၀န်ကြီးချုပ်ဆူဂါနေရာဆက်ခံမယ့် ဂျပန်အာဏာရပါတီရဲ့ အကြီးအကဲအဖြစ် ဖူမီအိုကီရှီဒါကို ရွေးချယ်

တိုကျို၊ စက်တင်ဘာ-၂၉-၂၀၂၁ မျိုးဆက် (VOM)   ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် ဖူမီအိုကီရှီဒါ အနိုင်ရရွေးချယ်ခံခဲ့ရပြီး သူဟာလာမယ့် ၀န်ကြီးချုပ်သစ်အဖြစ် တာ၀န်ထမ်းဆောင်ဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။   သူဟာ ၀န်ကြီးချုပ်အဖြစ် တစ်နှစ်တာ၀န်ထမ်းဆောင်ပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တဲ့ ယိုရှီဟီဒီဆူဂါ ကို ဆက်ခံသွာမှာဖြစ်ပါတယ်။   သူ့ရဲ့ ပထမဆုံးတာ၀န်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အောင်ပွဲရဖို့ ဦးဆောင်ရမှာဖြစ်ပါတယ်။   ပြည်သူလူထုကဆန့်ကျင်ပေမယ့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို တွန်းအားပေး ကျင်းပခဲ့တာကြောင့် ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။   နိုင်ငံခြားရေး၀န်ကြီးဟောင်းဖြစ်သူ မစ္စတာကီရှီဒါဟာ ပါတီအကြီးအကဲနေရာအတွက် အနိုင်ရမယ်လို့ တစ်ပေးခြင်းခံထားရတဲ့ တာရိုကိုနိုကို ပါတီရဲ့ရွေးချယ်မှုမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။   Ref : BBC Photo:Getty Images #voiceofmyanmar #VOM #တိုကျို

Read More

ငွေကြေးဖောင်းပွမှု ထိန်းသိမ်းနိုင်ပါ့မလား

စက်တင်ဘာ ၂၉-၂၀၂၁ GH ( VOM )   ပြည်တွင်းမှာ အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဒေါ်လာစျေးနဲ့ရွှေစျေးကြောင့် ငွေလဲလှယ်ရေးစျေးကွက် ပျက်စီးသွားသလို အာရှဒေသမှာလည်း မြန်မာက ငွေကြေးဖောင်းပွမှု ၉ ဒ သမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာကဖော်ပြထားပါတယ်။   မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာဆိုရင် ရွှေစျေးက အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ၂၀၅၀၀၀၀ နှစ်ဆယ်သိန်းငါးသောင်းကျပ်နဲ့စဖွင့်ခဲ့ပြီး အပိတ်စျေးက ၂၂၁၃၀၀၀ နှစ်ဆယ့်နှစ်သိန်းတသောင်းသုံးထောင်ရှိခဲ့တယ်လို့ သိရပါတယ်။   ဒေါ်လာစျေး ဘဏ်ဖွင့်စျေးကတော့ ၁၉၅၀ ရှိပြိး ပြင်ပငွေလဲလှယ်တဲ့စျေးကွက်မှာတော့ ၂၄၀၀ ကနေ ၂၇၀၀ အထိပေါက်စျေးရှိတယ်လို့ ဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။   လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူတွေက စိုးရိမ်စိတ်မြင့်မားပြီး ကျပ်ငွေအပေါ် ယုံကြည်မှုမရှိခြင်း၊ ကျပ်ငွေ အမြောက်အများလက်ဝယ်ကိုင်ထားသူတွေက ရွှေနဲ့ဒေါ်လာကို စုဆောင်းနေခြင်း၊…

Read More

အသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

ပြုံးယမ်း၊ စက်တင်ဘာ-၂၉-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ ဟွာဆောင်-၈ လို့အမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ အခိုင်အမာထုတ်ပြန်လိုက်ပါတယ်။   ဒါဟာ ၅ နှစ်စစ်ရေးဖွံ့ဖြိုးမှု အစီအစဉ်မှာချမှတ်ထားတဲ့ အရေးပါတဲ့ လက်နက်စနစ်ငါးခုအနက်မှ တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။   စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးပျံသစ်ဟာ နျူကလီးယားသယ်ဆောင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ မဟာဗျူဟာ မြောက်လက်နက်တစ်မျိုးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   စက်တင်ဘာ ၂၈ ရက်ကပြုလုပ်တဲ့ ဒုံးပျံစမ်းသပ်မှုဟာ နိုင်ငံတကာရဲ့ တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေရှိနေချိန်မှာ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာတွေ တိုးတက်လာမှုကို ဖော်ပြလိုက်တာဖြစ်ပါတယ်။   လက်ရှိတီထွင်လိုက်တဲ့ လက်နက်စနစ်ဟာ နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုတိုးတက်စေခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ထားပါတယ်။   Ref : BBC…

Read More

ပခုက္ကူမြို့မှာ ပစ်ခတ်သံတွေကြားနေရပြီး မြို့ဝင်ပေါက်လမ်းတွေ အကုန်ပိတ်ထားတာကြောင့် နယ်ကစျေးသည်တွေ ဝင်မရ

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ၊ ပခုက္ကူမြို့ မြိုင်လမ်းနဲ့ မြို့ရှောင်လမ်းဆုံးအနီး ပခုက္ကူ တက္ကသိုလ်ဝန်းကျင်နားမှာ ဒီမနက်က ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီး မြို့ဝင် မြို့ထွက်လမ်းသမျှ ရဲနဲ့ စစ်သားတွေက ပိတ်ထားလိုက်ပြီးလို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။   ” မြိုင်လမ်းဘက်က တက္ကသိုလ်နားမှာ ပစ်နေတာကြာပြီ ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေတယ်ဆိုတာ မသိရဘူး အသံတွေတော့ ကြားနေရတယ် ၊ မြို့ခံ လူတွေ အပြင်မထွက်ရဲကြဘူး ” လို့ အဲ့ဒီ မြိုင်လမ်းမှာရှိတဲ့ ကောက်ပဲသီးနှံ ပွဲရုံ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။   ဒါ့အပြင် ပခုက္ကူ မြို့ရှောင်လမ်း ၊ ရွှေချောင်းတံတာလမ်း ၊ ပေါက်လမ်း ၊ မြိုင်လမ်း…

Read More

သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ၊ ထို့ကြောင့် …

———————— ဆူးငှက် ၁၉၄၅ခုနှစ် ဇူလိုင်လမှာ လူထုဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ လူထုဦးလှဟာ ၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ လူထုသတင်းစာကို စတင်ထုတ်ဝေပါတယ်။ မန္တလေးကထုတ်ဝေခဲ့တဲ့ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များက ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။ လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာသမိုင်းမှာ “သိက္ခာရှိသော သတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။ ဒီတော့ အာဏာယူ၊ လုပ်စား အနိုင်ကျင့်နေသူတွေက လူထုသတင်းစာကို မျက်မုန်းကျိုးတယ်။ အမျိုးမျိုးတံဆိပ်ကပ်ပြီး အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေ ဖမ်းတယ်။ ဒါကြောင့်လည်း အဆက်ဆက် အစိုးရများရဲ့ မျက်စိစပါးမွှေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။ ၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခဲ့တယ်။ လူထုအယ်ဒီတာတွေ လူထုနဲ့ပတ်သက်သူတွေကိုလည်း…

Read More
VOM News

FREE
VIEW