။   #voiceofmyanmar #VOM #ပေါက်

Read More

ရွှေဘိုမြို့နယ်မှာ NUG ပရိုဖိုင် အသုံးပြုထားတဲ့ အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

သြဂုတ် ၊ ၃၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာ အမျိုးသမီး ၁ ဦးရဲ့ဖုန်းကို စစ်သားနဲ့ရဲတွေက ဖွင့်ကြည့်စစ်ဆေးတဲ့အခါ facebook ပရိုဖိုင်မှာ NUG လိုဂိုစာတမ်းတွေ့ရတဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   သီးလုံးကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးရဲ့ နေအိမ်ကို စစ်သားနဲ့ ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်ရှင်အမျိုးသမီးရဲ့ VIVO လက်ကိုင်ဖုန်းကို ဖွင့်ကြည့်စစ်ဆေးတဲ့အခါ အဲ့ဒီ အမျိုးသမီး အသုံးပြုနေတဲ့ facebook Account Profile မှာ NUG လိုဂိုစာတမ်းအသုံးပြုထားတာကြောင့် အဖမ်းခံရတာ ဖြစ်တယ်လို့ အဖမ်းခံရတဲ့ အမျိုးသမီးနဲ့ မိတ်ဆွေဖြစ်သူတွေ ပြောပြချက်အရ သိရပါတယ်။   ” သူနဲ့ ကျနော်က facebook…

Read More

ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်ပွား

သြဂုတ် ၃၁-၂၀၂၁ CKC(VOM)   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းဇုန်ထဲက ဘုရားအမှတ်(၈၀၁) သံပျင်စွာဘုရား နံရံပြိုကျမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပုဂံ ရှေးဟောင်းသုတေသနဌာနခွဲက သိရပါတယ်။   မနေ့က သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းက ရွာခဲ့တဲ့ မိုးရွာသွန်းမှုကြောင့် သံပျင်စွာဘုရား ရဲ့ တောင်ဘက်နံရံပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း နဲ့ လက်ရှိမှာတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ် ။   ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ” ပျက်စိးသွားတာက တိုက်မကြီးရဲ့ တောင်ဘက်နံရံပေါ့ ။ အပေါ်ကရေစိမ့်ပြီး ရေဝပ်ပြီး အိပြီးတော့ ပြိုကျတာပေါ့။ တောင်ဘက် တိုက်မနံရံပေါ့။အခုကျနော်တို့ ကွင်းဆင်းပြီး တိုင်းထွာ စစ်ဆေးတာပေါ့။ ပြန်လည်တွက်ချက်ပြီးတော့ ထိနိးသိမ်းဖို့တင်ပြထားရမှာပေါ့”လို့ ပြောပါတယ်။   သြဂုတ်လ ၃၀ ရက်နေ့ညပိုင်းမှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပုဂံနဲ့…

Read More

ရှင်ဗွေယန်နယ်မှာ ကျွဲသေဆုံးမှုတွေ မြင့်တက်နေပေမယ့် ကာကွယ်၊ကုသရေးလုပ်ငန်းတွေ မလုပ်နိုင်သေး

သြဂုတ် ၊ ၃၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် ၊ ရှင်ဗွေယန်မြို့နယ်ခွဲ တခက်ကျေးရွာဘက်မှာ လယ်ယာလုပ်ငန်းသုံးကျွဲတွေ ရုတ်တရက်သေဆုံးမှု မြင့်တက်လာနေပြီး နောက်ထပ် ကျွဲတွေ မသေအောင် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ ဒီကနေ့အထိ လုပ်ဆောင်ပေးတာ မရှိသေးဘူးလို့ တခက်ကျေးရွာ တောင်သူတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   လယ်ယာလုပ်ငန်းသုံး ခိုင်းကျွဲတွေ ရုတ်တရက် သေဆုံးနေတာနဲ့ ပတ်သက်ပြီး တခက်ကျေးရွာ တောင်သူ တစ်ယောက်က” ကျွဲတွေ နွားတွေမှာဖြစ်တတ်တဲ့ ရာသီပေါ် ရောဂါလက္ခဏာမျိုးနဲ့ သေဆုံးတာ မဟုတ်ဘူး ၊ ရုတ်တရက်ကြီးဖြစ်ပြီး သေဆုံးတာဆိုတော့ ဘာရောဂါဖြစ်မှန်း မသိရဘူး ” လို့ပြောပါတယ်။   ဩဂုတ်လ ၂၅ ရက်ကစပြီး အဲ့ဒီလို ကျွဲသေဆုံမှုဟာ မနေ့ သြဂုတ် ၃၀…

Read More

ကလေးမြို့နယ်မှာ မသန်စွမ်းကလေးတွေကို အိမ်တိုင်ရာရောက် စာသင်ကြားပေးတဲ့ စနစ် စတင်မယ်

သြဂုတ် ၊ ၃၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့ပေါ်မှာရှိတဲ့ မသန်စွမ်း ကလေးတွေရဲ့ ကျောင်းပညာရေးစနစ် နှောင့်နှေးတာတွေ မဖြစ်စေဖို့အတွက် စက်တင်ဘာလဆန်းပိုင်းကစလို့ DDI အဖွဲ့က အိမ်တိုင်ရာရောက် ပညာသင်ကြားပေးတဲ့ စနစ်ကို စတင်တော့မှာဖြစ်တယ်လို့ မသန်စွမ်း ဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့ (DDI) တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အလယ်တန်း ကျောင်းပညာ ၈ တန်းအောက် မသန်းစွမ်း ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အိမ်တိုင်ရာရောက် စာသင်ကြားပေမယ့် စနစ်ကို အခု လာမယ့် စတင်ဘာ လဆန်းပိုင်းကစလို့ သင်ကြားပေးနိုင်ဖို့ စီစဥ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။   အဲ့ဒီ အစီအစဥ်တွေ ပတ်သက်ပြီး မသန်စွမ်း ဖွံဖြိုးရေး ရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူ တစ်ယောက်ပြောတာက…

Read More
VOM News

FREE
VIEW