၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကို တရုတ်ကအပြည့်အ၀ ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

တိုင်ပေ၊ အောက်တိုဘာ-၆-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကိုအပြည့်အ၀ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက အောက်တိုဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
တရုတ်နိုင်ငံဟာ ယခုလ ပထမလေးရက်ဆက်တိုက် ထိုင်ဝမ်လေပိုင်နက်ထဲကို စစ်လေယာဉ် ၁၅၀ နီးပါးထိ စေလွှတ်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ နောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားအခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က ထိုင်ဝမ်ပါလီမန်မှာ အောက်တိုဘာ ၆ ရက်ကပြောပါတယ်။
 
တရုတ်နိုင်ငံဟာ သူ့ရဲ့တွက်ချက်ထားတဲ့အခြေအနေတခုအောက်မှာ ထိုင်ဝမ်ကိုကျူးကျော်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်သူတွေကလည်း သုံးသပ်ပြောဆိုထားပါတယ်။
 
၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်နဲ့တန်ကြေးကို အနိမ့်ဆုံးအဆင့် လုပ်ဆောင်ပြီး ထိုင်ဝမ်ကို အပြည့်အ၀ကျူးကျော်ဖို့အသင့်ဖြစ်လိမ့်မယ်လို့ Chiu Kuo-cheng ကပြောပါတယ်။
 
တရုတ်နိုင်ငံရဲ့စစ်ရေးဖိအားတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ်ဟာ သူ့ရဲ့လက်နက်တပ်ဆင်မှုတွေကို အဆင့်မြင့်တင်နေပြီး လာမယ့်ငါးနှစ်အတွက် အထူးဘက်ဂျက်ခွဲဝေမှုအဖြစ် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံကို တောင်းခံထားပါတယ်။
 
တရုတ်နိုင်ငံဟာ နျူကလီးယားရေငုပ်သင်္ဘောတွေနဲ့ ဒုံးခွင်းဒုံးစနစ်တွေကို တခုပြီးတခုဖြန့်ကြက်ပြီး ၂၀၂၅ ခုနှစ်ကစပြီး ရေလက်ကြားကို ပိုမိုပိတ်ဆို့လာနိုင်တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေကပြောပါတယ်။
 
Ref : NHK
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW