မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတဲ့အခမ်းအနား

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၁ KK(VOM)   မြန်မာနိူင်ငံကမ်းခြေစောင့်တပ်ဖွဲ့စည်းခြင်းနဲ့ စစ်တပ်ရေယာဥ်လွှဲပြောင်းပေးခြင်းတပ်တော်ဝင်အခမ်းအနားကို ဒီကနေ့ နေ့လယ်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ ပြုလုပ်ခဲ့ပါတယ်။   အဲ့ဒီအခမ်းအနားမှာ တပ်မတော်(ရေ)မှ စစ်ရေယာဥ် ၉ စီးနဲ့ တပ်မတော်(လေ)မှ ရဟတ်ယာဥ် ၉စီးတို့က အမြောက်ပစ်တာတွေ နဲ့ ချီတက်မောင်းနှင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။   မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်တဲ့ စစ်ရေယာဉ် ၄ စင်းမှာ ၄၅ မီတာနှင့်၄၇ မီတာရှိ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်၂ စင်းနဲ့ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ၂ စင်းတို့ဖြစ်တယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM #ရန်ကုန် #မြန်မာနိုင်ငံ #ကမ်းခြေစောင့်တပ်ဖွဲ့  

Read More

လှည်းတန်းက ကွန်ဒိုတခုမှာ ဗုံးပေါက်မှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့

အောက်တိုဘာ ၆-၂၀၂၁ GH ( VOM )   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊လှည်းတန်းရှိ စန္ဒာမြိုင်ကွန်ဒိုက တိုက်ခန်းတစ်ခန်းမှာ မနေ့ အောက်တိုဘာ ၅ရက် ည ၉ နာရီခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသား(၁)ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကသိရပါတယ်။   ” သိရသလောက်ကတော့ ဗုံးစတွေမှန်ပြီး ခြေပြတ်လက်ပြတ်ဖြစ်ပြီး မျက်စိလည်းကျွတ်တယ်လို့သိရပါတယ်၊ ပေါက်သွားတာကတော့ ကမာရွတ်၊ ၈ရပ်ကွက်၊ စန္ဒာမြိုင်ကွန်ဒို၊ ၇လွှာက တိုက်ခန်းတစ်ခုပါ၊ ဗုံးစမ်းရင်း ပေါက်တာလို့လည်းကြားသလို လက်ဆောင်ထုတ်ကနေပေါက်တာဆိုပြီး သတင်းတွေအမျိုးမျိုးထွက်နေတယ်။ သေချာတော့ မသိရသေးဘူး။ဆုံးတာက အိမ်ထောင်ဦးစီးပါ ” လို့ ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့သလို လှည်းတန်းလမ်းတလျှောက်မှာလည်း အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   နောက်ပြီး…

Read More

ခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး အယောက်၂၀နီးပါး နှုတ်ထွက်

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၀၂၁ KK(VOM)   ခရမ်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူး အယောက်၂၀ နီးပါး ဒီကနေ့မှာ နှုတ်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ခရမ်းမြို့နယ်မှာရှိတဲ့ (PDF Khayan)က အုပ်ချုပ်ရေးမှူးတွေနူတ်ထွက်ဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် အခုလို တာဝန်ကနေနှုတ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   “အချို့အုပ်ချုပ်ရေးမှူးတွေက အရင်ကတည်းက နှုတ်ထွက်ထားတာပါ၊ စာမတင်ရသေးတာပဲ ရှိတာ၊ ဒီနေ့တရားဝင်စာတင်တာ အယောက် ၂၀ရှိတယ်”လို့ သူကပြောပါတယ်။   နှုတ်ထွက်ခဲ့တဲ့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ အမှတ် (၁)ရပ်ကွက်၊အမှတ် (၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်၊အမှတ် (၄)ရပ်ကွက်၊အမှတ် (၅) ရပ်ကွက်၊အမှတ် (၆)ရပ်ကွက်၊အမှတ် (၇)ရပ်ကွက်၊အမှတ် (၈) ရပ်ကွက်၊အမှတ် (၉)ရပ်ကွက်၊အမှတ် (၁၀)ရပ်ကွက်၊အမှတ် (၁၁)ရပ်ကွက်၊အမှတ် (၁၂) ရပ်ကွက်၊ ကွမ်းမိုးဒိန်းရပ်ကွက်၊ကရင်စုကျေးရွာ၊ကြာကန်ကျေးရွာ၊ကရင်ကန်ကျေးရွာ၊ကန်ညီနောင်ကျေးရွာ၊မက်ကသန်ကျေးရွာ၊ကျွဲတလင်းကျေးရွာ၊ပျဥ်းမကုန်းကျေးရွာ တို့ပဲဖြစ်ပါတယ်။   ခရမ်းမြို့နယ်မှာ ကျေးရွာပေါင်း ၅၆…

Read More

၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကို တရုတ်ကအပြည့်အ၀ ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

တိုင်ပေ၊ အောက်တိုဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကိုအပြည့်အ၀ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက အောက်တိုဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံဟာ ယခုလ ပထမလေးရက်ဆက်တိုက် ထိုင်ဝမ်လေပိုင်နက်ထဲကို စစ်လေယာဉ် ၁၅၀ နီးပါးထိ စေလွှတ်ခဲ့ပါတယ်။   ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ နောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားအခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က ထိုင်ဝမ်ပါလီမန်မှာ အောက်တိုဘာ ၆ ရက်ကပြောပါတယ်။   တရုတ်နိုင်ငံဟာ သူ့ရဲ့တွက်ချက်ထားတဲ့အခြေအနေတခုအောက်မှာ ထိုင်ဝမ်ကိုကျူးကျော်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်သူတွေကလည်း သုံးသပ်ပြောဆိုထားပါတယ်။   ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်နဲ့တန်ကြေးကို အနိမ့်ဆုံးအဆင့် လုပ်ဆောင်ပြီး ထိုင်ဝမ်ကို အပြည့်အ၀ကျူးကျော်ဖို့အသင့်ဖြစ်လိမ့်မယ်လို့ Chiu Kuo-cheng ကပြောပါတယ်။   တရုတ်နိုင်ငံရဲ့စစ်ရေးဖိအားတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ်ဟာ သူ့ရဲ့လက်နက်တပ်ဆင်မှုတွေကို…

Read More

တောင်ဒဂုံ၊ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲပြီး ရာအိမ်မှူးတဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်၊ ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းထောင့်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဒီကနေ့မနက် ၇နာရီက ဗုံးပေါက်ကွဲခဲံပြီး ရာအိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ကန်သာယာလမ်းမှာနေထိုင်သူတဦးက “ရုံးဆိုင်းဘုတ်အောက်က အိတ်အမဲနဲ့ထုတ်ထားတဲ့ အထုတ်ကို မသင်္ကာလာလို့ဆိုပြီး တုတ်နဲ့ထိုးကြည့်ရင်း ဗုံးထပေါက်တာ၊ သေလား ရှင်လားတော့မသိဘူး၊ ရာအိမ်မှူးတဦးထိတယ်လို့ကြားတယ်၊ လူနာတင်ယာဥ်တွေလာတာတွေ့တယ်”လို့ ပြောပါတယ်။   ဒဏ်ရာရရှိသူဟာ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးစောသန်းဆိုသူဖြစ်ပြီး စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ၂၄ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးအနီး ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်မှာရှိတဲ့ UAB BANK စက်မှုဇုန်ဘဏ်ခွဲကို စက်တင်ဘာလ ၃ရက်နေ့ ညနေပိုင်းက ဓားပြတိုက်ဖို့ပြုလုပ်တဲ့သူတွေက တံခါးဖွင့်မပေးတဲ့ လုံခြုံရေးဝန်ထမ်းကို…

Read More

နေပြည်တော် ထွေ/အုပ် ဦးစီးအရာရှိတဦးရဲ့ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့

နေပြည်တော်၊ အောက်တိုဘာ ၆-၂၀၂၁ KT(VOM)   နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာမှာနေတဲ့ ထွေ/အုပ်ဦးစီးအရာရှိတဦးရဲ့ ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။   110တရုတ်ဆိုင်ကယ်ရှေ့‌ဖောက်ကြားမှာ အိပ်အမဲကို တိတ်အနီးနဲ့ ပတ်ထားတဲ့ အထုပ်(၁)ထုပ်တွေ့တယ်ဆိုတာကို သက်ဆိုင်ရာဆီသတင်းပို့လို့ လာရောက်စစ်ဆေးရာမှာတော့ အမြင့် ၄ လက်မ၊အချင်း ၁ လက်မခွဲခန့်ရှိငါးသေတ္တာဗူးအတွင်း သဲများထည့်ပြီး ပလက်စတစ်အိပ်မဲနဲ့ထုပ်ကာ အဝတ်ကြိုးစအဖြူ၊တိပ်အနီးတို့နဲ့ ပတ်ထားသည်ကိုတွေ့ရှိရတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။   မျက်မြင်တွေ့ရသူ တဦးကတော့”ဗုံးတုပါ..တိတ်နဲ့ပတ်ထားတဲ့အထုတ်လေးပါ၊ တာဝန်ရှိသူတွေ လာစစ်တော့ဗုံးတုလို့ပြောသံကြားရပါတယ်”လို့ VOM ကိုပြောပါတယ်။   မနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းကလည်း နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသ်ိဒ္ဓိရပ်ကွက်မှာလည်း လမမးဘေးရပ်ထားတဲ့ လ.ဝ.က ဝန်ထမ်းကြိုပို့ပို့ယာဉ် လက်လုပ်မိုင်းပစ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #နေပြည်တော်

Read More

ဝမ်တိမ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်ဘက်က ပြန်လွှတ်နေ

အောက်တိုဘာလ ၆-၂၀၂၁ Shy V(VOM)   မြန်မာ – တရုတ်နယ်စပ် ဝမ်တိန်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစပြီး တရုတ်ဘက်က ပြန်လွှတ်နေပြီလို့ ဝမ်တိန်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။   “မနေ့က မထွက်ခိုင်းဘူး။ နှစ်နိုင်ငံလွှဲပြောင်း။ နန်းတော်ပေါက်က ပို့တာ။ တစ်ရက်ကို လူ ၂၀၀ လောက်ပို့မှာ။ ကနေ့ထွက်မှာ လူ ၂၀၀ တောင် မကဘူး။ ဆိုင်ကယ်တွေနဲ့ရောဆိုရင် ၃၀၀ ကျော်မယ်။ ပြန်ရမယ့်သူတွေက ၆၀၀ လောက်ရှိတယ်။ ၂ရက် ၃ ရက်လောက်ပို့ရမှာ။” လို့ ဝမ်တိန်မှာ နေထိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။   ပြန်လာမယ့် စာရင်းမှာ ပါဝင်နေသူ အမျိုးသား ၁ ဦးကလည်း “ပြန်ရပြီ။ ဘာမှ…

Read More

လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းတာကြောင့် လူနာတင်ယာဥ်တွေ ဟုမ္မလင်းမြို့ပေါ် မသွားရဲ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ထဲကို လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က အမိန့်ထုတ် ကြေငြာပြီးနောက်ပိုင်း ကျေးရွာတွေက လူနာတင်ယာဥ်တွေဟာ အရေးကြီး လူနာတွေကို ဟုမ္မလင်းမြို့ပေါ်က ကုတင် ၁ ရာ ဆေးရုံဆီကို သွားရောက်ပို့ဆောင်ပေးတာတွေ မလုပ်ရဲတာကြောင့် လူမှုကူညီရေး လုပ်ငန်း တချို့ နားထားရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။   ” ရွာတိုင်းမှာတော့ လူနာတင်ယာဥ်မရှိဘူး ၊ သုံး လေး ရွာပေါင်းပြီး လူနာတင်ယာဥ် ၁ စီး ၂ စီး ဝယ်ကြတာတော့ရှိတယ် ၊ ရွာတွေဆိုတော့ ငွေကြေးမတတ်နိုင်တာက များတော့ လိုင်စင်ကား မသုံးနိုင်ကြဘူး ၊ ခရီးရောက်ရင်ပြီးရောဆိုပြီး မြန်ကောင်း…

Read More

သီလဝါစစ်ဆေးရေးဂိတ် ပေါက်ကွဲမှု သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေရှိခဲ့သလို လိူင်မြို့နယ်မှာလည်း ဧည့်စာရင်းစစ်ရင်း ၁၀ ဦးဖမ်းခံရ

အောက်တိုဘာ ၆-၂၀၂၁ GH ( VOM )   ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ အောက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ မနေ့က အောက်တိုဘာ ၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ သေဆုံးသူ နဲ့ ဒဏ်ရရာသူတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။   အဲ့ဒီ ပေါက်ကွဲမှုအပြီးမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။   ” မနက် ၉ နာရီလောင်မှာ ပေါက်ကွဲတာပေါ့။ ဖြစ်ပြီးသိရတာတော့ စစ်တပ်နဲ့ရဲဘက်က ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ကြားတယ်။ အတိကျတော့ မသိနိုင်ပါဘူး။ဖြစ်ပြီးကတည်းက သန်လျင်တမြို့လုံး ပိတ်ဆို့စစ်ဆေးနေတာ။ နောက်ပြီး ညနေလည်းဗုံးထပ်ပေါက်သေးတယ်။ သီလဝါကို ကာချုပ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလိုလုပ်တာဖြစ်မယ်၊ TLPDF ကလုပ်တာလို့တော့သတင်းတွေ့တယ်၊ အဝေးထိမ်းမိုင်းနဲ့ခွဲတာလို့ ကြားတယ်၊ ” လို့…

Read More

န်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကလွဲပြီး ကျန်ပစ္စည်းတင်သွင်းခွင့်မပြုတော့

မြ အောက်တိုဘာ ၆၊ ၂၀၂၁ Shy V (VOM)   မြန်မာ – တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဂိတ်ပေါက်ကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစတင်ကာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းတွေကလွဲပြီး အခြားကုန်ပစ္စည်းတွေကို တင်သွင်းခွင့်မပြုတော့ကြောင်း မနေ့အောက်တိုဘာ ၄ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။   “မြန်မာပြည်နဲ့ တရုတ်ပြည်ကုန်သွယ်ရေးမှာ ဒီတစ်ပေါက်ပဲ ကျန်တာကို ထပ်ပိတ်လိုက်တဲ့အတွက်ကြောင့် တရုတ်နဲ့ မြန်မာနဲ့ ကုန်သွယ်ရေးကတော့ လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားမှာ ရှိပါတယ်။ အစည်းဝေးခေါ်ပြီးနောက် ၆ ရက်နေ့ကစပြီး ကျန်းမာရေးပစ္စည်းကလွဲပြီး ကျန်တဲ့ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ဘူး ဆိုပြီးတော့ စာထွက်လာပါတယ်ဗျ” လို့ ကုန်သည်တဦးက ပြောပါတယ်။   လက်ရှိ တရုတ်နိုင်ငံဘက် ကုန်တင်ပို့မယ့် မြန်မာကုန်တွေ ဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်းတွေ…

Read More
VOM News

FREE
VIEW