အသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

ပြုံးယမ်း၊ စက်တင်ဘာ-၂၉-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ ဟွာဆောင်-၈ လို့အမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ အခိုင်အမာထုတ်ပြန်လိုက်ပါတယ်။
 
ဒါဟာ ၅ နှစ်စစ်ရေးဖွံ့ဖြိုးမှု အစီအစဉ်မှာချမှတ်ထားတဲ့ အရေးပါတဲ့ လက်နက်စနစ်ငါးခုအနက်မှ တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။
 
စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးပျံသစ်ဟာ နျူကလီးယားသယ်ဆောင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ မဟာဗျူဟာ မြောက်လက်နက်တစ်မျိုးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စက်တင်ဘာ ၂၈ ရက်ကပြုလုပ်တဲ့ ဒုံးပျံစမ်းသပ်မှုဟာ နိုင်ငံတကာရဲ့ တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေရှိနေချိန်မှာ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာတွေ တိုးတက်လာမှုကို ဖော်ပြလိုက်တာဖြစ်ပါတယ်။
 
လက်ရှိတီထွင်လိုက်တဲ့ လက်နက်စနစ်ဟာ နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုတိုးတက်စေခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW