ထီးချိုင့်နယ်ထဲမှာ နယ်မြေရဲကင်းစခန်းတွေ နှစ်ညဆက်တိုက် မီးရှို့ခံရ

အောက်တိုဘာ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲမှာရှိတဲ့ နယ်မြေရဲကင်းစခန်းနဲ့ လှုပ်ရှားရဲကင်းစခန်းကို အခုလ အောက်တိုဘာ ၃ ရက် နဲ့ ၄ ရက်နေ့ ညပိုင်းတွေမှာ နှစ်ည ဆက်တိုက် မီးရှို့ခံရတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။   ” ၃ ရက်ညက အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတယ် ၊ မနေ့ညကတော့ ကမ်းနီ လှုပ်ရှားရဲကင်းစခန်း ထပ်ပြီး မီးရှို့ခံရတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။   အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အရန်မီးသတ်တွေရဲ့ မှတ်တမ်းအရ အချုပ်ခန်းနဲ့တွဲထားတဲ့ စခန်းရုံး ၁ခု ၊ လူပျိုဆောင် ဘားတိုက် အဆောက်အဦး ၁ လုံး ၊ ၂…

Read More

ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက် ဖမ်းဆီးခံရ

အောက်တိုဘာ ၄၊ ၂၀၂၁ Shy V (VOM)   ရွှေဖီမြေက အမျိုးသမီး သတင်းထောက်ဟောင်း လွေးအမ်ဖောင်းကို လားရှိုး၊ ရပ်ကွက် ၁၊ နယ်မြေ ၃ မှာ စက်တင်ဘာလ ၂၆ ရက် မနက် ၂ နာရီခန့်က စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သူနဲ့ နီးစပ်သူက ပြောပါတယ်။   ၁ ရွာလုံးနီးပါး ဖျားပြီး ဆေးဝါး အခက်အခဲ ဖြစ်နေတဲ့ ကြူဝင်ရွာကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သွားရောက် ထောက်ပံ့ပေးဖို့ သွားမယ့်အဖွဲ့တွေနဲ့ သွားအိပ်လိုက်တဲ့အိမ်မှာ ညသန်းခေါင် ၁၂ နာရီ၊ ၁၂ နာရီခွဲလောက်မှာ ဖမ်းခံရတာလို့ နီးစပ်သူပြောပြတာက   “စစ်တပ်က ခြံထဲကျော်ဝင်လာပြီး အိမ်ပတ်ပတ်လည်လည်း ဝိုင်းထားခဲ့တယ်။ မိန်းခလေးတွေချည်း ၁၀ ယောက်ကျော်ကို တစ်ယောက်ချင်းခေါ် စစ်ဆေးတယ်။…

Read More

စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၅၄၀၀၀၀ ကျပ်သတ်မှတ်မှု တောင်သူတွေအတွက် အဆင်မပြေ

အောက်တိုဘာ၊ ၅-၂၀၂၁ GH ( VOM )   အခုနှစ်မိုးစပါးအတွက် အခြေခံရည်ညွန်းစျေးနူန်းအဖြစ် စပါးတင်း ၁၀၀ကို ငွေကျပ် ငါးသ်ိန်း လေးသောင်း(၅၄၀၀၀၀)သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။   အဲ့ဒီလို သတ်မှတ်လိုက်တဲ့ အခြေခံစပါးစျေးနူန်းဟာ တောင်သူတွေအတွက် အဆင်မပြေကြောင်း ၊ လယ်တစ်ဧကကို စပါး ၅၀ အောက်ထွက်ခဲ့ပါက စိုက်ပျိုးစရိတ်ပင်အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။   ” မနှစ်ကထက် ၂ သောင်းပဲပိုတယ်။ မနှစ်က အခုလို ဘာမှစျေးမကြီးမြင့်ဘူး။ အခုနှစ်ဆို အကုန်စျေးတက်ကြီးပဲ။ အခုနှစ် စပါးရိတ်သိမ်းချွေအပြီး စက်က တစ်ဧကကို ၇၀၀၀၀ တောင်းတယ်။မနှစ်က ၅၀၀၀၀ ပဲရှိတာ။ လယ်တစ်ဧက စပါး ၅၀ ထွက်မှ ၂၇၀၀၀၀ရမယ်ဗျာ၊ အဲ့ဒီိနူန်းအောက်လျော့ရင် သေပြီပဲ။မနှစ်ကဆို ၄၀ ပဲထွက်တယ်။ ငွေအတိုးနဲ့ လယ်လုပ်ရတာရှိတယ်၊…

Read More

ကသာမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ယောက် ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိဘူးဆိုပြီး နူတ်ထွက်စာတင်

အောက်တိုဘာ ၊ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ယောက်ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုမရှိတာကြောင့်ဆိုပြီး မနေ့ အောက်တိုဘာ ၄ ရက်က အလုပ်တာဝန်ကနေ နူတ်ထွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို စာတင်ပြထားတာဖြစ်တယ်လို့ ကသာနယ်ခံတွေက ပြောပါတယ်။   ကသာမြို့နယ်ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတဦးက” ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ အလုပ်ထွက်စာတင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ထွေအုပ်/ဝန်ထမ်းတွေကတော့ အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြသိန်း ၊ အင်းကြီးအုပ်စုက ဦးမောင်ထွန်း ၊ ဝက်တူးအုပ်စုက ဦးစိုးခိုင် ၊ ကျောက်ထုံးကြီး အုပ်စုက ဦးမန်းတင် ၊ ငါးတဲအုပ်စုက ဦးထွန်းလှ ၊ ပုလွေရွှေအုပ်စုက ဦးမန်းထွန်း၊ ကူးတာအုပ်စုက ဦးဇော်လွင် ၊ ဘွက်အုပ်စုက ဦးမောင်ထွေး ၊ စကားကုန်းအုပ်စုက ဦးမြင့်စိုး၊…

Read More

နေပြည်တော်ရှိ လဝက ဝန်ထမ်းကြိုပို့ယာဉ် ဗုံးပစ်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၅-၂၀၂၁ KT(VOM)   နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊သုခသိဒ္ဓိရပ်ကွက်၊ရတနာဒီပ (၇)လမ်းနှင့်ရတနာဒီပ(၆)လမ်းဆုံမှာ ရပ်ထားတဲ့ လဝကဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက လက်လုပ်ဗုံးပစ်ပေါက်ခံခဲ့ရတယ်လို့ သိရပါတယ်။   ဝန်ထမ်းကြိုပို့ယာဉ် ဘယ်ဘက်ခြမ်း ရှေ့ဘီးကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ ဓာတ်ခဲအခွံ၊ ပလတ်စတစ်အိတ်အစတွေ တွေ့ရှိခဲ့တယ်လို့ သိရပြီး ကားရှေ့ကားဘီးဘေး ဆေးပွန်းတာပဲ ထိခိုက်တယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM #နေပြည်တော်

Read More

“လုံခြုံဘေးကင်းတဲ့ အစားအစာတွေ စားသုံးနိုင်ဖို့ ဆိုရင်…”

‌သွေး (စစ်ကိုင်း)   လူသားတို့ရဲ့ နေ့စဉ်လူနေမှု ဘဝမှာ “စား, ဝတ်, နေ” ဆိုတဲ့ အရေး ၃ ပါး ရှိနေပြီး ‘စားသောက်ရေး’ က ထိပ်ဆုံးက ပါဝင်နေပါတယ်။ အသက်ရှင်ဖို့ ကျမတို့ အစားအစာတွေ စားသောက်နေရပေမယ့် ဒီအစားအစာတွေက စိတ်ချရရဲ့လား? စဉ်းစားစရာပါ။ ဈေးကွက်ထဲကို ရောက်ရှိနေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ ပါပဲ။   လောဘတက်နေတဲ့ အစားအစာထုတ်လုပ်သူတချို့ဟာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတွေကို လိုက်နာခြင်း မရှိကြပါဘူး။ မြို့ပြမှာ သောက်သုံးနေကြတဲ့ ရေသန့်ဘူးတွေဟာ တံဆိပ်အမျိုးမျိုးနဲ့ ထွက်ပေါ်လာနေသလို FDA ရဲ့ ထောက်ခံချက် မပါဘဲ ထုတ်လုပ်နေကြသူတွေ ရှိနေတာကို ရှောင်တခင် စစ်ဆေးမှုတွေအရ သိရပါတယ်။   နောက်တစ်ချက်က ရေသန့်ဘူးတွေကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့…

Read More

ဒေါ်အောင်ဆန်းစုကြည်တို့ရုံးချိန်း (၂)ပတ် တကြိမ်သာစစ်ဆေးဖို့ ထပ်မံလျှောက်ထား

နေပြည်တော်၊ အောက်တိုဘာ ၅-၂၀၂၁ KT(VOM)   နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်တို့ကိုရုံးထုတ်စစ်ဆေးခဲ့ပါတယ်။   “ဒီကနေ့ နှစ်မှုပေါ့ဗျာ ဒေါ်အောင်ဆန်းစုကြည်အမှု(၂)မှုပေါ့နော် ပထမ ၅၀၅-ခ နဲ့ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်တို့ကိုစွဲထားတဲ့ ၅၀၅-ခ အမှုကိုစပြီးခေါ်ပါတယ်၊အဲဒီအမှုမှာကျွန်တော်တို့ဘက်က ခံပြသက်သေတင်ဖို့ကိစ္စပါ..ဒါပေမယ့်ကျွန်တော်တို့ဘက်က ခံပြစာရင်းသီးခြားမတင်တော့ပါဘူး၊ ဒါကြောင့် စွပ်စွဲခံရသူတွေကို ရုံးချိန်းတချိန်းစီစစ်ဖို့ ရုံးက ၁၂ ရက်နေ့မှာ စွပ်စွဲခံရသူ ၁ ကိုသက်သေအဖြစ် အစစ်ခံရပါမယ်၊ ၂၆ ရက်နေ့ရောက်ရင်စွပ်စွဲခံရသူ ၂ ကို သက်သေအဖြစ်စစ်ဖို့ပြောပါတယ်၊”လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။   တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က” ၂.၁၁.၂၀၂၁ နေ့မှာတော့ စွပ်စွဲခံရသူ(၃)ဦးကို စစ်ပါမယ်၊ အဲ့ဒီလိုစီစဥ်ပြီး ဒါကစွပ်စွဲခံရသူတွေဘက်ကစီစဥ်တဲ့ CMP ပါ၊ ပြီးတော့ မနေ့ကလိုပဲ ဒီအမှုတွေကို တပါတ်ခြားတခါ စစ်ဆေးပေးဖို့ လျှောက်လွှာတင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတင်တာပေါ့နော်၊ လျှောက်လွှာတင်တော့ ရုံးက လာမယ့်ရုံးချိန်း ၁၂…

Read More

မြန်မာ့အရေးဆောင်ရွက်ချက် အာဆီယံစိတ်ပျက်၊ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုဖယ်ထုတ်နိုင်တယ်လို့ သတိပေး

ဂျကာတာ၊ အောက်တိုဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ရလဒ်မျိုးမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း တစုံတရာတုံ့ပြန်မှုမရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြန်မာအာဏာပိုင်တွေရဲ့ လု်ပဆောင်ချက်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုက အောက်တိုဘာ ၄ ရက်ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်းအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီကိစ္စတွေကို သူတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း တင်ပြသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီက ပြောပါတယ်။   မြန်မာနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းဆန်မယ်ဆိုရင် ယခုလမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို ဖယ်ထုတ်နိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း သတိပေးပြောဆိုလိုက်ပါတယ်။   ဩဂုတ်လအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တဲ့ ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ယူဆွတ်ဖ်နဲ့ မြန်မာတာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် မလေးရှားနိုင်ငံက စိတ်ပျက်မိတယ်လို့ သူကဆိုပါတယ်။   အထူးသံတမန်ဟာ…

Read More

ထိုင်ဝမ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ်အစင်း ၁၅၀ နီးပါးထိ စံချိန်တင်ဝင်ရောက်

တိုင်ပေ၊ အောက်တိုဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ်များ စံချိန်တင်ဝင်ရောက်ပြီးနောက် တာဝန်မဲ့ရန်လိုတဲ့ လုပ်ရပ်တွေရပ်တန့်ဖို့ တရုတ်နိုင်ငံကို ထိုင်ဝမ်ကတိုက်တွန်းလိုက်ပါတယ်။   အောက်တိုဘာ ၄ ရက်မှာ ထိုင်ဝမ်လေပိုင်နက်အတွင်းကို တရုတ်လေယာဉ်တွေဝင်ရောက်မှုဟာ လေးရက်မြောက်နေ့ဖြစ်ပြီး အဲဒီရက်တွေအတွင်း စစ်လေယာဉ်ပေါင်း ၁၅၀ နီးပါးဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။   တရုတ်နိုင်ငံ၏ ဂျေ-၁၆ တိုက်လေယာဉ် ၃၄ စင်းနဲ့ နျူကလီးယားသယ်ဆောင်နိုင်တဲ့ အိပ်ချ်-၆ ဗုံးကြဲလေယာဉ် ၁၂ စင်းတို့ဟာ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းအနီးသို့ အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်စစ်ဘက်က အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။   ထိုင်ဝမ်ကျွန်းရဲ့ အမျိုးသားနေ့မတိုင်မီ ထိုင်ဝမ်သမ္မတကိုသတိပေးမှုအဖြစ် စစ်လေယာဉ်တွေ အများအပြား ဝင်ရောက်ပျံသန်းတာဖြစ်နိုင်ကြောင့် လေ့လာသူအချို့က သုံးသပ်ပြောဆိုပါတယ်။   တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ်…

Read More

အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူတိုင်းကို အစိုးရက လျော်ကြေးပေးမယ်

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတိုင်းအတွက် လျော်ကြေးငွေအဖြစ် ၆၇၄ ဒေါ်လာပေးအပ်ဖို့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို အိန္ဒိယအထူးတရားရုံးချုပ်က အောက်တိုဘာ ၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။   အိန္ဒိယနိုင်ငံရဲ့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတွေအရ လျော်ကြေးရရှိဖို့ ရှေ့နေတွေက အသနားခံစာ တရပ်တင်သွင်းပြီးနောက် အထူးတရားရုံးချုပ်က လျော်ကြေးငွေပေးဖို့ အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။   နိုင်ငံတွင်းမှာ လက်ရှိအချိန်ထိ လူပေါင်း ၄၄၇၀၀၀ ဦး ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ တရားဝင်မှတ်တမ်းတင်ထားပေမယ့်လည်း သေဆုံးသူအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းတွေထက် ၁၀ ဆပိုများနိုင်ကြောင်း ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။   လျော်ကြေးကို သေဆုံးသူတွေရဲ့ မိသားစုဝင်သို့မဟုတ် ဆွေးမျိုးသားချင်းတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ တရားရေးဝန်ကြီး အမ်အာရှာဟ်က အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။   အဲဒီလျော်ကြေးတွေကို မိသားစုကလျှောက်လွှာတင်ပြီးနောက်…

Read More
VOM News

FREE
VIEW