တောင်ဒဂုံ UAB bankကို ဓားပြတိုက်ဖို့လာသူတွေက ဘဏ်တံခါးဖွင့်မပေးတဲ့ ဘဏ်လုံခြုံရေးကိုရိုက်နှက်ခဲ့

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်မှာရှိတဲ့ UAB BANK စက်မှုဇုန်ဘဏ်ခွဲကို မနေ့ အောက်တိုဘာ ၃ယက် ညနေပိုင်းက အမည်မသိအဖွဲ့က ဓားပြတိုက်ဖို့လာရောက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းက တံခါးဖွင့်မပေးလို့ ရိုက်နှက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
တောင်ဒဂုံမြို့နယ် ၊ ၂၄ရပ်ကွက်,ပြည်ထောင်စုလမ်း အမှတ်-၁၄၉၀ မှာရှိတဲ့ UAB bank (စက်မှုဇုန်ဘဏ်ခွဲ)ကို မနေညနေ ၆နာရီက အမည်မသိလူတစ်စုက ဓားပြတိုက်ဖို့ ကြံစည်အားထုတ်ခဲ့တာဖြစ်တယ်လို့ ဘဏ်အနီးနေထိုင်သူတဦးက ပြောပါတယ်။
 
“လုံခြုံရေးကိုဝိုင်းရိုက်တော့ လူတွေအုံလာတယ်၊ အဲ့ကျမှ ထွက်ပြေးသွားတာ၊ အဲ့ဒီလူတွေကိုတော့ မမိဘူး”လို့ သူကပြောပါတယ်။
 
အမည်မသိအဖွဲ့က UAB ဘဏ်ကို ရောက်ရှိလာချိန် ဘဏ်တံခါးဖွင့်ပေးဖို့ လုံခြုံရေးဝန်ထမ်းကိုပြောဆိုရာ ဖွင့်မပေးတာကြောင့် ရိုက်နှက်ခဲ့ကြတာဖြစ်ပြီး လက်တလောမှာ ဒဏ်ရာရရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းဟာ ဆေးကုသမှုခံယူနေတယ်လို့ ရပ်ကွက်နေသူတွေကနေ သိရပါတယ်။
 
UAB တောင်ဒဂုံဘဏ်ခွဲမှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီဘဏ်ကို မနက်ကနေ ညနေအထိ VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုပေးခြင်းမရှိခဲ့ပါဘူး။
 
စစ်တပ်နဲ့ရဲတွေဟာ UABတောင်ဒဂုံဘဏ်ခွဲကိစ္စနဲ့ပတ်သက်ပြီး CCTV record နဲ့ ဖြစ်စဥ် စ/ဆုံးမြင်တွေ့ခဲ့သူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ရပ်ကွက်နေထိုင်သူတွေက ပြောပါတယ်။
 
ရန်ကုန်နဲ့ကျောက်မဲမှာ ဇွန်လ ကနေ စက်တင်ဘာလအထိ AYA ဘဏ်၊ KBZဘဏ်ခွဲ ၁၀၆ ၊မရမ်းကုန်းကမ္ဘာ့ရတနာဘဏ်ခွဲနဲ့တောင်ဥက္ကလာ ကမ္ဘာ့ရတနာဘဏ်ခွဲတို့ ဓားပြတိုက်ခံခဲ့ရပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW