သတင်းထောက် မသူဇာကို ပုဒ်မ၅၀၅(က)နဲ့ အရှေ့ဒဂုံတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁ KK(VOM)   MPA သတင်းဌာနနဲ့အခြားသတင်းဌာနတွေမှာ အလွတ်တန်းသတင်းထောက်အဖြစ်လုပ်ကိုင်နေတဲ့ မသူဇာကို လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ ပုဒ်မ-၅၀၅(က) နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။   စက်တင်ဘာလ ၁ရက်နေ့ ညနေပိုင်းကတည်းက ပျောက်ဆုံးနေတဲ့ မသူဇာဟာ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူကိုရဲကိုက VOMကို ပြောပါတယ်။   “ကျနော်တို့နဲ့က စက်တင်ဘာ ၂၉ရက်နေ့မှ အဆက်အသွယ်ရတာ အဲ့ဒီကျမှ သိရတာ၊ အရှေ့ဒဂုံရဲစခန်းကို ပို့တယ် ရမန်ယူတယ်၊ တရားရုံးမှာ စစ်ဆေးပြီးရင် အင်းစိန်ထောင်ကို ပို့မှာပါ”လို့ သူကရှင်းပြပါတယ်။   မသူဇာကို အောင်သပြေစစ်ကြောရေးစခန်းကနေ စက်တင်ဘာ ၂၉ရက်မှာ အရှေဒဂုံမြို့မရဲစခန်းကိုပို့ဆောင်ခဲ့ကြောင်း ရဲစခန်းကနေအကြောင်းကြားလို့ နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ စခန်းမှူးက အမှုဖွင့်ထားပြီး လက်တလောမှာ မိသားစုဝင်တွေ တွေ့ခွင့်မရဘူးလို့ ကိုရဲကိုက ပြောပါတယ်။…

Read More

တောင်ဒဂုံ UAB bankကို ဓားပြတိုက်ဖို့လာသူတွေက ဘဏ်တံခါးဖွင့်မပေးတဲ့ ဘဏ်လုံခြုံရေးကိုရိုက်နှက်ခဲ့

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်မှာရှိတဲ့ UAB BANK စက်မှုဇုန်ဘဏ်ခွဲကို မနေ့ အောက်တိုဘာ ၃ယက် ညနေပိုင်းက အမည်မသိအဖွဲ့က ဓားပြတိုက်ဖို့လာရောက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းက တံခါးဖွင့်မပေးလို့ ရိုက်နှက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   တောင်ဒဂုံမြို့နယ် ၊ ၂၄ရပ်ကွက်,ပြည်ထောင်စုလမ်း အမှတ်-၁၄၉၀ မှာရှိတဲ့ UAB bank (စက်မှုဇုန်ဘဏ်ခွဲ)ကို မနေညနေ ၆နာရီက အမည်မသိလူတစ်စုက ဓားပြတိုက်ဖို့ ကြံစည်အားထုတ်ခဲ့တာဖြစ်တယ်လို့ ဘဏ်အနီးနေထိုင်သူတဦးက ပြောပါတယ်။   “လုံခြုံရေးကိုဝိုင်းရိုက်တော့ လူတွေအုံလာတယ်၊ အဲ့ကျမှ ထွက်ပြေးသွားတာ၊ အဲ့ဒီလူတွေကိုတော့ မမိဘူး”လို့ သူကပြောပါတယ်။   အမည်မသိအဖွဲ့က UAB ဘဏ်ကို ရောက်ရှိလာချိန် ဘဏ်တံခါးဖွင့်ပေးဖို့ လုံခြုံရေးဝန်ထမ်းကိုပြောဆိုရာ ဖွင့်မပေးတာကြောင့် ရိုက်နှက်ခဲ့ကြတာဖြစ်ပြီး လက်တလောမှာ ဒဏ်ရာရရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းဟာ ဆေးကုသမှုခံယူနေတယ်လို့ ရပ်ကွက်နေသူတွေကနေ သိရပါတယ်။…

Read More

မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆုတောင်း

ဗာတီကန်၊ အောက်တိုဘာ-၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က စိန့်ပီတာရင်ပြင်မှာ အောက်တိုဘာ ၃ ရက်ကပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။   မကြာသေးမီကာလတွေအတွင်း အဆင်မပြေမှု နာကျင်မှုတွေခံစားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဘုရားသခင်ထံမှ ငြိမ်းချမ်းရေးလက်ဆောင် ချီးမြှင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။   မြန်မာနိုင်ငံမှာနေထိုင်သူတွေရဲ့ နာကျင်မှုတွေနဲ့ သေဆုံးမှုတွေအတွက် မျက်ရည်တွေထပ်မရှိစေဖို့၊ လာမယ့်ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေကိုကျော်လွှားပြီး အတူတကွလုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းခဲ့ပါတယ်။   ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကိုလာရောက်ဖူးသူ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေနဲ့ပတ်သက်ပြီး မကြာခနဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။   မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ပဋိပက္ခတွေကြောင့် လူ ၁၁၁၄ သေဆုံးပြီး ၈၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။   Ref: UCA News Photo:…

Read More

ဒေါ်လာစျေးမြင့်တက်နေတာကို ထိန်းဖို့အတွက် ပို့ကုန်ရငွေဒေါ်လာ ကိုင်ဆောင်ခွင့်ကန့်သတ်တာလို့ ဗဟိုဘဏ်တာဝန်ရှိသူပြော

အောက်တိုဘာ ၄-၂၀၂၁ GH ( VOM )   ပြည်ပကိုတင်ပို့နေတဲ့ ပိုကုန်တွေကနေရရှိတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်ငွေစာရင်းထဲမှာ ၁ လသာ ထားခွင့်ပြုမယ်လို့ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။   ပို့ကုန် တင်ပို့ရောင်းချသူတွေထဲမှာ ပိုကုန်ရငွေဒေါ်လာကို ကိုင်ဆောင်ဖို့လိုအပ်တဲ့ကာလထက်ကျော်လွန်ပြီး စျေးကစားတွေလုပ်ဆောင်နေတာကြောင့် ပို့ကုန်ရငွေကိုင်ဆောင်ခွင့်ကို ရက်ပေါင်း ၃၀ အဖြစ်ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။   အဲ့ဒီ ၁ လအတွင်းမှာ လုပ်ငန်းရှင်အနေနဲ့ လိုအပ်တာအားလုံးသုံးစွဲခွင့်ရှိတဲ့အပြင် လိုအပ်တဲ့သူတွေကိုလည်းပြန်လည်ရောင်းချနိုင်ပြီး ပိုနေတဲ့ ဒေါ်လာကိုတော့ ဘဏ်တွေကိုပြန်လည်ရောင်းချပေးရမှာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူကပြောပါတယ်။   “ကာလကန့်သတ်ချက်ထားလိုက်တယ်ဆိုတာ လိုတာရှိသုံးပေါ့။ ကိုယ်မသုံးရင် လိုတဲ့သူရောင်းပေးလိုက်ပေါ့။ ကာလတစ်ခုပြီးသွားရင် ကိုယ်လည်းသုံးသင့်သလောက်သုံးပြီးပြီ၊လိုအပ်တဲ့သူကိုလည်းရောင်းပြီးပြီဆိုရင်တော့ ကျန်တဲ့ဟာကို ဘဏ်ကိုရောင်းပေါ့။အခု က ဘဏ်အေကာင့်ထဲရောက်လာတဲ့ ပို့ကုန်ရငွေတွေကို လိုနေတဲ့သူလည်းမရောင်းဘူး၊ဘဏ်ကိုလည်းမရောင်းဘူး စျေးတက်မလားဆိုပြီးတော့ ဒါကိုလက်ထဲမှာကိုင်တွယ်ထားပြီး ကိုယ်လည်းမသုံးသေးဘူး။ လိုအပ်တဲ့ကာလထက်ပိုကိုင်ထားတယ်။သူ့ကို သုံးခွင့်လည်းပေးထားတယ် သူများကိုရောင်းခွင့်လည်းပေးထားတယ်။ ဒါပေမယ့် အဲ့ဒါကို ကိုင်တွယ်ပြိး…

Read More

ဆူဂါနေရာဆက်ခံတဲ့ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ဖူမိအိုကီရှီဒါကို ရွေးချယ်

တိုကျို၊ အောက်တိုဘာ-၄-၂၀၂၁ မျိုးဆက် (VOM)   ဂျပန်ဝန်ကြီချုပ်အဖြစ်တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နှုတ်ထွက်သွားတဲ့ ဆူဂါနေရာကို ဆက်ခံသူအဖြစ် ဖူမီအိုကီရှီဒါကို ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၄ ရက်မှာ တရားဝင်ခန့်အပ်လိုက်ပါတယ်။   အသက် ၆၄ နှစ်အရွယ် မစ္စတာကီရှီဒါဟာ အာဏာရလဘစ်ဘရစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ရွေးချယ်ပွဲမှာ လွန်ခဲတဲ့သီတင်းပတ်အတွင်းက အနိုင်ရရှိခဲ့ပါတယ်။   သူဟာ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့စီးပွားရေးကို ပြန်လည်နာလည်ထူရေးနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပါအဝင် ခက်ခဲ့တဲ့ပြသနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။   ဝန်ကြီးချုပ်သစ်ဟာ ဂျပန်နိုင်ငံမှာ လူထုထောက်ခံမှုနည်းပါးတဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို လက်ခံခြင်းပခဲ့တာကြောင့်ထောက်ခံမှုကျဆင်းနေတဲ့ သူ့ရဲ့ပါတီကို ထောက်ခံမှုပြန်လည်ရရှိဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်နေပါတယ်။   သူဟာ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို အနိုင်ရရဖို့ ဦးဆောင်သွားမှာဖြစ်ပါတယ်။ဒါပေမယ့် သူဟာအောက်တိုဘာ ၃၁ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယာ်။   မစ္စတာကီရှီဒါဟာ သူ့ရဲ့…

Read More

ရန်ကုန်တိုင်းက (၆)မြို့နယ်မှာ ဗုံးပေါက်၊ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦးသေဆုံး

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁ KK(VOM)   ရန်ကုန်မှာ မနေ့ အောက်တိုဘာ ၃ရက်နေ့က သာကေတ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊သန်လျှင်မြို့နယ်နဲ့ မြောက်ဥက္ကလာမြို့နယ်တို့မှာ ဗုံးပေါက်ကွဲတာ တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်တွေဖြစ်ပွားရာ မြို့နယ်တွေကနေ သိရပါတယ်။   “မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့ နဲ့ ဓမ္မာရုံမှတ်တိုင်အနီးမှာ မနေ့ည ၁၀ နာရီခွဲက သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရရှိတဲ့သူ ရှိ/မရှိဆိုတာ ညမထွက်ရအချိန်ကာလဖြစ်နေတဲ့အတွက် မသိရဘူး”လို့ ဌရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   သာကေတမြို့နယ်နဲ့လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။   လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ အိမ်ယာဝင်းဆောက်လုပ်မယ့် ခြံစည်းရိုးနားမှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ အတွင်းပဒံကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   သာကေတမြို့နယ်၊၃/မာန်ပြေရပ်ကွက်၊ မြင်တော်သာလမ်း၊ (၃) ဂိတ်ဟောင်းအနီး လမ်းလယ်မှာလည်း မနေ့ည ၉နာရီခန့်က…

Read More

လှိုင်သာယာမှာ စစ်ကားယာဉ်တန်း ဗုံးခွဲခံရပြီး သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရသူတွေရှိခဲ့

အောက်တိုဘာ ၄-၂၀၂၁ GH ( VOM )   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ မနေ့ အောက်တိုဘာ ၃ ရက် ည ၈ နာရီခွဲလောက်က စစ်ကားယာဉ်တန်းဗုံးခွဲခံရပြီး သေဆုံးသူ နဲ့ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ရန်ကုန်-ပုသိမ် လမ်းမကြီး ရဲတပ်ရင်း(၉)နဲ့ ဒဂုံဧရာ အဝေးပြေးကားကွင်းအကြားမှာ ပွိုင့်ကားတစ်စီး၊ Double Cab နှစ်စီးနဲ့ ကားအကြီး နှစ်စီး နဲမောင်းလာတဲ့ စစ်ကားယာဉ်တန်းသွားနေချိန် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ လှိုင်သာယာဆေးရုံကိုခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။   ” စစ်ကားတွေလာချိန် ဗုံးပေါက်တယ်၊ အဲ့ဒါကိုဆင်းပြီးစစ်တဲ့အချိန် နောက်တလုံးထပ်ပေါက်တာမှ ထိကြတာလို့သိရတယ်။ကြားတာ ၅ ယောက်ပေါ့။ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်။သူတို့က ဖြစ်ဖြစ်ချင်းအကုန်သယ်ပြီး ဆေးရုံထဲကို မောင်းသွားကြတာ။ရဲလား စစ်သားလား ဘယ်သူမှမသိဘူး၊ ဘယ်သူသေသေအတူတူပဲ…

Read More

ဘုံတလာ ရေအားလျှပ်စစ် စက်ရုံ ဖောက်ခွဲခံရပြီး ပစ်ခတ်မှုတွေဖြစ်ပေါ်

အောက်တိုဘာ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့၊ မြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက်ဝေးတဲ့ နေရာမှာရှိပြီး လည်မျိုးချောင်းရေကို အမှီပြုတည်ဆောက်ထားတဲ့ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံ အဆောက်အဦးကို မနေ့ အောက်တိုဘာ ၃ ညနေပိုင်းက ဖောက်ခွဲခံရပြီး အဲ့ဒီဘက်မှာ ပစ်ခတ်သံတွေကြား​နေရတယ်လို့ မတူပီမြို့ခံတွေရဲ့ ပြောပြအချက်အရ သိရပါတယ်။   ” ဖြစ်တာက ညနေ ၂ နာရီနောက်ပိုင်းမှာပါ ၊ ဘုံတလာရေအား လျှပ်စစ် စက်ရုံး ဖောက်ခွဲခံရတာလို့ ကြားရတယ် ၊ မြို့နဲ့ ၆ မိုင်လောက်ဝေးတော့ အပျက်အစီး ရှိတယ် မရှိဘူးဆိုတာ မသိရဘူး ၊ အဲ့ဒီဘက်ကို တက်သွားတဲ့ စစ်သားတွေနဲ့ ပစ်ခတ်ကြတာဖြစ်နိုင်တယ် ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေတော့ကြားနေရတယ် ” လို့ ဒေသခံ တစ်ယောက်က…

Read More

မထသ(ဗဟို)စနစ်ကို ပြန်သွားနေတာလားYBS

ရန်ကုန်၊ အောက်တိုဘာ၊၄၊၂၀၂၁ အေးချမ်းသူ(VOM)   ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော်လည်း ဖြစ်တဲ့အတွက် အများပြည်သူသွားလာရေးအတွက် YBS ယာဉ်လိုင်းတွေကိုပဲ ပြည်သူတွေဟာ အားကိုးအားထားပြုနေရပါတယ်။   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၁ရက်နေ့ထုတ်ပြန်အရမြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေမှာ (၅၅ ဒသမ ၃)သန်းခန့်ရှိပြီးရန်ကုန်တိုင်းဒေသကြီးရဲ့ လူဦးရေမှာ ၈.၇သန်းရှိတယ်လို့လည်း သိရပါတယ်။   ရန်ကုန်တိုင်းဒေသကြီးကို ခရိုင်လေးခု မြို့နယ် ၄၅မြို့နယ်၊ မြို့၂၀၊ ရပ်ကွက် ၇၄၃၊ ကျေးရွာအုပ်စု ၆၁၉၊ ကျေးရွာ ၂၁၆၂ရွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။   လူဦးရေ ၈.၇သန်းရဲ့သုံးပုံတစ်ပုံခန့်ဟာ ရန်ကုန်မြို့တွင်းကို နေ့စဥ်သွားရောက်အလုပ်လုပ်ကိုင်ရာမှာတော့ သွားလာရေးအတွက် YBS ယာဥ်တွေနဲ့ ရထားလမ်းနဲ့နီးတဲ့ ပြည်သူတွေ ကရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာပြီးမြို့တပတ်ပတ်ကာ ရန်ကုန်ဘူတာကြီးမှာပင် အဆုံးသတ်တဲ့ မြို့ပါတ်ရထားနဲ့ သွားလာရေးအတွက်လိုက်ပါစီးနင်းကြပေမယ့် လူအများစုကတော့ YBSယာဥ်တွေကိုသာ အများဆုံးအသုံးပြုကြပါတယ်။   အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့Yangon Bus Service (YBS)ယာဥ်လိုင်းတွေကို…

Read More

ကျောက်ထုက တိုက်ပွဲရှောင်စခန်းကို IDPs စီမံကော်မတီက ရိက္ခာဆန်တွေ ဒုတိယအကြိမ် ပေးဝေ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ကျောက်ထုတိုက်ပွဲရှောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ( Kyaukhtu IDPs Management Committee ) ရိက္ခာဆန်တွေ ကူညီထောက်ပံပေးသွားမယ်လို့ ပြောပါတယ်။   ” ဒီကနေ့ ဝေမယ့် ရိက္ခာဆန်က ဒုတိယအကြိမ် ပေးဝေတာပါ ၊ ပထမအကြိမ် ဝေတုန်းက IDP Camp ထဲမှာ မဟုတ်ပဲ အပြင်မှာ အိမ်ငှားနဲ့ ခိုလှုံနေတဲ့ မိသားစုတွေကို ဆန်အိတ် ၂၀ ဝေပေးနိုင်ခဲ့ပြီး ကျန်တဲ့ ဆန်အိတ် ၈၀ ကို IDP Camp မှာ အသုံးပြုခဲ့တယ်…

Read More
VOM News

FREE
VIEW