ဒေါ်အောင်ဆန်းစုကြည်တို့ရုံးချိန်း (၂)ပတ် တကြိမ်သာစစ်ဆေးဖို့ ထပ်မံလျှောက်ထား

နေပြည်တော်၊ အောက်တိုဘာ ၅-၂၀၂၁
KT(VOM)
 
နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်တို့ကိုရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
 
“ဒီကနေ့ နှစ်မှုပေါ့ဗျာ ဒေါ်အောင်ဆန်းစုကြည်အမှု(၂)မှုပေါ့နော် ပထမ ၅၀၅-ခ နဲ့ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်တို့ကိုစွဲထားတဲ့ ၅၀၅-ခ အမှုကိုစပြီးခေါ်ပါတယ်၊အဲဒီအမှုမှာကျွန်တော်တို့ဘက်က ခံပြသက်သေတင်ဖို့ကိစ္စပါ..ဒါပေမယ့်ကျွန်တော်တို့ဘက်က ခံပြစာရင်းသီးခြားမတင်တော့ပါဘူး၊ ဒါကြောင့် စွပ်စွဲခံရသူတွေကို ရုံးချိန်းတချိန်းစီစစ်ဖို့ ရုံးက ၁၂ ရက်နေ့မှာ စွပ်စွဲခံရသူ ၁ ကိုသက်သေအဖြစ် အစစ်ခံရပါမယ်၊ ၂၆ ရက်နေ့ရောက်ရင်စွပ်စွဲခံရသူ ၂ ကို သက်သေအဖြစ်စစ်ဖို့ပြောပါတယ်၊”လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
 
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က” ၂.၁၁.၂၀၂၁ နေ့မှာတော့ စွပ်စွဲခံရသူ(၃)ဦးကို စစ်ပါမယ်၊ အဲ့ဒီလိုစီစဥ်ပြီး ဒါကစွပ်စွဲခံရသူတွေဘက်ကစီစဥ်တဲ့ CMP ပါ၊ ပြီးတော့ မနေ့ကလိုပဲ ဒီအမှုတွေကို တပါတ်ခြားတခါ စစ်ဆေးပေးဖို့ လျှောက်လွှာတင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတင်တာပေါ့နော်၊ လျှောက်လွှာတင်တော့ ရုံးက လာမယ့်ရုံးချိန်း ၁၂ ရက်နေ့ကျရင်အမိန့်ချမယ်လို့ ပြောပါတယ်၊ အဲ့ဒါက တစ်မှုပြီးပါတယ်။နောက်တစ်မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီက သဘာဝဘေးအန္တရာယ် ၂၅ နဲ့စွဲထားတဲ့အမှုပါ၊ အဲဒီအမှုက သက်သေဦးမြင့်နိုင်ဆိုတဲ့ ပုဂ္ဂိုလ်မလာပါဘူး၊မလာလို့ တရားရုံးက တရားလိုဘက်ကိုမေးပါတယ်၊ သက်သေမလာတာကြာပြီ ဒီသက်သေကို ပယ်မလားဆိုပြီးမေးပါတယ်၊တရားလိုဘက်က မပယ်ဘူးပြောပါတယ်၊ဒီတော့ ကျွန်တော်တို့ဘက်က ရုံးချိန်းတာတွေကြာပြီ ဒါကြောင့် သက်သေကိုပယ်ပေးဖို့ ကျွန်တော်တို့ဘက်က တင်ပြပါတယ်၊ တရားရုံးကတော့ သက်သေကိုပယ်တာတော့မဟုတ်ဖူး။ လုပ်ထုံး၊လုပ်နည်းအရ သက်သေကိုမစစ်ဘဲနဲ့ ရှိပြီးသားတရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေအပေါ်မှာပဲ၊ .စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ပေးဖို့ အမိန့်ချပါတယ်၊ အဲ့ဒီလျှောက်လဲချက် ၁၂ ရက်နေ့ကျရင်လျှောက်လဲချက်ပေးရပါမယ်၊ဒီနေ့ကတော့ ဒီလောက်ပါဘဲ၊ ဒီနေ့တော့ ဒီနှစ်မှုထဲပါ ထူးခြာမှုမရှိပါဘူး”လို့ ပြောပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW