မုံရွာမှာ အချုပ်သား ၉ ယောက်ကို အမှုတွေရုတ်သိမ်းပြီး ပြန်လွှတ်ပေး

အောက်တိုဘာ ၊ ၁ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မြို့နယ်ရဲစခန်းမှာ အမှုနဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သား ၉ ယောက်ကို နစက အမိန့်အရ ဒီကနေ့ ညနေပိုင်းက အမှုကနေ အပြီးအပြတ် ပြန်လည်လွတ်ပေးလိုက်ပြီ​ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
 
” လွတ်ပေးတဲ့ ၉ ယောက်ထဲမှာ ဓားပြမှု ၊ လုယက်မှုနဲ့ မုဒိန်းမှုနဲ့ ဖမ်းဆီးထားတဲ့ သူတွေပါတယ် ” လို့ ခရိုင်ကောင်စီအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
 
မုံရွာ အချုပ်ထောင်ကနေ ရင်ဆိုင်နေဆဲအမှုတွေကို အပြီးအပြတ်ရုတ်သိမ်းပြီး အရှင်းလွတ်ပေးလိုက်တာဟာ နစက ရဲ့ ၁၁ ရက် ၈ လ ၂၀၂၁ ရက်စွဲပါ ၊ အမိန့်အမှတ် ၁၇၂ / ၂၀၂၁ အရ လွတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် တရားရုံးမှာ ရင်ဆိုင်ကြားနာရဆဲ အမှုတွေကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားတဲ့ အချုပ်တရားခံ ၉ ယောက်ဟာ မုံရွာမြို့ပေါ်က နေရာအစုံနီးပါမှာ လက်ကိုင်ဖုန်း ၊ ပိုက်ဆံအိတ် ၊ ရွှေထည်ပစ္စည်းနဲ့ ဆိုင်ကယ်တွေကို လုယက် ဓားပြတိုက်တဲ့သူ ၈ ယောက်နဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို ခိုးယူ မုဒိန်းကျင့်တဲ့သူ ၁ ယောက် ပါဝင်တယ်လို့ ရဲသတင်းရပ်ကွက်ကနေ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW