ဂျပန်တော်၀င်မင်းသမီး တော်၀င်အဆင့်အတန်းကိုစွန့်ပြီး အရပ်သားနဲ့လက်ထပ်တော့မယ်

တိုကျို၊ အောက်တိုဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
ဂျပန်တော်၀င်မင်းသမီး မာကိုဟာ နှစ်ပေါင်းများစွာအငြင်းပွားမှုတွေပြီးနောက် သူ့ရဲ့တော်၀င်အဆင့်အတန်းကို စွန့်လွှတ်ပြီး အတန်းဖော်ဟောင်း သာမန်အရပ်သားတစ်ဦးနဲ့ ယခုလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။
 
အဲဒီလက်ထပ်ပွဲကို အောက်တိုဘာ ၂၆ ရက်မှာပြုလုပ်ဖို့စီစဉ်ထားတယ်လို့ တော်၀င်အိမ်တော်က ထုတ်ပြန်ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားပေမယ့်လည်း မစ္စတာကိုမူရိုရဲ့ မိသားစုမှာ ငွေရေးကြေးရေးပြသနာနဲ့ရင်ဆိုင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဖျက်သိမ်းခဲ့ပါတယ်။
 
သူတို့စုံတွဲဟာ လက်ထပ်ပြီးနောက် မစ္စတာကိုမူရိုရှေ့နေအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ဖွယ်ရှိပါတယ်။
 
ဂျပန်ဥပဒေအရ ဧကရာဇ်မိသားစုမှ အမျိုးသမီးတစ်ဦးဟာ သာမန်အရပ်သားတစ်ဦှးနဲ့ လက်ထပ်မယ်ဆိုရင်သူ့ရဲ့ တော်၀င်အဆင့်အတန်းကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။
မင်းသမီးမာကိုနဲ့ မစ္စတာကိုမူရိုတို့ဟာ တိုကျိုရှိနိုင်ငံတကာခရစ်ယာန်တက္ကသိုလ်မှာ ပညာသင်ကြားရင်းတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW