ကွမ်းခြံကုန်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   ကွမ်းခြံကုန်းမြို့နယ်၊ ကွမ်းခြံကုန်း-လက်ခုပ်ကုန်း ကားလမ်းမှာ ဒီကနေ့ မနက် ၁၁နာရီခန့်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကွမ်းခြံကုန်မြို့ပေါ်ကို အလုပ်ကိစွနဲ့သွားပြီး နေအိမ်ကိုပြန်လာချိန် မိုင်တိုင် ၁၂ကားလမ်းမပေါ်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   “သေနတ်ဒဏ်ရာ နှစ်ချက်ထိပြီး သေတာ၊ အလုပ်ကိစွနဲ့မြို့ထဲသွား အိမ်အပြန်မှာ ပစ်သတ်ခံရတာပါ၊ ဘာကြောင့်သတ်လဲတော့ မသိဘူး”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ တော်ကူးကျေးရွာက ဦးမြစိုးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာ ကားလမ်းမနဲ့ တော်ကူးကျေးရွာမှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နစကကောင်စီလက်ထက်မှာ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေးသူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့…

Read More

အမေရိကန်အပါအ၀င် နေတိုးမဟာမိတ်တွေနဲ့ ယူကရိန်းတို့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

ကိယက်ဗ်၊ စက်တင်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM)   အိမ်နီးချင်းနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့တဲ့ ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုပြီးနောက် ရက်အနည်းငယ်အကြာမှာ ယူကရိန်းကလည်း နိုင်ငံအနောက်ပိုင်းမှာ အနောက်ပိုင်းမှာ လာမယ့် သီတင်းပတ်အတွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်မယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က စက်တင်ဘာ ၁၆ ရက်မှာပြောပါတယ်။   ရုရှားနဲ့ ဘီလာရုဇ်တို့ရဲ့ စစ်ရေးလေ့ကျင့်နေရာထဲမှာ အီးယူအဖွဲ့၀င်နိုင်ငံတွေရဲ့ နယ်စပ်တွေအနီးရှိနေရာတွေပါ၀င်နေတာကြောင့် ယူကရိန်းနဲ့ အခြားသောနေတိုးအဖွဲ့၀င်နိုင်ငံတွေက သတိထားစောင့်ကြည့်နေခဲ့ကြပါတယ်။   Rapid Trident 2021 လို့အမည်ပေးထားတဲ့ စစ်ရေးလ့ကျင့်မှုမှာ ယူကရိန်း၊ အမေရိကန်နဲ့ အခြားနေတိုးအဖွဲ့၀င်နိုင်ငံတွေမှ တပ်ဖွဲ့၀င် ၆၀၀၀ ကျော်ပါ၀င်မှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်ထိ ကြာမြင့်မယ်လို့ ယူကရိန်းကဆိုပါတယ်။   ညွှန့်ပေါင်းစစ်ဆင်ရေးတွေအတွင်း နိုင်ငံစုံတပ်ဖွဲ့တစ်ခုရဲ့ ပူးတွဲလုပ်ဆောင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ယူကရိန်းစစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   ဒီလိုအနောက်မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ဖို့ အရေးပါတဲ့…

Read More

မြစ်ကြီးနားက ရပ်ကျေးအုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး ၊ သားဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၁၇-၂၀၂၁ GH ( VOM )   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့သလို သားဖြစ်သူပါ ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ် ။   ” သူက ညဘက်ကင်းစောင့်ပြီး သူ့သားနဲ့ဆိုင်ကယ်စီးပြန်လာတာမှာ ပစ်ခံရတယ်လို့ကြားတယ်။ သူ့သားလည်း ထိတယ်ကြားတယ်။ သတင်းပေးလို့ ပစ်တာလို့တော့ကြားပေမယ့် ကျနော်လည်း သေချာတော့မသိဘူး “လို့မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက ပြောပါတယ် ။   သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးလှမြင့် ဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့လည်းသိရတယ်။   ပစ်ခတ်မှုတွေအပြီးမှာ စစ်သားနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့သလို့ ပစ်ခတ်သွားတဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။   စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအနီးမှာ အသံမိုင်းပေါက်ကွဲမှုရှိခဲ့ပြီး…

Read More

မင်းကင်းမြို့နယ်က ဖမ်းခံရသူ၁ယောက် စစ်ကြောရေးဒဏ် မခံနိုင်လို့ သေကြောင်းကြံရာက အသက်မသေပဲ ဆေးရုံရောက်

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့ ၊ မင်းကင်းပြည်သူ့ဆေးရုံက အရေးပေါ်လူနာဌာနမှာ မှုခင်းနဲ့ဆက်စပ်သူတယောက် လည်ပင်း ဓားဒဏ်ရာနဲ့ ဆေးကုခံဖို့ ရောက်လာတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက လူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လူနာက အဖမ်းခံထားရသူ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်တယ် ၊ လည်ပင်း ဘယ်ဘက်ခြမ်းမှာ ထိုသွင်း ဓားဒဏ်ရာ ၁ ချက်နဲ့ဖြစ်တယ် ၊ အသက်အန္တရာယ် အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ် ” လို့ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ပြောပါတယ်။   အဲ့ဒီ လူနာကတော့ မင်းကင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်က ရွှေပန်းတိမ်…

Read More

မိုးကုတ်မှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ အရန်မီးသတ်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   မိုးကုတ်မြို့နယ်၊ ရွှေကူရပ်ကွက်မှာ မနေ့ စင်တင်ဘာ ၁၆ရက် ညနေပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နေအိမ်ကနေ အပြင်ကိုသွားပြီး အပြန်လမ်းမှာ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   “သူက သတင်းပေးလို့ နာမည်ထွက်နေတာကြာပြီ၊ အရင်ကလည်း လိုင်းပေါ်မှာ သူကိုတင်ကြသေးတယ်ဒလန်ဆိုပြီး၊ အဲ့ဒါကြောင့်အသတ်ခံရတာဖြစ်မယ်”လို့ သူကပြောပါတယ်။   သေဆုံးသူမှာ ကိုအောင်ကျော်စိုး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦးဖြစ်တယ်လို့ ရွှေကူရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ကိုအောင်ကျော်စိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေဆုံးသည်မှာ မှန်ကန်ကြောင်း မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်ရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။   မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းကလည်း ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။  …

Read More

ကျိုက်ထိုမှာ ပါတီဥက္ကဌတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁ KK(VOM)   ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းတိုးချဲ့ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ပြည်နယ်ဥက္ကဌ သေနတ် နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မြောက်ပိုင်းတိုးချဲ့ရပ်ကွက်၊ ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့မှာဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်နဲ့ခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   “ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ခံရတာ ကျိုက်ထိုဆေးရုံကို ပို့ပြီး ရန်ကုန်ဆေးရုံကို လွှဲဖို့လုပ်တဲ့အခါ ဆုံးသွားတာ၊ ချက်ချင်းသေတာ မဟုတ်ပါဘူး”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ ဦးရန်ရှင်းဆ်ိုသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအကျိုးပြုကျောင်းသားများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူတစ်ဦးဖြစ်ပြီး အရင်က ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကာ ငွေအရှုပ်အရှင်းကိစ္စတွေကြောင့် ပါတီကနေ ထုတ်ပယ်ခံရသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   မေလကစပြီး ကျိုက်ထိုမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရုံး၊ ဌာနဆိုင်ရာရုံး၊ Mytelတာဝါတိုင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့…

Read More

ရခိုင်က စစ်ဘေးရှောင်တွေအတွက် အစာအဟာရနဲ့ ဆေးဝါးတွေလိုအပ်နေ

စက်တင်ဘာ ၁၇- ၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းမှာ နတဲ့ စစ်ရှောင်တွေဟာ အစာအဟာရနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ အစားအစာတွေမလုံလောက်ကြောင်းနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေအတွက်လည်း အဟာရအပြည့်အဝမရဘဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ကို နစက ကောင်စီအစိုးရလက်အောက်ရှိ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်ဘေးရှောင်တွေအတွက် ဆန်ရိက္ခာတစ်ခုတည်းကို (၂) လတစ်ကြိမ်ထောက်ပံ့ပေးနေကြောင်းနဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ကတော့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊သကြားတို့ကိုသာ လစဉ်ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့လိုအပ်နေပြီး ကလေးတွေအတွက်လည်း အဟာရဖြစ်စေမယ့် အစားအသောက်တွေကို ကူညီထောက်ပံ့ပေးစေလိုတယ်လို့ စစ်ဘေးရှောင်တွေက တောင်းဆိုနေကြပါတယ်။ #voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင် Youtube Link -https://youtu.be/83W3SHfqbZU

Read More

ခရီးသွားမရှိတဲ့အတွက် ပုဂံမြို့က မြင်းလှည်းသမားတွေ စားဝတ်နေရေးအကျပ်အတည်းရင်ဆိုင်နေရ

စက်တင်ဘာ ၁၇-၂၀၂၁ ထွန်းတောက်(VOM) ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်ရာ ဒေသတခုဖြစ်တဲ့ မန္တလေးတိုင်း၊ ပုဂံမြို့မှာ ခရီးသွားဧည့်သည်တွေကို အမှီပြုပြေးဆွဲနေတဲ့ မြင်းလှည်းသမား (၂၀၀) ကျော်ရှိနေပါတယ်၊ မြင်းလှည်းသမားတွေဟာ ပြည်ပခရီးသွား ဧည့်သည်တွေကို အဓိကအားထားပြေးဆွဲနေကြတာဖြစ်ပြီး ခေတ်ကာလကောင်းစဉ် ပုံမှန်အချိန်တွေမှာ တရက်ကို (၂) သောင်း (၃) သောင်းဝန်းကျင်အထိ ရကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ဒုတိယလှိုင်းတွေမှာ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် ဝင်ငွေတွေလျော့နည်းလာကြပြီး မိသားစုစားဝတ်နေရေးအတွက် ပြည်တွင်းခရီးသွားဧည့်သည် အနည်းအကျဉ်းကိုသာ အားထားပြေးဆွဲလာခဲ့ရတယ်လို့ မြင်းလှည်းသမား‌တစ်ဦးကပြောပါတယ်၊ အဲ့ဒီကမှတဆင့် လက်ရှိ ကိုဗစ်တတိယလှိုင်း နဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ခရီးသွားဧည့်သည် ဝင်ရောက်မှု လုံးဝမရှိတောတဲ့အတွက် မြင်းလှည်းတွေရပ်နားထားကြရပါတယ်။ ဒါ့ကြောင့် ဝင်ငွေမဲ့အခြေအနေတွေနဲ့ မြင်းစာအတွက်ရော မိသားစုစားဝတ်နေရေးတွေအတွက်ပါ အခက်အခဲရှိလာကြပါတယ်။ အရင်ကမြင်းစာအတွက် ပုန်းရည်ကြီးလုပ်ငန်းတွေကထွက်ရှိတဲ့ ပဲရည်၊ ပဲဖတ်တွေကို အဓိကအားထားကျွေမွေးကြပြီး တရက်ကို မြင်းတကောင်ရဲ့အစာဖိုးဟာ (၃/၄) ထောင်ဝန်းကျင်သာရှိတယ်လို့…

Read More

ရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီး ဗုံးပေါက်၊ ရဲတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်းထောင့်နဲ့ မရမ်းကုန်မြို့နယ်၊ ဘုရင့်နောင်နှစ်ထပ်တံတားအောက်မှာ ဒီကနေ့ နေ့လာ် ၃နာရီအချိန်က လှည့်ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   သိမ်ဖြူလမ်းမှာ နေထိုင်သူတစ်ဦးက “စစ်တပ်နဲ့ရဲတွေ ကားနဲ့လာတဲ့ မီးပွိုင့်မိနေတုန်း ထပေါက်တာ၊ ရဲတစ်ဦး ဒဏ်ရာရတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။   လှည့်ကင်းကားလာချိန်မှာ သိမ်ဖြူလမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့် ယာဉ်ထိန်းရဲရုံးမှာ ထောင်ထားခဲ့တဲ့ ဗုံးထပေါက်တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။   ဗိုလ်တစ်ထောင်မြို့နယ် သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းက မီးပွိုင့်မှာ ဗုံပေါက်ကွဲခဲ့တာ မှန်ပေမယ့် ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကို VOMအနေနဲ့ သီခြားအတည်ပြုဖိူ့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။   ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားသက်တော်စောင့်အဖွဲ့ (Ranger Force) အမည်နဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့ သူတို့လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။   ဒါ့အပြင် မရမ်းကုန်းနဲ့လှိုင်သာယာကို…

Read More

ရေပြင်မြစ်တွင်းဝယ် ခူးဘယက်ဆင်ကာရယ်

ဆူးငှက် မန္တလေးကား ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့၏်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက၊ မြို့တည်နန်းတည် ခုနှစ်ဌာန၌ ကျုံးတော်၊ ရွှေမြို့တော်..ဟူသည်၊ နိုင်ငံနှင့်အဝှန်း အာဏာ ၃ရပ် တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့်အတူ အာဏာ ၃ရပ်ကို ကိုင်စွဲထားသော မူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာဖြစ်သည်။ အာဏာ၏ အထွတ်အထိပ်ဖြစ်သော ရာဇပလ္လင်၉ရပ်ရှိသည့် နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးတော်လည်းရှိသည်။ ကိုယ့်အရှင်ကိုယ့်သခင်လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေး နန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ်နေရာဖြစ်ပါ၏။ ဤကဲ့သို့ အရေးပါလှသောနေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄ ၊ ပြငယ် ၃၂ အပါအဝင် ၄၈ရပ်ပြာသာဒ်များနှင့် အုတ်မြစ် သံတောင် ၁တောင်၊ အုတ်ရိုးထု ၁တာ(၁၀ပေ)၊ အရပ် သူရဲခိုအထိ သံတောင် ၁၈တောင် (၂၇ပေ)အမြင့်ရှိ အုတ်မြို့ရိုးပတ်လည်တစ်လျှောက်တွင် မြို့ဥပစာ…

Read More
VOM News

FREE
VIEW