သီလဝါစစ်ဆေးရေးဂိတ် ပေါက်ကွဲမှု သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေရှိခဲ့သလို လိူင်မြို့နယ်မှာလည်း ဧည့်စာရင်းစစ်ရင်း ၁၀ ဦးဖမ်းခံရ

အောက်တိုဘာ ၆-၂၀၂၁
GH ( VOM )
 
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ အောက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ မနေ့က အောက်တိုဘာ ၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ
သေဆုံးသူ နဲ့ ဒဏ်ရရာသူတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲမှုအပြီးမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။
 
” မနက် ၉ နာရီလောင်မှာ ပေါက်ကွဲတာပေါ့။ ဖြစ်ပြီးသိရတာတော့ စစ်တပ်နဲ့ရဲဘက်က ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ကြားတယ်။ အတိကျတော့ မသိနိုင်ပါဘူး။ဖြစ်ပြီးကတည်းက သန်လျင်တမြို့လုံး ပိတ်ဆို့စစ်ဆေးနေတာ။ နောက်ပြီး ညနေလည်းဗုံးထပ်ပေါက်သေးတယ်။ သီလဝါကို ကာချုပ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလိုလုပ်တာဖြစ်မယ်၊ TLPDF ကလုပ်တာလို့တော့သတင်းတွေ့တယ်၊ အဝေးထိမ်းမိုင်းနဲ့ခွဲတာလို့ ကြားတယ်၊ ” လို့ သန်လျင်ဒေသခံကပြောပြပါတယ်။
 
ဒါ့အပြင် ညပိုင်းမှာလည်း သန်လျင် ကညန ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို၊ ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံက ဆိုပါတယ် ။
 
မနေ့က အောက်တိုဘာလ ၅ ရက်နေ့ညက လှိုင်မြို့နယ်မှာလည်း ဧည့်စာရင်းဝင်စစ်ဆေးရင်း ရပ်ကွက်နေထိုင်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
 
” သီရိမြိုင် ၂ လမ်းမှာ ၁၁ လောက်ထဲက ရောက်လာပြီး ဧည့်စာရင်းစစ်တယ် ။ ၁၂ ခွဲလောက်မှာပြန်ထွက်သွားတယ်။ ကျနော်သိတာတင် မိန်းမ ၁ ယောက်နဲ့ ယောက်ျား ၇ ယောက် ရှိတယ်။သိရတာတော့ ၁၀ ယောက်ပါသွားတယ်ကြားတယ်။စစ်တာ တလမ်းလုံးစစ်တယ်။မဖွင့်ရင် တံခါကိုကန်တယ်။ စစ်ပီးရင်အထဲဝင်နေခိုင်းတာ ထွက်မကြည့်ရဘူးပြောတယ် ” လို့ ရပ်ကွက်နေထိုင်သူကပြောပြပါတယ်။
 
ရွှေပြည်သာမြို့နယ် ၊ ၁၅ ရပ်ကွက်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ဆယ်အိမ်မှူး ဦးထွန်းလင်းကျော်ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ နေ့စဉ်ပေါက်ကွဲမှုတွေရှိနေပြီး သေဆုံးသူတွေ ၊ ဒဏ်ရာရသူတွေ၊ ဖမ်းခံရသူတွေရှိနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်တိုင်းဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW