ဒေါ်နယ်ထရန့်က တူမဖြစ်သူနဲ့ နယူးယောက်တိုင်း သတင်းထောက်တွေကို တရားစွဲပြီ

၀ါရှင်တန်၊ စက်တင်ဘာ-၂၂-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ သံသယဖြစ်ဖွယ်အခွန်ကိစ္စမှာ သူပါ၀င်ပတ်သက်တယ်ဆိုပြီး နယူးယောက်တိုင်းမ်သတင်းဌာနက ၂၀၁၈ ခုနှစ်မှာ ရေးသားခဲ့တဲ့အပေါ် တူမဖြစ်သူနဲ့ အဲဒီသတင်းဌာနကို တရားစွဲဆိုလိုက်ပါတယ်။
 
အဲဒီကိစ္စကို နယူးယောက်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး တူမဖြစ်သူ မယ်ရီထရန့်နဲ့ သတင်းထောက်တွေဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကိုရရှိဖို့အတွက် ပူးပေါင်းကြံစည်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
 
ဒေါ်နယ်ထရန့်ဟာ တူမဖြစ်သူရဲ့စာအုပ်မှာဖော်ပြထားတဲ့ သူ့ရဲ့အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီး တသတ်မတ်တည်း ငြင်းဆိုခဲ့ပြီး အဲဒီစာအုပ်ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။
 
စက်တင်ဘာ ၂၁ ရက်မှာတင်သွင်းခဲ့တဲ့ ထရန့်ရဲ့တရားစွဲဆိုမှုမှာတော့ နယူးယောက်တိုင်းမ်သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Susanne Craig ၊ David Barstow နဲ့ Russell Buettnerတို့ဟာ သူအပေါ်ကို ပုဂ္ဂိုဟ်ရေးထိခိုက်မှုတွေပြုဖို့အတွက် တူမဖြစ်သူနဲ့ဆက်သွယ်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
 
အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ၁၉၈၁ ခုနှစ် အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ထရန့်ရဲ့အကိုရဲ့သမီးဖြစ်သူ ကတော့ မှတ်ချက်ပြုပြောဆိုတာမရှိပါဘူး။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW