ပြည်တွင်းရေး၀င်စွက်တယ်ဆိုကာ ကုလထိပ်တန်းအရာရှိ ခုနှစ်ဦးကို အီသီယိုပီးယားနှင်ထုတ်

အာဒစ်အာဘာဘာ၊ နို၀င်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
အီသီယိုပီးယားအစိုးရရဲ့ ပိတ်ဆို့မှုကြောင့် တိုက်ဂရေးဒေသရှိ လူထောင်ပေါင်းများစွာ အငတ်ဘေးဆိုက်နေတယ်လို့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက သတိပေးပြီးနောက် နှစ်ရက်အကြာမှာ ပြည်တွင်းရေးကို၀င်ရောက်စွက်ဖက်တယ်ဆိုပြီး ကုလသမဂ္ဂထိပ်တန်းအရာရှိ ခုနှစ်ဦးကို နိုင်ငံတွင်မှ နှင်ထုတ်လိုက်တယ်လို့ အီသီယိုပီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
တိုက်ဂရေးဒေသအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဝေဖန်မှုတွေလည်း မြင့်တက်နေပြီး အီသီယိုပီးယားမြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံးဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
 
ကုလသမဂ္ဂထိပ်တန်းတာ၀န်ရှိသူတွေကို နှင်ထုတ်လိုက်တဲ့အပေါ် အမေရိကန်ကပြစ်တင်ရှုတ်ချကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေကို အနှောက်အယှက်ပေးသူတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်စပါကီက ပြောပါတယ်။
 
အီသီယိုပီးယား နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ကုလသမဂ္ဂ၀န်ထမ်းတွေဟာ ပြည်တွင်ရေးကို ၀င်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲထားပြီး အဲဒီခုနှစ်ယောက်ကို နိုင်ငံတွင်းက ၇၂ နာရီအတွင်း ထွက်သွားဖို့ ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်စွာအံ့အာသင့်တယ်လို့ ကုလအကြီးအကဲ ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုထားပြီး ကုလသမဂ္ဂ၀န်ထမ်းတွေ သူတို့ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေဆက်လုပ်ခွင့်အတွက် အီသီယိုပီးယားအစိုးရနဲ့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
 
Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #အာဒစ်အာဘာဘာ

Related posts

Leave a Comment

VOM News

FREE
VIEW