နေပြည်တော် ထွေ/အုပ် ဦးစီးအရာရှိတဦးရဲ့ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့

နေပြည်တော်၊ အောက်တိုဘာ ၆-၂၀၂၁
KT(VOM)
 
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာမှာနေတဲ့ ထွေ/အုပ်ဦးစီးအရာရှိတဦးရဲ့ ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။
 
110တရုတ်ဆိုင်ကယ်ရှေ့‌ဖောက်ကြားမှာ အိပ်အမဲကို တိတ်အနီးနဲ့ ပတ်ထားတဲ့ အထုပ်(၁)ထုပ်တွေ့တယ်ဆိုတာကို သက်ဆိုင်ရာဆီသတင်းပို့လို့ လာရောက်စစ်ဆေးရာမှာတော့ အမြင့် ၄ လက်မ၊အချင်း ၁ လက်မခွဲခန့်ရှိငါးသေတ္တာဗူးအတွင်း သဲများထည့်ပြီး ပလက်စတစ်အိပ်မဲနဲ့ထုပ်ကာ အဝတ်ကြိုးစအဖြူ၊တိပ်အနီးတို့နဲ့ ပတ်ထားသည်ကိုတွေ့ရှိရတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
မျက်မြင်တွေ့ရသူ တဦးကတော့”ဗုံးတုပါ..တိတ်နဲ့ပတ်ထားတဲ့အထုတ်လေးပါ၊ တာဝန်ရှိသူတွေ လာစစ်တော့ဗုံးတုလို့ပြောသံကြားရပါတယ်”လို့ VOM ကိုပြောပါတယ်။
 
မနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းကလည်း နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသ်ိဒ္ဓိရပ်ကွက်မှာလည်း လမမးဘေးရပ်ထားတဲ့ လ.ဝ.က ဝန်ထမ်းကြိုပို့ပို့ယာဉ် လက်လုပ်မိုင်းပစ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW