ဘုံတလာ ရေအားလျှပ်စစ် စက်ရုံ ဖောက်ခွဲခံရပြီး ပစ်ခတ်မှုတွေဖြစ်ပေါ်

အောက်တိုဘာ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့၊ မြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက်ဝေးတဲ့ နေရာမှာရှိပြီး လည်မျိုးချောင်းရေကို အမှီပြုတည်ဆောက်ထားတဲ့ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံ အဆောက်အဦးကို မနေ့ အောက်တိုဘာ ၃ ညနေပိုင်းက ဖောက်ခွဲခံရပြီး အဲ့ဒီဘက်မှာ ပစ်ခတ်သံတွေကြား​နေရတယ်လို့ မတူပီမြို့ခံတွေရဲ့ ပြောပြအချက်အရ သိရပါတယ်။
 
” ဖြစ်တာက ညနေ ၂ နာရီနောက်ပိုင်းမှာပါ ၊ ဘုံတလာရေအား လျှပ်စစ် စက်ရုံး ဖောက်ခွဲခံရတာလို့ ကြားရတယ် ၊ မြို့နဲ့ ၆ မိုင်လောက်ဝေးတော့ အပျက်အစီး ရှိတယ် မရှိဘူးဆိုတာ မသိရဘူး ၊ အဲ့ဒီဘက်ကို တက်သွားတဲ့ စစ်သားတွေနဲ့ ပစ်ခတ်ကြတာဖြစ်နိုင်တယ် ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေတော့ကြားနေရတယ် ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ဖောက်ခွဲခံရတယ်ဆိုတဲ့ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံဟာ ၊ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စတင်ခဲ့တာဖြစ်ပြီး ၊ တည်ဆောက်ရေး အချိန်ကာလ ၁ နှစ်ကျော်ကြာ ၂၀၀၇ မှာ ပြီးစီးခဲ့ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၅ ရာ ထုတ်လုပ်ပေးနိုင်တဲ့ ရေအားလျှပ်စစ် စက်ရုံ အမျိုးအစား ဖြစ်ပါတယ်။
 
ဒါ့အပြင် မတူပီမြို့ရဲ့ မြို့ပြမီးလင်းရေး မှတ်တမ်းတွေအရ မတူပီမြို့ရဲ့ လျှပ်စစ်စွမ်အင်းဟာ နန်းမလောင်ရေအားလျှပ်စစ် စက်ရုံကထွက်ရှိတဲ့ ဓာတ်အားကို အဓိကထား သုံးစွဲကြရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၀ မှာ မဟာလျှပ်စစ် ဓာတ်အားလိုင်း သွယ်တန်းနိုင်ခဲ့တာကြောင့် မတူပီမြို့မှာ လျှပ်စစ်ဓာတ်အား အလုံအလောက် သုံးစွဲနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဘုံတလာ
 
ပုံစာ ၊ ဘုံတလာ ရေအားလျှပ်စစ်ရုံကို ၂၀၂၀ ခုနှစ်က တွေ့ရပုံ

Related posts

Leave a Comment

VOM News

FREE
VIEW