တရုတ်မှာ ၁၈ နှစ်အောက်အရွယ်တွေကို ဂိမ်းကစားချိန် တစ်နာရီသာခွင့်ပြုတော့မယ်

ပေကျင်း၊ သြဂုတ်-၃၁-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် အွန်လိုင်းဂိမ်းကစားသူတွေကို သောကြာ၊ စနေ၊ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ တစ်နေ့ကို တစ်နာရီသာကစားဖို့ သတ်မှတ်မှာဖြစ်ကြောင်း ဗီဒီယိုဂိမ်းထိန်းချုပ်ရေး တာ၀န်ရှိသူတွေက သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဒီလိုသတ်မှတ်လိုက်တာကြောင့် အရွယ်မရောက်သူတွေရဲ့ ဂိမ်းကစားချိန်ကို ည ရှစ်နာရီမှ ကိုးနာရီထိသာ ခွင့်ပြုတော့မဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
 
ဒီအချိန်ပြင်ပမှာ အရွယ်မရောက်သူတွေ ဂိမ်းကစားကို တားမြစ်ဖို့ ဂိမ်းကုမ္ပဏီတွေကို တာ၀န်ရှိသူတွေက ညွှန်ကြားထားပါတယ်။
 
အွန်လိုင်းဂိမ်းတွေဟာ မမြင်ရတဲ့ ဘိန်းစွဲသလိုဖြစ်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ယခုလအစောပိုင်းမှာ ဝေဖန်ရေးခဲ့ပါတယ်။
 
ဂိမ်းကစားချိန်သတ်မှတ်ဖို့ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ခြင်းရှိ၊မရှိ သိရှိနိုင်ဖို့ ဂိမ်းကုမ္ပဏီများအပေါ် စစ်ဆေးရေးလုပ်ငန်းတွေကိုလည်း တိုးမြှင့်သွားမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
ကလေးငယ်တွေ အွန်လိုင်းဂိမ်းကစားတာနဲ့ပတ်သက်ပြီး ယခင်ကန့်သတ်ချက်ကတော့ တစ်နေ့ကို မိနစ် ၉၀ ဖြစ်ပြီး အားလပ်ရက်တွေမှာတော့ အချိန်သုံးနာရီထိ ခွင့်ပြုပေးထားပါတယ်။
 
ဂိမ်းကစားတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက လက်ရှိကန့်သတ်ချက်တွေ ချမှတ်လိုက်တာဟာ လူငယ်တွေဂိမ်းအလွန်အကျွံကစားတာနဲ့ပတ်သက်ပြီး ကာလကြာရှည် စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်နေပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #vom #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW