ကလေးမြို့နယ်မှာ မသန်စွမ်းကလေးတွေကို အိမ်တိုင်ရာရောက် စာသင်ကြားပေးတဲ့ စနစ် စတင်မယ်

သြဂုတ် ၊ ၃၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့ပေါ်မှာရှိတဲ့ မသန်စွမ်း ကလေးတွေရဲ့ ကျောင်းပညာရေးစနစ် နှောင့်နှေးတာတွေ မဖြစ်စေဖို့အတွက် စက်တင်ဘာလဆန်းပိုင်းကစလို့ DDI အဖွဲ့က အိမ်တိုင်ရာရောက် ပညာသင်ကြားပေးတဲ့ စနစ်ကို စတင်တော့မှာဖြစ်တယ်လို့ မသန်စွမ်း ဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့ (DDI) တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အလယ်တန်း ကျောင်းပညာ ၈ တန်းအောက် မသန်းစွမ်း ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အိမ်တိုင်ရာရောက် စာသင်ကြားပေမယ့် စနစ်ကို အခု လာမယ့် စတင်ဘာ လဆန်းပိုင်းကစလို့ သင်ကြားပေးနိုင်ဖို့ စီစဥ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ အစီအစဥ်တွေ ပတ်သက်ပြီး မသန်စွမ်း ဖွံဖြိုးရေး ရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူ တစ်ယောက်ပြောတာက
 
” စာသင်ချိန် ၁ နေ့ကို ၁ နာရီ အိမ်တိုင်ရာရောက် သွားရောက်ပြီး သင်ကြားပေးမှာပါ ၊ ကလေးမြို့က ၊ ကလေးတွေနဲ့ ဆရာ ဆရာမတွေ ဘေးကင်းလုံခြုံစွာ သွားလာလို့ ရနိုင်တဲ့ ရွာက ကလေးတွေကို သင်ကြားပေးသွားမှာဖြစ်တယ် ၊ သင်ကြားပေးမယ့် ပုံစံက မြန်မာ သချ်ာ အဂ်လိပ် ၃ ဘာသာကို အဓိက သင်ပေးပြီး Zoom အသုံးပြုကိုလဲ တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေးမယ့် အစီအစဥ်လည်း ပါတယ် ” လို့ ပြောပါတယ် ။
 
မသန်စွမ်း ကလေးတွေကို အိမ်တိုင်ရာရောက် ပညာသင်ကြားပေးတဲ့ စနစ်ဟာ ပမာဏ သင်ကြားပေးတာဖြစ်ပြီး အဲ့ဒီ စနစ်ကနေတဆင့် စက်တင်ဘာလ နှောင်းပိုင်းကစလို့ ကလေးခရိုင်နဲ့ ချင်းပြည်နယ်က မသန်းစွမ်း ကလေးတွေရဲဘ ပညာရေးကို Zoom စနစ်နဲ့ ဆက်လက်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
 
အဲ့ဒီလို စီစဥ်ထားတာဟာ ကိုဗစ် ကာလ မသန်စွမ်း ဂေဟာတွေ ပိတ်ထားရတဲ့အတွက် နေရပ်ပြန် ကလေးတွေရဲ့ ပညာရေး လှစ်ဟင်းမှု မရှိပဲ ကိုဗစ်ကာလ အစားထိုး ပညာသင်ကြားရေး စနစ်ကို စမ်းသပ် အသုံးပြုလိုက်တာဖြစ်ပါတယ် ။
 
” လတ်တလော စာသင်ကြားဖို့ ဆက်သွယ်လာတဲ့ ကျောင်းသားစာရင်းက ကလေးနယ်မှာ ၃၀ ကျော်ရှိတယ် ၊ ဆရာ ဆရာမ ၈ ယောက်နဲ့ သင်ကြားပေးသွားမှာပါ ” လို့ မသန်စွမ်း ဖွံဖြိုးရေး ရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
 
မသန်စွမ်း ကလေးတွေ အိမ်တိုင်ရာရောက် ပညာရေး သင်ကြားနိုင်မယ့် စနစ်ကို ကိုဗစ် စည်းမျဥ်း စည်းကမ်းနဲ့အညီ ထိန်းချုပ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မသန်စွမ်း #ကလေး
 
ပုံစာ မသန်စွမ်း ဖွံဖြိုးရေး ရှေ့ဆောင် ဆရာ ဆရာမတွေ မြင်ရပုံ

Related posts

Leave a Comment

VOM News

FREE
VIEW