ကျောက်ထုက တိုက်ပွဲရှောင်စခန်းကို IDPs စီမံကော်မတီက ရိက္ခာဆန်တွေ ဒုတိယအကြိမ် ပေးဝေ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြန်စံ (VOM)
 
မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ကျောက်ထုတိုက်ပွဲရှောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ( Kyaukhtu IDPs Management Committee ) ရိက္ခာဆန်တွေ ကူညီထောက်ပံပေးသွားမယ်လို့ ပြောပါတယ်။
 
” ဒီကနေ့ ဝေမယ့် ရိက္ခာဆန်က ဒုတိယအကြိမ် ပေးဝေတာပါ ၊ ပထမအကြိမ် ဝေတုန်းက IDP Camp ထဲမှာ မဟုတ်ပဲ အပြင်မှာ အိမ်ငှားနဲ့ ခိုလှုံနေတဲ့ မိသားစုတွေကို ဆန်အိတ် ၂၀ ဝေပေးနိုင်ခဲ့ပြီး ကျန်တဲ့ ဆန်အိတ် ၈၀ ကို IDP Camp မှာ အသုံးပြုခဲ့တယ် ၊ အခု ဒုတိယ အကြိမ်က ဆန်အိတ် ၁၀၃ အိတ်ကို ပထမ အကြိမ်တုန်းက မရသေးတဲ့ မိသားစုတွေကို ဦးစားပေး ဝေးသွားမှာ ” ကျောက်ထု တိုက်ပွဲရှောင် ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Kyaukhtu IDPs Management Committee တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကျောက်ထုမြို့ကို တိုက်ပွဲရှောင်ဖို့ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူ ၁ ထောင်ဝန်းကျင်ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်နဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်အကြားမှာ စစ်တပ်နဲ့ CDF တို့ ထိတွေ့ပစ်ခတ်နေတဲ့ အနီးဝန်းကျင် ကျေးလက်ရွာတွေက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
 
“အခြေအနေက ၇ လကျော်နေပြီ ဘာမှမထူးခြားသေးဘူး ၊ ဒီပုံအတိုင်း ဆက်သွားရဦးမယ်ဆိုရင် အအေးဒဏ်ကို ကာကွယ်ပေးနိုင်မယ့် နေရာထိုင်ခင်းနဲ့ အဝတ်အထည်တွေ လိုလာဦးမှာပါ အခုကို ဒီမှာက ဆောင်းသွင်းစ ပြုနေပြီ လို့ ကျောက်ထု ကက်သလစ်သာသနာပြု့အဖွဲ့ အသင်းသား တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကျောက်ထုမြို့ပေါ်မှာ ခိုလှုံနေကြတဲ့ တိုက်ပွဲရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေး ကိစ္စကို စေတနာ့ရှင် အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ရပ်တည်နေရတဲ့အတွက် လုံလောက်မှုမရှိတာကြောင့် ကုန်စုံဆိုင်တွေကနေ အကြွေးစနစ်နဲ့ ဝယ်ယူသုံးစွဲနေရတဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။
 
ဒါ့အပြင် မနေ့ အောက်တိုဘာ ၃ မနက်ပိုင်းက ကျောက်ထု ကက်သလစ် ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်သားတွေက လာရောက်စစ်ဆေးပြီး အမညိစာရင်းနဲ့ ကိုယ်ရေးအချက်အလက် တချို့ကို မေးမြန်း မှတ်တမ်းယူခဲ့တာတွေရှိခဲ့တယ်လို့ အဲ့ဒီ ကက်သလစ် ဘုရားကျောင်းနဲ့ နီးစပ်သူတွေရဲ့ အပြောအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျောက်ထု #တိုက်ပွဲရှောင် #IDPs
 
ပုံစာ ၊ ကျောက်ထု တိုက်ပွဲရှောင် ပြည်သူတွေကို ပထမအကြီမ် ဆန်ကိက္ခာ ပေးဝေနေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW