နန်းတွင်းနှင့် ပြင်သစ်မီးစက်

——————————-
ဆူးငှက်

““….. .မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါးစသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့်ပြီးသော ဘဲခတ်္တီပါအထည်များကို။ ရွက်ကာမုတ်လှ ဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေခြင်း။ ရွှေသားဘော်စင်များကို၊ သင်းချောကြိမ်ကဲ့သို့ခတ်၍။
ဆန်းကြယ်စွာယက်လုပ်စေအပ်သော။ ရွှေသင်ဖျူး၊ ငွေသင်ဖျူးစသော ထူးဆန်းသောအခင်းများကို ခင်းကျင်းစေခြင်း။ အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီးတို့ဖြင့် ထွန်းလင်းတောက်ပစေခြင်း။ ပွင့်မျိုးသီးမျိုး ပန်းအိုး၊ ပန်းခုံတို့ဖြင့် တင့်တယ်ခင်းကျင်းစေခြင်း……””

(မူရင်းသတ်ပုံ၊ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယတွဲ)

“အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး…”တဲ့။ မန္တလေးတွင် လျှပ်စစ်ဓာတ်မီးကို စတင်အသုံးပြုခဲ့သည်မှာ သက္ကရာဇ် ၁၂၄၆ ခု သီတင်းကျွတ်လတွင် ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သော
သီပေါဘုရင်၏သမီးတော် နားထွင်းမင်္ဂလာပွဲမှစတင်ခဲ့သည်ဟု မှတ်သားဖူးသည်။

ထိုစဉ်က မန္တလေးမြို့တွင်း အသီးသီးသော ရပ်ကွက်များ၌ ဆီမီး၊ ကညင်မီးတို့သာ သုံးစွဲနေချိန်၌ ကျုံးမြို့ရိုးကာရံထားသော နန်းတွင်း၊ နန်းမြို့တော်တွင် “အလိုမဲ့ထွန်းလင်းစေနိုင်သည့် လျှပ်စစ်ဓာတ်မီး”ကို ထိန်ထိန်လင်းလင်းမျှ သုံးစွဲခေတ်မီနေချေပြီ။

သီပေါမင်းလက်ထက်၊ သမီးတော်နားထွင်းမင်္ဂလာမှ အစပြု၍ သုံးစွဲသောလျှပ်စစ်ဓာတ်မီးကား မီးစက်မီးဖြစ်၏။ ယခုကဲ့သို့ တရုတ် အင်ဂျင်တော့ ဟုတ်ဟန်မတူ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ၁၈၇၅ ခုနှစ်ကတည်းက ရောက်ရှိကာ မြန်မာဘုရင်ထံ အမှုထမ်းနေသော ပြင်သစ်အင်ဂျင်နီယာ ဘွန်ဘီလိန်းက ပါတော်မူပြီးနောက် မြန်မာအစိုးရ ရှင်ဘုရင်ထံမှ ရလိုကြောင်းတောင်းခံခဲ့သည့် “အကြွေးတော်” စာရင်းတွင် ၁၈၈၁ ခုနှစ် ကန်ထရိုက်စာချုပ်အရ တင်သွင်းသည့် မီးစက် ၅ လုံးတန်ဖိုး(၆၀၇၅)ကျပ် ဟူသော “ရရန်”စာရင်းတစ်ခုပါရှိသည်။

ထို့ကြောင့် သီပေါမင်း သုံးစွဲသော “အလိုမဲ့ထွန်းလင်းစေနိုင်သော
လျှပ်စစ်ဓာတ်မီး” ဟူသည် ပြင်သစ်မီးစက်မှ ထွန်းညှိသော လျှပ်စစ်မီး ဖြစ်နိုင်သည်။

နန်းတွင်း၌ ထိုမီးစက်ကို ၂၄ နာရီမီးလင်းရေးအစီအစဉ်ဖြင့် ထွန်းညှိသလော၊ မဟုတ်တန်ရာ။ အဘယ့်ကြောင့် ဆိုသော် သက္ကရာဇ် ၁၂၄၅ ခု၊ တော်သလင်းလက နတ်တော်လပြည့်ကျော် ၉ ရက်နေ့တိုင်း အရပ်ရပ်အသုံးတော်ရှိရာ အမိန့်တော်မြတ်နှင့် အခွန်ဝန်၊ အကောက်ဝန်ကျောက်ရဲ့မြို့စား မန္တလေးတွင် လျှပ်စစ်မီးကို သက္ကရာဇ် ၁၂၄၆ ခုနှစ် သီတင်းကျွတ်လမှ စတင်ခဲ့သည်ဟုဆိုသော်လည်း နန်းတွင်း၌ မီးရောင်စုံ အကြီးအကျယ်ထွန်း““……မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါးစသော နံရံများတွင် ရွှေကျင်ခတ်ထည်၏ စာရင်းရှင်းတမ်း တစ်ခုတွင် –

“အမိန့်တော်မြတ်နှင့်မြို့သာဆရာတော်ဘုရား လှူဒါန်းရန်နှင့်
ဆရာတော်နောက်ပါလူတို့ကို ဆုသနားတော်မူပါရန် ဆက်သွင်းသည့် ကျောက်ဖယောင်းတိုင်သေတ္တာ ၂၀” ဟူသောစာရင်း။ အမိန့်တော်မြတ်နှင့် စားတော်ဝန်သို့ ပေးဆက်သွင်းရသည့် ကျောက်ဖယောင်းတိုင်သေတ္တာ ၂၀၀ သင့်ငွေ ၉၀၀ ဟူသောစာရင်း၊ အမိန့်တော်မြတ်နှင့် မြို့ဝန် အက္ကပါတ်မြင်းဝန် ပင်လယ်မြို့စားသို့အပ်၍ ဆက်သွင်းရသည့် ပစ္စည်းများ စာရင်း၌လည်း ကျောက်ဖယောင်းတိုင်သတ္တာ ၅ ဟူသောစာရင်း၊ အမိန့်တော်မြတ်နှင့် အသျှင်နန်းမတော်မိဖုရားခေါင်ကြီးဘုရား စာရေးကြီး ဖန်ချက်ဝန်နှင့် စားတော်ဝန်တို့အပ်၍ ဆက်သွင်းရသည့်ပစ္စည်းစာရင်း၌ ကျောက်ဖယောင်းတိုင်သေတ္တာ ၁၀၀ စာရင်း၊ တောင်ပန်းခုံ အုတ်တိုက်တော်တွင် မီးထွန်းပြောင်ရန် ဗြဲတိုက်သံဆင့် ငဘိုးသွယ်သို့အပ်၍ ပေးသွင်းရသည့် ပစ္စည်းစာရင်း၌ ဖန်ပေါင်းချောင်နှင့်အတူ မြို့ဝန်အက္ကပါတ်မင်းဝန်၊ ပင်လယ်မြို့စားသို့အပ်၍
ဆက်သွင်းရသည့် ပစ္စည်းစာရင်း၌ ကျောက်ဖယောင်းတိုင်သေတ္တာ ၅၀၀ စာရင်းတို့ကို တွေ့ရှိမှတ်သားရသည်။

သီပေါဘုရင်သည် ပြင်သစ်ထံမှ မီးစက်ဝယ်ထားသော်လည်း သမီးတော်နားထွင်းမင်္ဂလာကဲ့သို့ အရေးတကြီး အခမ်းအနားများ၌သာ သုံးပုံရသည်။ ကျန်အချိန်များ၌ မိဖုရားခေါင်ကြီးကပင် စံပြနမူနာအဖြစ် ကျောက်ဖယောင်းတိုင်ကိုပဲ သုံးစွဲနေလိမ့်မည်။ ကျောက်ဖယောင်းတိုင်သတ္တာ ၂၀၀ မှာ ငွေဒင်္ဂါး ၉၀၀ ဟူသောကြောင့် ဖယောင်းတိုင်တစ်သေတ္တာမှာ ၄ ကျပ်ခွဲပဲကျသင့်ပေမည်။

xxx xxx xxx

တကယ်တော့ မန္တလေးတွင် ယခုလိုသီတင်းကျွတ်၊ တန်ဆောင်မုန်းအချိန် နန်းတွင်း၌ မီးရောင်စုံ အကြီးအကျယ် ထွန်းညှိ၍ ပွဲလမ်းသဘင် ဆင်ယင်သည်မှာ သက္ကရာဇ် ၁၂၄၂ ခုနှစ်က အထင်အရှားရှိခဲ့ဖူးသည်။

မန္တလေးနေပြည်တော်ကာလ သီပေါမင်းလက်ထက်တွင် တစ်နှစ်တစ်ခါ သီတင်းကျွတ်အခါသမယ၌ ကျင်းပသော ဆီမီးမြင်းမိုရ်ပွဲမှသာ မြတ်စွာဘုရားရှင်ကို ရည်ညွှန်းပူဇော်သောအားဖြင့် ဆီမီးမှန်အိမ်၊ ကျောက်ဖယောင်းတိုင်တို့ကို ဖောချင်းသောချင်း သုံးစွဲခဲ့ပုံကို မှတ်သားရခြင်းဖြစ်သည်။ သာမန် နေ့နေ့ညည၌ကား မီးအလင်းရောင်ကို လိုသလောက်သာ ချွေချွေတာတာ သုံးစွဲခဲ့ကြပုံပေါ်သည်။

တကယ်တော့ လျှပ်စစ်မီးကို သီပေါမင်းလက်ထက် ပါတော်မမူမီ သက္ကရာဇ် ၁၂၄၆ ခုနှစ် (ခရစ်နှစ် ၁၈၈၅ခုနှစ်) သီတင်းကျွတ်လမှ စတင် သုံးစွဲခဲ့သည်။

အဆိုပါလျှပ်စစ်မီးအတွက် ၁၈၈၁ ခုနှစ်တွင် ကန်ထရိုက်စာချုပ်အရ
ငွေကျပ် ၆၀၇၅ တန်ဖိုးရှိ ပြင်သစ်မီးစက် ၅ လုံးသာ ဝယ်ယူ တင်သွင်းသည် ဆိုသည်မှာ ရွှေမြို့တော်ကြီးတွင် နန်းဆောင်ပေါင်း ၅၀ နီးပါးအတွက် ထိုအရေအတွက်မှာ လိုသည့်နေရာ အရေးပေါ် သုံးရန်နှင့်
သမီးတော်နားထွင်းမင်္ဂလာစသော ပွဲကြီးလမ်းကြီးများအတွက်ပဲ ဖြစ်ပုံရသည်။ သို့မဟုတ် စက်ရုံတော်များအတွက် အသုံးပြုရန်လည်းဖစ်နိုင်သည်။

ကျန်အချိန်များတွင် အမှောင်ထဲ၌ လျှပ်စစ်မီးမရှိဘဲ နေခဲ့ကြတာ ရတနာပုံခေတ် ကတည်းက အသားကျခဲ့ကြပြီ။

#voiceofmyanmar #VOM #ဆူးငှက် #နန်းတွင်းနှင့်ပြင်သစ်မီးစက်

Related posts

Leave a Comment

VOM News

FREE
VIEW