ဒူဘိုင်း၊ စက်တင်ဘာ-၉-၂၀၂၁
မျိုးဆက် (VOM)
အာဖဂန်သမ္မတဟောင်း ဂါနီဟာ ယူအေအီးနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီူ အာဖဂန်ပြည်သူတွေကို စက်တင်ဘာ ၈ ရက်မှာ တောင်းပန်လိုက်ပါတယ်။
ကဘူးမြို့ကနေ ထွက်ခွာရတာဟာ မိမိဘ၀ရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး အခြားနည်းလမ်းတွေမရှိခဲ့ဘူးလို့ သမ္မတဟောင်းဂါနီက ပြောပါတယ်။
သြဂုတ် ၁၅ ရက်မှာ မြို့တော်ကဘူးကို တာလီဘန်အဖွဲ့့ သိမ်းယူလိုက်ချိန်မှာ သမ္မတဂါနီဟာ မြို့တော်ကနေ ရုတ်တရက်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေကို စွန့်ခွာသွားဖို့ ရည်ရွယ်ချက်မရှိပေမယ့်လည်း ဒါဟာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ဂါနီကဆိုပါတယ်။
အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ နိုင်ငံမှထွက်ခွာရုံမှတပါး အခြားရွေးချယ် စရာနည်းလမ်းမရှိခဲ့ဘူးလို့သူကပြောပါတယ်။
အာဖဂန်နစ္စတန်ကို ဒီမိုကရေစီရရှိရေး၊ သာယာဝပြောရေးနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်စေဖို့ နှစ်ပေါင်း ၂၀ လုံးအချိန်ပေးလုပ်ဆောင်ခဲ့တယ်လို့ သမ္မတဟောင်း ဂါနီက ပြောပါတယ်။
လက်ရှိမှာတော့ တာလီဘန်အဖွဲ့ဟာ အာဖဂန်အစိုးရသစ်ကို ကြေညာထားပြီး အမေရိကန်တော့ ဒီအစိုးရသစ်ကို အသိအမှတ်ပြုရေးအတွက် အလျင်လိုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒူဘိုင်း