လှည်းတန်းက ကွန်ဒိုတခုမှာ ဗုံးပေါက်မှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့

အောက်တိုဘာ ၆-၂၀၂၁
GH ( VOM )
 
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊လှည်းတန်းရှိ စန္ဒာမြိုင်ကွန်ဒိုက တိုက်ခန်းတစ်ခန်းမှာ မနေ့ အောက်တိုဘာ ၅ရက် ည ၉ နာရီခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသား(၁)ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကသိရပါတယ်။
 
” သိရသလောက်ကတော့ ဗုံးစတွေမှန်ပြီး ခြေပြတ်လက်ပြတ်ဖြစ်ပြီး မျက်စိလည်းကျွတ်တယ်လို့သိရပါတယ်၊ ပေါက်သွားတာကတော့ ကမာရွတ်၊ ၈ရပ်ကွက်၊ စန္ဒာမြိုင်ကွန်ဒို၊ ၇လွှာက တိုက်ခန်းတစ်ခုပါ၊ ဗုံးစမ်းရင်း ပေါက်တာလို့လည်းကြားသလို လက်ဆောင်ထုတ်ကနေပေါက်တာဆိုပြီး သတင်းတွေအမျိုးမျိုးထွက်နေတယ်။ သေချာတော့ မသိရသေးဘူး။ဆုံးတာက အိမ်ထောင်ဦးစီးပါ ” လို့ ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့သလို လှည်းတန်းလမ်းတလျှောက်မှာလည်း အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
နောက်ပြီး မနေ့ အောက်တိုဘာ ၅ ရက်နေ့က ကမာရွတ်မြို့နယ်ရှိ ပရဟိသမား တယောက် ဖမ်းဆီးခံခဲ့ရသလို၊ နောက်ထပ် အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက်လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
ရန်ကုန်တိုင်းထဲက ကျန်မြို့နယ်တချို့မှာလည်း မနေ့က ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး သေဆုံးတာ၊ ဒဏ်ရာရတာ၊ ဖမ်းခံရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
ပုံစာ- ကမာရွတ်မှာ ဧည့်စာရင်းစစ်ဆေးနေတဲ့ပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW