ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်ပွား

သြဂုတ် ၃၁-၂၀၂၁
CKC(VOM)
 
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းဇုန်ထဲက ဘုရားအမှတ်(၈၀၁) သံပျင်စွာဘုရား နံရံပြိုကျမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပုဂံ ရှေးဟောင်းသုတေသနဌာနခွဲက သိရပါတယ်။
 
မနေ့က သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းက ရွာခဲ့တဲ့ မိုးရွာသွန်းမှုကြောင့် သံပျင်စွာဘုရား ရဲ့ တောင်ဘက်နံရံပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း နဲ့ လက်ရှိမှာတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ် ။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ” ပျက်စိးသွားတာက တိုက်မကြီးရဲ့ တောင်ဘက်နံရံပေါ့ ။ အပေါ်ကရေစိမ့်ပြီး ရေဝပ်ပြီး အိပြီးတော့ ပြိုကျတာပေါ့။ တောင်ဘက် တိုက်မနံရံပေါ့။အခုကျနော်တို့ ကွင်းဆင်းပြီး တိုင်းထွာ စစ်ဆေးတာပေါ့။ ပြန်လည်တွက်ချက်ပြီးတော့ ထိနိးသိမ်းဖို့တင်ပြထားရမှာပေါ့”လို့ ပြောပါတယ်။
 
သြဂုတ်လ ၃၀ ရက်နေ့ညပိုင်းမှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပုဂံနဲ့ ညောင်ဦး မြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတာကြောင့် ရေဝင်တဲ့ နေအိမ်တွေကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးနေကြရပါတယ်။
 
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ထဲမှာ ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း မိုးသည်းထန်စွာရွာသွန်းပါက ဘုရားအချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
 
Photo-KoKo
#voiceofmyanmar #VOM #ပုဂံ

Related posts

Leave a Comment

VOM News

FREE
VIEW